Top Advertisement
နန်းဆုရတီစိုး အနှစ်သက်ဆုံး အလှအပ ပြုပြင် ထိန်းသိမ်းမှု

၂၀၁၂ ဇန်န၀ါရီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ

ရုပ်ရည် ရူပကာ အဆင်းတင့်တယ် လှပမှု၊ ဖက်ရှင် လှပမှုတွေဟာ သရုပ်ဆောင်၊ မော်ဒယ် အနုညာရှင်တွေအတွက် အရေးပါတဲ့ အခြေခံအချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီအချက်တွေ အခြေခံပြီး သရုပ်ဆောင် အနုပညာရှင် ဖြစ်လာကြသလို ပရိသတ်အတွက် ကိုယ့်ရဲ့ ဆက်လျှောက်မယ့် အနုပညာ ခရီး အတွက်လည်း ဒါတွေကို ဆက်လက် ထိန်းသိမ်းကြရပြန်ပါတယ်။ ဒါပေမဲ့ တကယ် လျှမ်းလျှမ်းတောက် အောင်မြင်သွားတဲ့ အနုပညာရှင်တွေမှာတော့ တခါတရံ အားလပ်ချိန်ဆိုတာ နည်းပါးပြီး အနုပညာအတွက် အချိန်ကို လုယူနေရတာကြောင့် အလှအပအတွက် ထိန်းသိမ်းမှုတွေ လျော့နည်းလေ့ ရှိတတ်ပါတယ်။ ဒီအထဲမှာ နန်းဆုရတီစိုးလည်း ပါဝင်ပါတယ်။ နန်းဆုရတီစိုးက သီချင်းတွေလည်း ဆို၊ သရုပ်ဆောင်လည်း လုပ်နေတာကြောင့် အနုပညာနှစ်ခုကြားမှာ အချိန်ကို ခွဲခြားလုပ်ဆောင် နေရသူ ပါ။

နန်းဆုက ရှိုးပွဲ ဆိုရင်လည်း နယ်ရှိုးတွ အထွက်များပြီး သရုပ်ဆောင်အတွက်ဆိုရင်လည်း ပြည်တွင်း ပြည်ပတွေအထိပါ သွားရောက် ရိုက်ကူးနေရပြီး ဒီလို ခရီးစဉ်တွေထဲမှာ အသားအရေကို အလွန် ထိခိုက်စေတဲ့ ကမ်းခြေခရီးတွေလည်း အများကြီး ပါဝင်ပါတယ်။ ဒီလိုခရီးတွေမှာ ပင်ကို အသားအရေ ဖြူဖွေး လှပတဲ့ နန်းဆုရတီစိုးအနေနဲ့ တခြားသူတွေလောက် အသားအရေ ပြောင်းလဲတာကို သိသိသာသာကြီး မသိသာ လှပေမယ့် ထိန်းသိမ်းမှုတွေတော့ လုပ်ရတယ်လို့ ဆိုပါတယ်။

အလှအပ ထိန်းသိမ်းမှုအပိုင်းမှာ အကြောင်းအရာတွေ၊ ကဏ္ဍတွေ မျိုးစုံ ရှိနေတာပါ။ ဒီအထဲ ကမှ နန်းဆုရတီစိုး အမြဲ လုပ်ဖြစ်တဲ့၊ နန်းဆုရတီစိုး အကြိုက်ဆုံး ထိန်းသိမ်းမှုက လက်သည်း၊ ခြေသည်းနဲ့ ဆံပင်လို့ ဆိုပါတယ်။

“ပင်လယ် ကမ်းခြေလို နေရာမျိုး သွားရင်တော့ မသိသာဘူး ဆိုရင်တောင်မှ အသားအရေ နည်းနည်း ပြောင်းသွားတယ်။ ဖြူရာကနေ အနီဘက် သန်းသွားတော့ ပြန်တော့ လုပ်ရတယ်။ အမြဲတစေကြီး ပေါင်းတင်တာတို့ ဘာတို့ မလုပ်ဖြစ်တာတောင်မှ ကမ်းခြေက ပြန်လာရင်တော့ Skin Care ပြန် လုပ်ဖြစ်တယ်။ အသားအရေ ပြန်လည် ပေါင်းတင်ဖြစ်တယ်။ အသီး အနှံတွေနဲ့ ပေါင်းတင်တာ များတယ်။ ဒိန်ချဉ်နဲ့လည်း ပေါင်းတင်ဖြစ်တယ်။ ဒါပေမဲ့ နန်းဆု အမြဲ လုပ်ဖြစ်တာ ပြောပါဆိုရင် လက်သည်း ခြေသည်းရယ်၊ ဆံပင်ပုံစံ ပြောင်းတာရယ်ပေါ့“ လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

