ဟင်္သာတခရိုင် ဗကသများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်းနဲ့ ဗကသအဖွဲ့ဝင်များအား အာဏာပိုင်များက သတိပေးခြင်း သတင်း
20120401 Student Union - Hinthada

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၂ မတ်လ ၂၉ ရက်နေ့ ညနေ ၆ နာရီက ဟင်္သာတမြို့တွင် ကျင်းပခဲ့ရာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို၊ ဒု - ဥက္ကဋ္ဌ ကိုလင်းထက်နိုင်၊ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ တွဲဘက်အတွင်းရေးမှူး ကိုအောင်ကျော်ကျော်တို့ ပါဝင်တဲ့ အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ ထို အခမ်းအနားကို ဟင်္သာတခရိုင်ရှိ တက္ကသိုလ် ကောလိပ်အသီးသီးက ကျောင်းသားကျောင်းသူ ၅၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဟင်္သာတခရိုင်) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့အား ရွေးချယ် တင်မြှောက်ခဲ့ကာ သက်ဆိုင်ရာပုဂ္ဂိုလ်များက အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။

အခမ်းအနားတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အလံတော်ကို ဟင်္သာတခရိုင် ကျောင်းသားသမဂ္ဂသို့ ပေးအပ်ခဲ့ကာ သွေးသစ္စာသီချင်းအား စုပေါင်း သီဆိုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။ ထို အခမ်းအနားကို ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက် သတင်းယူခဲ့ကြသော်လည်း တစုံတရာ နှောက်ယှက်ခြင်း မပြုခဲ့ကြောင်း သိရပါတယ်။

ဟင်္သာတခရိုင် ကျောင်းသားများ သမဂ္ဂ ဖွဲ့စည်းခြင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အနှောက်အယှက် တစုံတရာ မပြုခဲ့သော်လည်း ပညာရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးသိန်းကြည်က ကျောင်းသားသမဂ္ဂတွင် ပါဝင်တဲ့ ဟင်္သာတ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို မတ်လ ၃၁ ရက်နေ့က ခေါ်ယူကာ တရားမ၀င် အသင်းအဖွဲ့သို့ မ၀င်သင့်ကြောင်း၊ ပညာသင်ကြားမှုကို ထိခိုက်နိုင်တယ်ဆိုတာ သိသင့်ကြောင်း ဥပယ်တမျဉ်နဲ့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဦးမျိုးသိန်းကြည်ဟာ မတ်လ ၃၀ ရက်နေ့တွင် ဟင်္သတမြို့ကို ရောက်လာခဲ့ပြီးနောက် ကျောင်းသားများကို ထိုသို့ ခေါ်ယူ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသးများအား တစုံတရာ ဖိအားပေးမှု မရှိခဲ့ဘဲ ဟင်္သာတ တက္ကသိုလ် ကျောင်းသားများသာ ဖိအားပေးခံရမှု ရှိခဲ့ခြင်းဟာ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစံလင်းကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဘာ့ကြောင့်ဆိုတော့ ဟင်္သာတမြို့တွင် ကျင်းပခဲ့တဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ဖွင့်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တချို့ တက်ရောက်လာတာကို တွေ့ရှိပြီးနောက် ရွှေမင်းသား ဖောင်ဒေးရှင်းရုံးခန်းက ဖွင့်မပေးတော့ဘဲ အခမ်းအနားက ပြန်သွားခဲ့ဘူးကြောင်း၊ ဒါ့ကြောင့် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး အထက်အာဏာပိုင်များ ငြိုငြင်မှာ ကြောက်လန့်တဲ့အတွက် အခုလို ကျောင်းသားတွေရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အထက်အရာရှိများကို တိုင်ကြားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ သို့သော် တိကျခိုင်မာတဲ့ အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။
20120401 Student Union - Hinthada

20120401 Student Union - Hinthada

20120401 Student Union - Hinthada

20120401 Student Union - Hinthada

20120401 Student Union - Hinthada

20120401 Student Union - Hinthada

ဓါတ်ပုံသတင်း - ဗကသများ အဖွဲ့ချုပ် ဟင်္သာခရိုင် - Apr 1 2012 06:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005