မန္တလေး သင်္ကြန်ပရိသတ်နဲ့ တွေ့မယ့် မိစန္ဒီ

အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၈ မှ
မိစန္ဒီ သင်္ကြန်နဲ့ ပတ်သက်တဲ့ သီချင်း ငါးပုဒ်လောက် သီဆိုထားပါတယ်။ ၂၀၁၂ ခုနှစ် သင်္ကြန်ကို မိစန္ဒီက မန္တလေးမြို့မှာ ရှိတဲ့ တပ်မတော် ရေမဏ္ဍပ်မှာ သီချင်းတွေ ဆိုရင်း ဖြတ်သန်းမှာပါ။ မန္တလေး သင်္ကြန်ကို ၂၀၁၁ ခုနှစ်ကလည်း ဖြတ်သန်းဖူးတဲ့ မိစန္ဒီက ”မိစန္ဒီ စိတ်ထင် မနှစ်ကထက်စာရင် ကိုယ့်ကို လူပို သိလာမယ် ထင်တယ်။ မန္တလေး သင်္ကြန် ပရိသတ်တွေ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုလည်း ရင်ခုန်တယ်၊ အားတော့ အားပေးမှာပါ။ ဒါပေမယ့် ဘယ်လောက်ထိ အားပေးကြမလဲဆိုတာ ရင်ခုန်တယ်။ ခါတိုင်းနှစ်က မန္တလေးမှာ ဘယ် အဆိုတော် ရှိမှန်း မိစန္ဒီတို့ မသိဘူး။ မနှစ်ကဆိုရင် မိစန္ဒီက အဆိုတော်တွေနဲ့ သိပ်မခင်တာလည်း ပါတာပေါ့။ ဒီနှစ်ကျတော့ အဆိုတော် တော်တော်များများနဲ့ သိနေပြီ။ ဒီနှစ်တော့ ညကျရင် လည်ကြမယ်တို့ ဘာတို့ ပြောထားတော့ ပိုပျော်ဖို့ ကောင်းမယ် ထင်ပါတယ်။ ပရိသတ်တွေ ပို အားပေးမယ်လို့လည်း ထင်ပါတယ်” လို့ ၂၀၁၂ မန္တလေး သင်္ကြန်မှာ ဖြတ်သန်းမယ့်အကြောင်း ပြောပြပါတယ်။ မိစန္ဒီက သင်္ကြန်မှာ ပရိသတ်တွေ မြူးကြွစေဖို့ သီချင်း အေးအေးလေးတွေ မဆိုဘဲ မြူးကြွတဲ့ သီချင်းတွေ ဖျော်ဖြေမှာပါ။
မိစန္ဒီက လောလောဆယ်မှာ MBA ကျောင်းက အလုပ်ခွင်ကို ၀င်ခိုင်းထားတာကြောင့် အလုပ်တခုမှာ ၀င်နေပါတယ်။ ဒါကြောင့် မိုနိုပိုလီ ဗီစီဒီရိုက်ဖို့ စီစဉ်ထားတဲ့ မိစန္ဒီကို ဗီစီဒီအတွက် ကိုယ်တိုင် ဒါရိုက်တာ မလုပ်ပါဘူး။ မိစန္ဒီ လိုချင်တဲ့ ပုံစံကိုတော့ ဒါရိုက်တာနဲ့ တိုင်ပင်ပြီး လုပ်ဖြစ်မှာပါ။ ကိုယ်တိုင် ဒါရိုက်တာ လုပ်ဖြစ်ရင်တောင် တပုဒ်လောက်ပဲ လုပ်ဖြစ်မယ်။ ပရိသတ်ကိုတော့ ကောင်းကောင်းလေး ကြည့်စေချင်တယ်။ ကိုယ်တိုင် ဒါရိုက်တာ လုပ်ရင် လိုအပ်ချက်တွေ များသွားမှာ စိုးလို့” လို့ မိစန္ဒီက ပြောပြပါတယ်။ ၂၀၁၂ သင်္ကြန်ကို ဖြတ်သန်းမယ့် ပရိသတ်တွေအနေနဲ့ အန္တရာယ် ကင်း၊ ဘေးရှင်းရှင်းနဲ့ ပျော်နိုင်ပြီး နှစ်သစ်မှာ အောင်မြင် တိုးတက်မှုတွေ ရရှိပါစေလို့ မိစန္ဒီက ဆုတောင်းပေးလိုက်ပါတယ်။
အဆိုတော် - မိစန္ဒီ - Apr 8 2012 04:35 PM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012