Top Advertisement
ခန့်စည်သူရဲ့ ဇာတ်လမ်းကို ရိုက်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
The Rays of Light Journal No. 700, Page 22

အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၂၂ မှ

ခန့်စည်သူက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ သစ္စာတရားရဲ့ အမိန့်တော်အတိုင်း ဇာတ်ကားမှာ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို ခန့်စည်သူ ရေးထားတာဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကား အချို့ကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖူးပေမယ့် ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းကိုတော့ ဒါရိုက်တာအဖြစ် မရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ”ကျွန်တော့်မှာ ရှိတဲ့ ဇာတ်လမ်းကို ဦးမျိုးကို ပြောပြလိုက်တဲ့အချိန် အရမ်း သဘောကျသွားတယ်။ အဲဒါကြောင့် ဦးမျိုးနဲ့ ပူးပေါင်းပြီး ရိုက်ဖြစ်သွားတာပါ” လို့ ခန့်စည်သူက ဆိုပါတယ်။ ခန့်စည်သူ ရေးထားတဲ့ ဇာတ်လမ်းမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အိမ်ထောင်ရေးများ၊ အိမ်ထောင်ဦးစီးက နည်းနည်းလေး ယိုင်သွားရင် ဘယ်လို အမျိုးဆက်တွေ ဖြစ်ပေါ်လာမလဲ။ အိမ်ထောင်တခုမှာ ဘာက အရေးကြီးလဲဆိုတာတွေ ပါဝင်တာ ပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကို စဉ်းစားဖြစ်တာနဲ့ ပတ်သက်ပြီး ”အိမ်ထောင်ရေး ဖောက်ပြန်မှုကို ပြမှ၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မကောင်းတာကို ပြမှ၊ အကောင်းကို ပြင်နိုင်တာ လေ။ အရင်တုန်းကဆိုရင် ရိုက်ချင်တဲ့ ဇာတ်တွေ အများကြီး ရှိတယ်။ ဒါပေမယ့် စိတ်တွေက အကျဉ်းကျနေတယ်။ ဆင်ဆာ၊ ဆင်ဆာဆိုပြီး ပေါ့။ အခုစိတ်ကို လွှတ်ပေးလိုက်တဲ့အခါကျတော့ အများကြီး ဖန်တီးလို့ ရတယ်။ ကျွန်တော်တို့ အရွယ်ကလည်း အိမ်ထောင်ရေးဇာတ်တွေ ရိုက်သင့်တဲ့အရွယ် ဖြစ်နေပြီ” လို့ ခန့်စည်သူက ဆိုပါတယ်။ ကိုယ်တိုင်ရေးတဲ့ ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ရတာဖြစ်တဲ့အတွက် ပိုပြီး ခံစားရတယ်လို့ သိရပါတယ်။ ”ပြောရမယ်ဆိုရင် လူပျိုကြီး ပီပီ အိမ်ထောင်ရေး စကားပြောသလို ဖြစ်မှာပေါ့။ ကိုယ် မွေးထုတ်ထားတဲ့ သားသမီးကို မြင်ရတဲ့ ပုံစံမျိုး ပြောရမယ်ဆိုရင် အငှားခံစားချက်ပေါ့” လို့ ခန့်စည်သူက သူ့ခံစားချက် ပြောပြပါတယ်။

သစ္စာတရားရဲ့ အမိန့်တော်အတိုင်း ဇာတ်ကားမှာ ခန့်စည်သူ၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ ၀ါဆိုမိုးဦး စတဲ့ သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ၀ါဆိုမိုးဦးက ခန့်စည်သူနဲ့ စိုးမြတ်သူဇာတို့ရဲ့သမီးအဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ခန့်စည်သူကို အိမ်ထောင်ရှိမှန်း မသိဘဲ ချစ်မိတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းကို ထူးနွယ်အိမ်က ရေးသားထားပြီး တချို့ဇာတ်ဝင်ခန်းအတွက်ကိုတော့ ဒါရိုက်တာ မောင်မျိုးမင်းကပဲ ရေးထားတာပါ။ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့အတွက် အတွေ့အကြုံ စကားလုံး အချို့ကို ထူးနွယ်အိမ် ရေးသားရာမှာ အဆင်မပြေတာကြောင့် ဒါရိုက်တာ မောင်မျိုးမင်းကပဲ ရေးသားပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင် - မောင်မျိုးမင်း (ရင်တွင်းဖြစ်) ခန့်စည်သူ - Apr 8 2012 04:29 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005