သုံးခွမြို့နယ်တွင် မျက်စေ့ စမ်းသပ်၊ မျက်မှန်များ ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ပေးပြီး တဖက်လှည့်နဲ့ မဲဆွယ်တဲ့ သာသနာရေးဝန်ကြီး သူရမြင့်မောင်
20120328 Thone Khwa

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ကတုံးပေါ် အထက်ကျေးရွာကို ၂၀၁၂ မတ်လ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီက မြန်မာအစိုးရ သာသနာရေးဝန်ကြီး သူရမြင့်မောင် ရောက်ရှိလာကာ ကျေးရွာရှိ သက်ကြီးရွယ်အိုများအား မျက်စိ စမ်းသပ်ပေးခြင်း ပြုလုပ်ပေးကာ မျက်မှန်များ ကိုယ်တိုင်ကိုယ်ကျ တပ်ပေးသွားပြီး “မဲပေးမယ်ဆိုရင် ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းကျန်းမာမာနဲ့ အေးအေးဆေးဆေး နေလို့ရမယ့် ပါတီကိုပဲ မဲပေးသင့်ပါတယ်“ လို့ ပြောသွားကြောင်း ဒေသခံများ ပေးပို့တဲ့သတင်းအရ သိရှိရပါတယ်။

သုံးခွမြို့တွင် နေထိုင်သွားတဲ့ သူရမြင့်မောင်ဟာ ယခင်က သုံးခွမြို့နယ်အတွက် ဘာတခုမှ လုပ်ပေးခဲ့တာ မရှိဘဲ အခု ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်တဲ့အခါမှ ရောက်လာကာ မျက်စိ စမ်းသပ်ပေးခြင်း၊ မြို့နဲ့ အလှမ်းကွာဝေးတဲ့ ကျေးရွာတခုကို ရောက်လာကာ ကြားဖြတ် ရွေးကောက်ပွဲ မဲပေးမှုနဲ့ ပတ်သက်ပြီး ဥပါယ်တမျဉ်နဲ့ ပြောဆိုသွားခြင်းများဟာ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး (ကြံ့ဖွတ်) ပါတီအတွက် မဲဆွယ်ခြင်းပဲ ဖြစ်မယ်လို့ ရွာသူရွာသားများနဲ့ သုံးခွဒေသခံများက သုံးသပ်ကြပါတယ်။
20120328 Thone Khwa

20120328 Thone Khwa

20120328 Thone Khwa

20120328 Thone Khwa

20120328 Thone Khwa

20120328 Thone Khwa

ဓါတ်ပုံသတင်း - သူရမြင့်မောင် - Mar 28 2012 09:23 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005