ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆန္ဒမဲ ပေး
20120401 Kyaw Thu

နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ဟာ ၂၀၁၂ ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီက သူတို့ ဆန္ဒမဲ ပေးမယ့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲရုံ အမှတ် ၁ ကို ရောက်ရှိလာကာ မဲစာရင်းကို သေချာစွာ စိစစ်ပြီး မဲစာရင်းတွင် မပါဝင်တဲ့ မိသားစုဝင်များရဲ့ အမည်စာရင်းကို ပြန်လည် ထည့်သွင်းရန် သက်ဆိုင်ရာ တာဝန်ကျပုဂ္ဂိုလ်ကို တောင်းဆိုခဲ့သလို မဲစာရင်းတွင် ပါဝင်နေတဲ့ ပြည်ပနိုင်ငံကို ရောက်နေသူ သားနဲ့ သမီးအမည်စာရင်းများကို မဲစာရင်းမှ ပယ်ဖျက်ရန် “ပယ်ဖျက်“ ဆိုတဲ့ တရားဝင် ရေးသားချက်ကို မျက်စိရှေ့မှောက်တွင် မဲရုံဝန်ထမ်းများအား ရေးသားစေခဲ့ကြောင်း၊ ထို့နောက် နိုင်ငံ့အကျိုး၊ ပြည်သူပြည်သားများရဲ့ အကျိုးကို ဆောင်ရွက်မယ်လို့ ယုံကြည်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဆန္ဒမဲပေးခဲ့ကြောင်း သိရှိရပါတယ်။

ဦးကျော်သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်မင်ရင်းနှီးသူတဦး ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အစဉ်တစိုက် ထောက်ခံ အားပေးခဲ့သူ ဖြစ်ပါတယ်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးအတွက် ဖခင်နဲ့ မိသားစုပိုင် အမျိုးသား ရုပ်ရှင် ထုတ်လုပ်ရေးကို ဒေါ်အောင်ဆန်းစုကြည် အမည် လွှဲပြောင်း ပေးအပ်ခဲ့တဲ့အပြင် ရုပ်ရှင်ရိုက်ကူးရေးအတွက် အလှူရှင် ဦးသန်းမောင် (မော်ကွန်းဝင် ပထမအဆင့်) နဲ့ သမီး ဒေါ်လှရီ (ရွှေစင်စင်္ကြာ မိသားစု) တို့ လှူဒါန်းတဲ့ အလှူငွေ ကျပ် သိန်းတထောင်ကို ၂၀၁၂ မတ်လ ၂၃ ရက်နေ့က လှူဒါန်းသူများနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်မှတဆင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဆီ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
20120401 Kyaw Thu

20120401 Kyaw Thu

20120401 Kyaw Thu

20120401 Kyaw Thu

20120401 Kyaw Thu

20120401 Kyaw Thu

ဓါတ်ပုံသတင်း - ဦးကျော်သူ ဒေါ်ရွှေဇီးကွက် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ - Apr 1 2012 12:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005