ထမင်းစားလက်မှတ် သင်တန်းဆင်းပွဲ
20120329 FFSS(RGN) Hotel Training Course

နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုတိယအကြိမ်မြောက် ၁/၂၀၁၂ ဟိုတယ်သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက် (တပ်မတော်) နေ့ နံနက် (၉း၃၀) အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထို သင်တန်းကို ပညာရေးကဏ္ဍနှင့် အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ယင်းသင်တန်းအား ၇၊ ၁၊ ၂၀၁၂ ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်း တက်ရောက်ခဲ့သူ စုစုပေါင်း (၃၂)ယောက်အနက် စာမေးပွဲဖြေဆိုသူ အယောက် (၃၀) ရှိပြီး အောင်မြင်သူ (၂၇) ဦး၊ ကျရှုံးသူ (၃) ဦး ရှိပါသည်။ ထူးချွန်သူအနေဖြင့် Distincition (၅) ဦး ၊ Credit (၂) ဦး ၊ Pass (၂၀) ဦး ရရှိခဲ့ပါသည်။ သင်တန်းနည်းပြများအဖြစ် ဆရာဦးအောင်ထွန်း၊ ဆရာဦးရွှေဇင်အောင်၊ ဆရာ ဦးထွန်းထွန်းဦးတို့မှ ပညာဒါနအဖြစ် သင်ကြား ပို့ချပေးခဲ့ပြီး မတ်လ (၁၇) ရက် နှင့် (၁၈) ရက်များတွင် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခဲ့ကာ ၂၀၁၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် သင်တန်းပြီးဆုံးသွားခဲ့ပါသည်။

