ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) ရဲ့ ရန်ကုန်ခရီးစဉ် မှတ်တမ်း
20120402 Ashin Wirathu

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ငါးကျမ်းပြန် သာသနာ့ရိပ်သာတွင် တရားဟောကြားစဉ် (မတ်လ ၂၈ ရက်၊ ၂၀၁၂)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) ဟာ ၂၀၁၂ မတ်လကုန်ပိုင်းက ရန်ကုန်မြို့ကို ကြွရောက်လာခဲ့ကာ သံဃာတော်၊ သီလရှင်နဲ့ ပြည်သူအများအား တရားရေအေး တိုက်ကျွေးခဲ့သလို အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုအား တွေ့ဆုံ အားပေးစကား ပြောကြားခြင်း၊ ၂၀၀၇ သံဃာ့အရေးအခင်းတွင် စစ်တပ်က အင်အားသုံး ဖမ်းဆီးခြင်း ခံရတဲ့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာရံ ကျောင်းတိုက်ဆရာတော်နဲ့ သံဃာတော်များအား ဖူးမြှော် တွေ့ဆုံခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပါတယ်။

တရားဟော ဓမ္မကထိကတဦးဖြစ်ပြီး တရားနာပရိသတ် အထူးနှစ်ခြိုက်တဲ့ ဆရာတော် အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) က သူ့ရဲ့ တရားပွဲအတွင်း ဘုရားနိပတ်တော်လာ အကြောင်းအရာများနဲ့ ဆက်စပ်လျက် နိုင်ငံရေးအကျဉ်းသားများအား စေလွှတ်သင့်ကြောင်း ဟောပြောခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က လာရောက် ဖူးမြှော်ခဲ့စဉ်မှာလည်း နိုင်ငံရေး အကျဉ်းသားများကိစ္စနဲ့ တိုင်းသူပြည်သားများရဲ့ အရေးကိစ္စများနဲ့ ပတ်သက်ပြီး မိန့်ကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
20120402 Ashin Wirathu

ကျေးဇူးရှိသူများအား ကျေးဇူးဆပ်သော ဓမ္မပူဇာသဘင် (မတ်လ ၂၃ - ၂၈ ရက် ၂၀၁၂)

20120402 Ashin Wirathu

တရားပွဲအပြီး ပြန်လည် ကြွချီစဉ်

20120402 Ashin Wirathu

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ငွေကြာရံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးဥတ္တမအား ဂါရ၀ပြု နှုတ်ဆက်စဉ်

20120402 Ashin Wirathu

ငွေကြာရံကျောင်းတိုက် ပဓာန နာယကဆရာတော်ကြီး ဘဒ္ဒန္တ ရေ၀တ မထေရ် (သက်တော် ၇၉ နှစ်) အား ဖူးမြှော် ကြည်ညိုစဉ်

20120402 Ashin Wirathu

၂၀၀၇ သံဃာ့အရေးအခင်းတွင် အကျဉ်းကျခဲ့တဲ့ သံဃာတော်များနဲ့ အတူ

20120402 Ashin Wirathu

ပြစ်ဒဏ် ၅၉ နှစ် ကျခံရပြီး ကလေးမြို့ အကျဉ်းထောင်တွင် ၁၄ နှစ်ကြာ အကျဉ်းကျနေတဲ့ ကိုအေးအောင်ရဲ့ မိဘနှစ်ပါးနှင့် တွေ့ဆုံစဉ်

20120402 Ashin Wirathu

တေရသမ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဦးဣန္ဒာစရိယအား ရှိခိုးနေစဉ်။

20120402 Ashin Wirathu

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် လာရောက် ဖူးမြှော်စဉ်

20120402 Ashin Wirathu

၈၈ မျိုးဆက်ကျောင်းသားများ လာရောက် ဖူးမြှော်စဉ်

20120402 Ashin Wirathu

၈၈ မျိုးဆက်ကျောင်းသားများ လာရောက် ဖူးမြှော်စဉ်

ဓါတ်ပုံသတင်း - အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) - Apr 2 2012 03:46 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005