ရွှေည၀ါဆရာတော်အား အရှင်ဝီရသူ (မစိုးရိမ်) သွားရောက် ဖူးမြှော်

ရွှေည၀ါဆရာတော်အား အရှင် ၀ီရသူ (မစိုးရိမ်) က၂၀၁၂ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဆက်ကပ်ခဲ့တဲ့ သ၀ဏ်လွှာ
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် တပည့်သား သံဃာများနဲ့အတူ တောရ သီတင်းသုံးတော်မူတဲ့ ရွှေည၀ါဆရာတော်အား မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် အရှင်ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ (မစိုးရိမ်)) က ၂၀၁၂ မတ်လ ၂၇ ရက်နေ့တွင် သွားရောက် ကြည်ညို ဖူးမြှော်ခဲ့ကာ ရွှေည၀ါဆရာတော်ရဲ့ ရင်ဖွင့်တရားကို နာကြားခဲ့ပါတယ်။
ရွှေည၀ါဆရာတော်ဟာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓု ဗုဒ္ဓတက္ကသိုလ်ကို စီမံ အုပ်ချုပ်နေတဲ့ ဆရာတော်တပါး ဖြစ်ပြီး ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကျောင်းတိုက်မှ ထွက်ခွာရန် အာဏာပိုင်များရဲ့ ဖိအားပေးခံရတဲ့ ဆရာတော် ဖြစ်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံတ၀ှမ်းတွင် တရားဓမ္မ ဟောကြားခြင်း မပြုရန် ရွှေည၀ါဆရာတော်အား အာဏာပိုင်များက ကန့်သတ်ထားပါတယ်။ ရွှေည၀ါဆရာတော် ဦးပညာသီဟ ကျောင်းတိုက်မှ ထွက်ခွာရန် ဖိအားပေးမှုကို ဝေဖန် ပြေကြားတဲ့ ဒယ်အိုးဆရာတော်ကိုလည်း အာဏာပိုင်များက တရားဟောကြားခွင့် ပိတ်ထားပါတယ်။
အရှင် ၀ီရသူဟာ သံဃာတော်များ ဖြေဆိုရန် ခက်ခဲတဲ့ ဗုဒ္ဓကျမ်းဂန်ဆိုင်ရာ အဆင့်မြင့် စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့တဲ့အတွက် ဘွဲ့တော်တွင် အရှင် ၀ိစိတ္တာဘိဝံသ အဖြစ် ဘိဝံသဘွဲ့ ဖြည့်စွက် အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။ ထိုကဲ့သို့ ဘိဝံသဘွဲ့ ဖြည့်စွက် အသုံးပြုနိုင်တဲ့ ဆရာတော် သံဃာတော်များဟာ ဗုဒ္ဓကျမ်းဂန်စာပေများကို နှံ့စပ် ကျွမ်းကျင်တဲ့ ဆရာတော်များ ဖြစ်သလို သံဃာအများရဲ့ ကြည်ညို လေးစားမှု ခံကြရတဲ့ ဆရာတော်များ ဖြစ်ကြပါတယ်။ ထို့အပြင် အရှင်ဝီရသူဟာ ဗုဒ္ဓစာပေ ပို့ချမှုမှာ သမိုင်းအစဉ်အလာ ဂုဏ်သရေ ထွန်းပြောင်တဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က နာယကဆရာတော်များအနက် တပါး အပါအ၀င် ဖြစ်တော်မူပါတယ်။ ထိုသို့ ဗုဒ္ဓကျမ်းဂန်များ ကျွမ်းကျင်စွာ တတ်မြောက်မှု၊ သံဃာအများ ယုံကြည် ကိုးစားမှု ခံယူထားရတဲ့ အရှင်ဝီရသူ (မစိုးရိမ်) ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်တော်မူကာ မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရှေ့မှောက်တွင် ၂၀၁၂ မတ်လ ၂၂ ရက်နေ့ (၁၃၇၃ ခု၊ တပေါင်းလကွယ်နေ့) မွန်းလွဲ ၁ နာရီက ကျင်းပခဲ့တဲ့ ဆက်လက် ချုပ်နှောင်ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်တဲ့ ၀တ်ပြုဆုတောင်းပွဲတခုကို ထို ဆုတောင်းပွဲကို ဦးဆောင်တဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။
အရှင်ဝီရသူ (မစိုးရိမ်) ဟာ ရွှေည၀ါဆရာတော် ဦးပညာသီဟ မှော်ဘီအနီးတွင် တောရအဖြစ် စတင် သီတင်းသုံးတဲ့ ၂၀၁၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သ၀ဏ်လွှာ ပေးပို့ ဆက်ကပ် လှူဒါန်းခဲ့ပြီး ၂၀၁၂ မတ်လ ၂၇ ရက်နေ့တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည်ညို ဖူးမြှော်ခဲ့ကာ ရွှေည၀ါဆရာတော်ရဲ့ ရင်ဖွင့်တရားကို နာကြားခဲ့ပါတယ်။ ထိုသို့ နာကြားစဉ် ရွှေည၀ါဆရာတော်က အရှင် ၀ီရသူ (မစိုးရိမ်) (အရှင် ၀ိစိတ္တာဘိဝံသ) လာရောက်ခြင်းနဲ့ ပတ်သက်ပြီး သိန်းတထောင်ဆု ပေါက်တာထက် ပိုပြီး ၀မ်းသာပါတယ်လို့ မိန့်ကြားခဲ့ပါတယ်။

ရွှေည၀ါဆရာတော် သတင်းသုံးရာ ကျောင်းသင်္ခန်းကို အရှင် ၀ီရသူ (မစိုးရိမ်) ရောက်ရှိခိုက်




ဓါတ်ပုံသတင်း - ရွှေည၀ါဆရာတော်အား အရှင်ဝီရသူ (မစိုးရိမ်) သွားရောက် ဖူးမြှော် - Mar 29 2012 12:05 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012