အနုပညာရှင်များကို သောင်းသောင်းဖြဖြ အားပေးတဲ့ စစ်ကိုင်းမြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထောက်ခံသူများ (၁)
20120329 NLD (Sagaing)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့သူမြို့သားများအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့ကို ရောက်ရှိပြီး မြို့ခံပြည်သူများအား တရင်းတနှီး နှုတ်ဆက်ကာ အမှာစကား ပြောကြားခဲ့တဲ့ အဖြစ်အပျက်ကို တသသနဲ့ တဖွဖွ ပြောနေကြမှာ ဖြစ်သလို ၂၀၁၂ မတ်လ ၂၈ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတ ဖျော်ဖြေပွဲက ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း မကြာခဏဆိုသလို အမှတ်တရ ပြောဆိုနေကြမှာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေး မမှားကြစေဖို့၊ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေရဲ့ နှလုံးသားထဲ အမှန်ဆုံးနဲ့ အမြန်ဆုံးရောက်စေဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖြန့်ချိတဲ့ ဒီလိုလေး ခြစ်တတ်ရင် ရပြီ ပညာပေး ဗီဒီယိုဇာတ်လမ်း တင်ဆက်ပွဲနဲ့ အနုပညာရှင်များရဲ့ ဖျော်ဖြေပွဲကို စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေးတနေရာတွင် ၂၀၁၂ မတ်လ ၂၈ ရက်နေ့ ညနေက ကျင်းပခဲ့ရာ မြို့သူမြို့သားများ မျက်စေ့တဆုံး တက်ရောက်ခဲ့ကာ ကြက်ပျံမက စည်ကားခဲ့တာကို တွေ့ခဲ့ရပါတယ်။

အနုပညာရှင်များရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖျော်ဖြေပွဲတွင် လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေတို့ရဲ့ ဒီလိုလေး ခြစ်တတ်ရင် ရပြီ ဇာတ်လမ်း ဖျော်ဖြေတင်ဆက်မှု၊ R ဇာနည်နဲ့ အဆိုတော်များရဲ့ တေးဂီတ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ခဲ့ကာ မန္တလေးကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်လည်း ဖျော်ဖြေပွဲကို တက်ရောက် အားပေးခဲ့ပါတယ်။
20120329 NLD (Sagaing)

20120329 NLD (Sagaing)

20120329 NLD (Sagaing)

20120329 NLD (Sagaing)

ဓါတ်ပုံသတင်း - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း အနုပညာရှင်များ - Mar 29 2012 04:12 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005