နန်းဆုရတီစိုးက လက်သည်း၊ ခြေသည်း သန့်ရှင်းစင်ကြယ် လှပမှုကို အမြဲ ဂရုစိုက်လေ့ရှိပြီး လက်သည်း၊ ခြေသည်း ဒီဇိုင်းတွေကို စိတ်ကြိုက် ပြောင်းလဲ အလှဆင်ချင်တတ်သူလည်း ဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်သည်း၊ ခြေသည်း ဒီဇိုင်းကို အနည်းဆုံး တလ တခါ ပြောင်းလဲတတ်ပြီး ဇာတ်ကား ရိုက်ကူးရေးတွေ ရှိတဲ့အခါ မှာတော့ အ၀တ်အစား ဖက်ရှင်နဲ့ လိုက်ဖက်ပြီး ပြင်ဆင်လေ့ ရှိတာကြောင့် တခါတရံ တပတ်တခါ ပြောင်းသွားလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။ အခုလို လက်သည်း၊ ခြေသည်း ဖက်ရှင်ဒီဇိုင်းတွေထဲမှာ ရောင်စုံ၊ ကျောက်ရောင်စုံ တွေနဲ့ ဖန်တီးတဲ့ ဒီဇိုင်း ကျောက်စီ ဆေးရေး ဒီဇိုင်းတွေကို ပိုကြိုက်တယ်လို့ နန်းဆုရတီစိုးက ပြောပြပါတယ်။

နန်းဆုရတီစိုးရဲ့ နောက်ထပ် ၀ါသနာ တခုကတော့ ဆံပင် ထိန်းသိမ်းမှု ပါ။ အနုပညာရှင်ဖြစ်တဲ့ အတွက် ဆံပင်အလှ ခြယ်သရာမှာလည်း ဆံပင် အရောင်ဆိုးခြင်း၊ High Light ဖောက်ခြင်းစတဲ့ ဆံပင်နဲ့ ဆိုင်တဲ့ အရာတွေကို ငြင်းဆန်လို့ မရပြန်ပါဘူး။ ဒါတွေကလည်း လုပ်ပါများရင် ဆံပင်အသားကို ပျက်စီးစေတာပါ။ ဒီအတွက်လည်း နန်းဆုက ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်တတ်ပါတယ်။ ဆံပင်ကို ပုံစံမျိုးစုံနဲ့ အလှ ခြယ်မှုန်းမှုကို စိတ်ဝင်စားတဲ့ နန်းဆုက ဆံပင် ပုံစံကို အဖြောင့်ထက်စာရင် ကောက်သားတွေ ပါတဲ့ ပုံစံကို ပိုပြီ နှစ်သက်စွာ ပြင်ဆင်လေ့ရှိတယ်လို့ ပြောပြပါတယ်။ အခုလို မိမိ နှစ်သက်ရာ အလှအပ ထိန်းသိမ်း စောင့်ရှောက်မှု ပုံစံနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက “တကယ်တော့ အနုပညာရှင် ဆိုတာက ခန္ဓာကိုယ် တခုလုံး လှနေ နိုင်အောင်တော့ ကြိုးစားရတာပေါ့နော်။ သရုပ်ဆောင် ကောင်းဖို့လည်း အဓိက လိုအပ်သလို ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကလည်း အရေးကြီး တာပါပဲ။ နန်းဆုကတော့ အဲဒါတွေ အားလုံးလည်း ဖြစ်နိုင်အောင် ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်နှစ်သက်တဲ့ အလှအပရေးရာ ထိန်းသိမ်း စောင့်ရှောက်မှုလေးတွေကိုလည်း ကိုယ်က နှစ်သက်တာ ဆိုတော့ အချိန်လုပြီး လုပ်ရတာပေါ့။ လှပ သန့်စင်တဲ့ လက်သည်း၊ ခြေသည်းတွေ မြင်ရရင်၊ ဆံပင် ပုံစံတွေ တွေ့နေရရင် စိတ်အပန်းပြေတယ်။ ပျော်ရွှင်မိတယ်။ ပြီးတော့ ဒီ အလှပြုပြင်မှုတွေကလည်း နန်းဆုတို့လို သရုပ်ဆောင်မှ မဟုတ်ပါဘူး၊ အပြင်က အလှအပ နှစ်သက်တဲ့ မိန်းကလေးတိုင်းလိုလိုလည်း လုပ်နေကြတဲ့ အရာတွေ ပါပဲ” လို့ ဆိုပါတယ်။ နန်းဆုက နောက်ပိုင်းမှာတော့ ဘယ်လို ပြောင်းလဲ သွားမလဲ မသိနိုင်သေးပေမယ့် အခုချိန်အထိတော့ ဒီအရာတွေကို နှစ်သက် နေဆဲပါ ပဲ။

သင်းပပ
(Teen မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၂)

၂၀၁၂ ဇန်န၀ါရီလထုတ် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်း မှ

မင်းသမီး - နန်းစုရတီစိုး - Apr 24 2012 07:10 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005