အလုပ်သမား သမဂ္ဂနှစ်ခု ဖွဲ့စည်းပြီးကြောင်း သတင်းစာရှင်းလင်းပွဲ တရားဝင် ကျင်းပ
20120328 Labor Union

ချည်မျှင်နဲ့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂနဲ့ ဆောက်လုပ်ရေး အလုပ်သမားများ သမဂ္ဂများ ဖွဲ့စည်းပြီးကြောင်းနဲ့ မကြာမီတွင် မြန်မာအစိုးရထံ မှတ်ပုံတင်မှာ ဖြစ်ကြောင်း တရားဝင် ကြေငြာတဲ့ အခမ်းအနားတခုကို ၂၀၁၂ မတ်လ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမိုးကြီးကားဂိတ်အနီးရှိ ကျော်ဟိန်း လက်ဖက်ရည်ဆိုင်အနီးတွင် ကျင်းပခဲ့ရာ အလုပ်သမားအင်အား တရာကျော်၊ အလုပ်သမားဆိုင်ရာ ဥပဒေသမားအချို့နဲ့ ပြည်တွင်းသတင်းထောက်အချို့ တက်ရောက်ခဲ့ပါတယ်။

ထိုသို့ အလုပ်သမားအရေးဆိုင်ရာ လှုပ်ရှားမှု ပြုလုပ်တဲ့ အဆောက်အဦကို ရွှေပြည်သာမြို့နယ်၊ အုပ်ချုပ်ရေးမှူး ခေတ္တ လာရောက်ခဲ့ကာ ဌာနဆိုင်ရာ ပုဂ္ဂိုလ်နှစ်ဦးက အခမ်းအနားကို စိတ်ဝင်တစား တက်ရောက် လေ့လာသွားခဲ့ပါတယ်။ ထိုသို့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခြင်းကို အစိုးရအာဏာပိုင်များဘက်က တစုံတရာ ဖိအားပေးခြင်း၊ အကြပ်ကိုင်ခြင်းများ မပြုလုပ်သော်လည်း သက်ဆိုင်ရာ အလုပ်ရှင်များကတော့ အလုပ်ကြပ်များကတဆင့် အလုပ်သမားများအား သမဂ္ဂ ဖွဲ့စည်းမယ့် အခမ်းအနားကို မသွားရောက်ဖို့ ချော့မော့၊ ခြောက်လှန့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ချည်မျှင်နဲ့ အထည်ချုပ် သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်လာစေရန် ကူညီ ဆောင်ရွက်သူများအား ပြောပြခဲ့ပါတယ်။

အခု ဖွဲ့စည်းရန် ပြင်ဆင်နေတဲ့ သမဂ္ဂနှစ်ခုဟာ မြန်မာအစိုးရ သတ်မှတ်ထားတဲ့ သမဂ္ဂ ဖွဲ့စည်းရန် လိုအပ်တဲ့ အလုပ်သမား အရေအတွက်ထက် ပိုမိုတဲ့ အလုပ်သမားဦးရေနဲ့ ဖွဲ့စည်းထားပြီး အလုပ်သမားများ ကြုံတွေ့ခံစားနေရတဲ့ အခက်အခဲ၊ အခွင့်အရေးများကို အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များမှတဆင့် တောင်းဆိုကာ ဆွေးနွေး ညှိနှိုင်း တောင်းဆိုသွားကြမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ သမဂ္ဂနှစ်ခုထဲက ဆောက်လုပ်ရေး သမဂ္ဂကို ၂၀၁၂ သြဂုတ် ၂၅ ရက်နေ့က ဖွဲ့စည်းပြီးသော်လည်း အလုပ်မအားလပ်တဲ့ သမဂ္ဂအဖွဲ့ဝင် ဆောက်လုပ်ရေးအလုပ်သမားအချို့က အခမ်းအနား မတက်ရောက်နိုင်ခဲ့ကြပါဘူး။ ထို အခမ်းအနားကို တက်ရောက်လာတဲ့ ဥပဒေသမားများက အလုပ်သမားဆိုင်ရာ ဥပဒေကိစ္စများကို ရှင်းလင်း တင်ပြသွားခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင် လွတ်လပ်တဲ့ အဖွဲ့အစည်းများ ဖွဲ့စည်း လှုပ်ရှားနိုင်ခြင်း မရှိခဲ့တာဟာ အနှစ် ၅၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း အခုအချိန်မှာတော့ လွတ်လပ်စွာ ဖွဲ့စည်း လှုပ်ရှားနိုင်တဲ့ အရိပ်အယောင်တချို့ ပေါ်ပေါက်လာတဲ့အတွက် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်စေလိုသူများက ၀မ်းမြောက်ဝမ်းသာ ရှိနေကြပြီး မြန်မာ့အရေး စိတ်ဝင်စားသူများက မြန်မာအစိုးရအနေနဲ့ ပြည်သူအများ စိတ်နှလုံး ချမ်းမြေ့စွာ နေထိုင် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးအတွက် အထောက်အကူပြုနိုင်မယ့် လူမှုဘ၀၀န်းကျင်ကို ထူထောင်ပေးနိုင်ပါစေကြောင်း ဆုတောင်းနေကြပါတယ်။
20120328 Labor Union

20120328 Labor Union

20120328 Labor Union

20120328 Labor Union

20120328 Labor Union

20120328 Labor Union

20120328 Labor Union

ဓါတ်ပုံသတင်း - အလုပ်သမား သမဂ္ဂ - Mar 28 2012 12:53 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005