ယနေ့ ကျင်းပသော သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ အမှာစကားအဖြစ် “ယခုကဲ့သို့ သင်တန်းဆင်း အောင်လက်မှတ်ရသူများ အနေဖြင့် အတ္တနှင့်ပရကို ဒွန်တွဲ၍ လုပ်ဆောင်စေလိုကြောင်း၊ နောင်တချိန်တွင် ယခု သင်ကြားပေးခဲ့သော ဆရာကြီးများနည်းတူ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးကို ထမ်းဆောင်မည် ဟူသော ခံယူချက်ဖြင့် မိမိတို့၏ လုပ်ငန်းခွင်အသီးသီးကို ၀င်ရောက်စေလိုကြောင်း“ ပြောကြားပြီးသည့်နောက် သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခြင်းနှင့် ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါသည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဆရာကြီး ဦးအောင်ထွန်းမှ သင်တန်းသား/သူများအား ဆုံးမသြ၀ါဒစကား ပြောကြားခဲ့ရာတွင် ယခင် ပထမအကြိမ် ဟိုတယ်သင်တန်းအား တက်ရောက်ခဲ့သူ သင်တန်းသား/သူ (၂၇) ဦးသည် သက်ဆိုင်ရာဟိုတယ်များတွင် အလုပ်အကိုင် အသီးသီး ရရှိနေကြပြီဖြစ်ကြောင်း ပြောကြားခဲ့သလို သင်တန်းဆရာ ဦးရွှေဇင်အောင်ကအလုပ်အကိုင်အတွက် လူတွေ့ မေးမြန်းခြင်းမှု ၀င်ရောက် ဖြေဆိုရာတွင်လည်း အားလုံး အောင်မြင်စွာဖြေဆိုနိုင်ခဲ့ခြင်းအတွက် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းသူ မဖြူဖြူခိုင်က သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင်စကားအဖြစ် “နာရေးကူညီမှုအသင်း (ရန်ကုန်) သည် လူငယ်လူရွယ်များအား ဒုတိယအကြိမ် သင်တန်းဆင်းပွဲအပြီးတွင် တသက်တာ ထမင်းစားလက်မှတ်အား ထုတ်ဝေပေးခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့၏ ကျေးဇူးရှင် နာရေးကူညီမှုအသင်းကြီး အစဉ်အမြဲ တည်မြဲပါစေကြောင်း“ ပြောကြားသွားခဲ့ပါသည်။ ယင်းနောက် သင်တန်းသား/သူများမှ နာရေးကူညီမှုအသင်း (ရန်ကုန်) အား အလှူငွေကျပ် (၁၅၆,၅၀၀ိ/-) လှူဒါန်းမှု ပြုခဲ့သည်။ ဆက်လက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုကဒ်အား ပြန်လည်ပေးအပ်ခဲ့ကာ သင်ကြားပြသပေးသော ဆရာကြီးများအား သင်တန်းသူ/သားများက ဂါရ၀တရား ဦးထိပ်ထား၍ ရှိခိုး ကန်တော့ခဲ့ပြီး ဆရာကြီးများက သင်တန်းသူ/သားများအား မိမိအကျိုးမှတဆင့် မိမိတတ်မြောက်ထားသော ပညာရပ်ဖြင့် အများအကျိုးကို ထမ်းဆောင်နိုင်သောသူများ ဖြစ်ပါစေဟု ဆုတောင်းမေတ္တာ ပို့သပေးခဲ့ပါသည်။ ထို့နောက် ဟိုတယ်သင်တန်းဆင်းများနှင့် ဆရာများက အလှူရှင်များ၊ ၀န်ထမ်းများ၊ အသင်းသား/သူများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် လာရောက် ပြသကြသော လူနာများအား သုခအာဟာရ စားသောက်ဆိုင်တွင် မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေး ဒါနပြုသွားခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ဖွင့်လှစ်သော ဒုတိယအကြိမ် ဟိုတယ်၏ သင်တန်းကာလမှာ စုစုပေါင်း (၂၁) ရက်သာဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက်(၉း၀၀) နာရီ မှ ညနေ(၅း၀၀)အထိ သင်ကြားပေးခဲ့ပါသည်။ သင်ခန်းစာများအနေဖြင့် သင်တန်းဆရာ ဦးထွန်းထွန်းဦးက Front Office Basic Course, Housekeeping Basic Course၊ သင်တန်းဆရာ ဦးရွှေဇင်အောင်က F & B Realtion , Professional Sale , Total Quality Control ၊ သင်တန်းဆရာ ဦးအောင်ထွန်းက Public Realtion , Professional Sale , Total Quality Control ဘာသာရပ်များ အသီးသီး သင်ကြားပို့ချပေးခဲ့ပါသည်။

ထို့ကြောင့် ဟိုတယ်သင်တန်းဆင်း အောင်လက်မှတ် ရရှိခဲ့ကြသူများအနေဖြင့် အလုပ်အကိုင် ရှာဖွေရေး၊ လူ့ကျင့်ဝတ်တို့ဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးနဲ့အညီ ပြုမူ နေထိုင် စားသောက်တတ်ရေး၊ နိုင်ငံတကာက ပုဂ္ဂိုလ်များနှင့် ဆက်ဆံနိုင်ရေး၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တွင် လိုက်နာ ကျင့်သုံးရမည့် လူ့ကျင့်ဝတ်နှင့်အညီ ပြောဆို နေထိုင်ဆက်ဆံရေး စသည့် ပညာရပ်များကိုပါ ရရှိသွားပြီဖြစ်ပါ၍ သင်တန်းသူ တဦး ပြောကြားသွားခဲ့သလို ထမင်းစားလက်မှတ်ရရှိခဲ့သည့်အပြင် အများအကျိုးအတွက် လူသားပီသစွာ နေထိုင်နိုင်သော ပရဟိတ အောင်လက်မှတ်ကိုပါ ရရှိသွားသည့် အခမ်းအနား တရပ်ဟုဆိုလျင်လည်း မမှားတော့ချေ။
20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

20120329 FFSS(RGN) Hotel Training Course

ဓါတ်ပုံသတင်း - နာရေး ကူညီမှုအသင်း (ရန်ကုန်) ဟိုတယ်သင်တန်း - Mar 28 2012 10:03 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005