ရွှေည၀ါဆရာတော်ရဲ့ နှုတ်ဆက် ဆွမ်းခံကြွမှု နောက်ဆုံးနေ့ (၂)
20120219 Shwe Nwa War Sayardaw

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ရွှေည၀ါဆရာတော်ရဲ့ အလှူ

သီတင်းသုံး နေထိုင်ရာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာရန် အဓမ္မ ဖိအားပေးခံရတဲ့ ရွှေည၀ါဆရာတော်ရဲ့ နှုတ်ဆက် ဆွမ်း အလှူခံပွဲကို နောက်ဆုံးနေ့အဖြစ် ၂၀၁၂၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မနက် ၈ နာရီမှ စတင်ပြီး ရွှေည၀ါဆရာတော်ဟာ တပည့်သံဃာများနဲ့အတူ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးမှ ဗားကရာလမ်းအထိ ဆွမ်းခံ ကြွချီခဲ့ပြီး နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ပြန်လည် လှူဒါန်းခဲ့ပါတယ်။ တပည့်ဒါယိကာ၊ ဒါယိကာမများရဲ့ ရွှေည၀ါ ဆရာတော်အား နှုတ်ဆက်ခြင်း အမှတ်တရ ပူဇော်ပွဲကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်တွင် ၂၀၁၂၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ မနက် ၈ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် သီတင်းသုံးနေထိုင်ရန် စီစဉ်ထားတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်သို့ ရွှေည၀ါဆရာတော် ထွက်ခွာသွားခဲ့ရာ သံဃာတော်များ၊ ဒါယိကာ၊ ဒါယိကာမများက ကားပေါင်း မြောက်များစွာနဲ့ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။
20120219 Shwe Nwa War Sayardaw

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မီးဘေးဒုက္ခသည်များအား ရွှေည၀ါဆရာတော်ရဲ့ အလှူ

20120219 Shwe Nwa War Sayardaw

20120219 Shwe Nwa War Sayardaw

20120219 Shwe Nwa War Sayardaw

ဓါတ်ပုံသတင်း - ရွှေည၀ါ ဆရာတော် - Feb 19 2012 03:56 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005