ရွှေည၀ါဆရာတော်ရဲ့ နှုတ်ဆက် ဆွမ်းခံကြွချီပွဲနဲ့ မီးဘေးဒုက္ခသည်များအား ထောက်ပံ့မှု (၁)
Shwe Nya War Sayardaw delivering speech to audience

ရွှေည၀ါဆရာတော် တရားဟောကြားစဉ်

သတင်းသုံး နေထိုင်ရာ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထွက်ခွာရန် ဖိအားပေးခံခဲ့ရတဲ့ ရွှေည၀ါဆရာတော်ဟာ နောက်ပါ သံဃာတော်များ၊ သီလရှင်များနဲ့အတူ ၂၀၁၂ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်အတွင်း နှုတ်ဆက် ဆွမ်းခံကြွချီခဲ့ကြောင်း သတင်းရရှိပါတယ်။ ထိုသို့ ဆွမ်းခံကြွချီခဲ့ပြီးနောက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် ၂၀၁၂ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် ဒုက္ခရောက်နေကြတဲ့ မီးဘေးဒုက္ခသည်များအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပါတယ်။ သီတင်းသုံးနေထိုင်ရာ ကျောင်းတိုက်မှ ထွက်ခွာသွားဖို့ မြန်မာသံဃာ့အာဏာပိုင်အဖွဲ့ရဲ့ အကြောင်းကြားစာ လက်ခံရရှိခဲ့တဲ့ ရွှေည၀ါဆရာတော်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ စတင်ပြီး နှုတ်ဆက် ဆွမ်းခံကြွချီမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရွှေည၀ါဆရာတော်အား သတင်းသုံးနေထိုင်ရာ ကျောင်းတိုက်မှ ထွက်ခွာဖို့ အကြောင်းကြားခဲ့ခြင်းဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်တဲ့ အခမ်းအနားများ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့မှု၊ မန္တလေးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် သြ၀ါဒစကား မိန့်ကြားခဲ့မှုတို့နဲ့ ဆက်စပ်ပြီး မြန်မာအစိုးရက သံဃာ့အာဏာပိုင်အဖွဲ့ကို ဖိအားပေးကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာပြည်သူများက ယုံကြည်နေကြပါတယ်။

ရွှေည၀ါဆရာတော်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ နေ့လည် တနာရီမှာ တပည့်သံဃာ တရာခန့်နဲ့အတူ သာဓုပရိယတ္တိစာသင်တိုက်မှ ထွက်ခွာပြီး မှော်ဘီမြို့အနီးရှိ ခြံဝင်းတခုတွင် သီတင်းသုံးနေထိုင်မှာဖြစ်ကြောင်း၊ ထို ခြံဝင်းထဲတွင် အဆောက်အဦများ ဆောက်လုပ်ထားခြင်း မရှိတဲ့အတွက် သစ်ပင်ဝါးပင်များအောက်တွင်သာ သီတင်းသုံးနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
20120218_Shwe_Nya_War

ကြည်မြင်တိုင်မြို့နယ် ကွမ်းရွဲလမ်းသို့ နှုတ်ဆက် ဆွမ်းခံထွက်မယ့်အကြောင်း အသိပေးစာ

20120218_Shwe_Nya_War

သံဃာတော်များ ဆွမ်းခံ ကြွချီလာစဉ်

20120218_Shwe_Nya_War

ဓါတ်ပုံသတင်း - ရွေည၀ါ ဆရာတော် - Feb 18 2012 07:09 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005