Top Advertisement
သင်္ကြန် ငါးရက်စလုံး မျှော်စင်ကျွန်းမှာ ရှိနေမယ့် IC အဖွဲ့
The Rays of Light Journal No 700, Page 13

အလင်းတန်းဂျာနယ်၊ အမှတ်စဉ် ၇၀၀၊ စာမျက်နှာ ၁၃ မှ

မကြာမီ ကျရောက်တော့မယ့် မဟာသင်္ကြန်ပွဲတော်မှာ ဂီတချစ်သူများအတွက် Grand Royal ရဲ့ အစီအစဉ်နဲ့ IC တေးဂီတအဖွဲ့နဲ့အတူ နာမည်ကြီး အဆိုတော်များဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းစတဲ့ တေးသံရှင်များက ရန်ကုန်မြို့ကန်တော်ကြီးစောင်းမှာ ရှိတဲ့ မျှော်စင်ကျွန်းမှာ မဟာသင်္ကြန်အကြိုနေ့မှ စတင်ပြီး အတက်နေ့အထိ ၅ ရက်လုံးလုံး သီဆိုဖျော်ဖြေပေးသွားကြမှာ ဖြစ်သလို အခြား ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များနဲ့ တင်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ Grand Royal ရဲ့ သင်္ကြန် ပျော်ပွဲရွှင်ပွဲကို Stars & Models Int'l: မှ ဂျွန်လွင်က ကြီးကျယ်ခမ်းနားစွာနဲ့ တင်ဆက်ပေးသွားမှာဖြစ်ပြီး ကရ၀ိတ် ဥယျာဉ်ဝင်း အတွင်းမှာ Grand Royal Music အမည်နဲ့ ကျင်းပပေးသွားမယ့် သင်္ကြန် ပျော်ပွဲ အစီအစဉ်မှာ နားနေစရာ နေရာများ စီစဉ်ပေးထားမှာဖြစ်သလို စားသောက်ဆိုင်ခန်းများ၊ တေးဂီတ ဖျော်ဖြေမှုများ၊ DJ တင်ဆက်မှုများ၊ အကအလှများနဲ့ပါ တင်ဆက်ပေးသွားဖို့ စီစဉ်ပေးထားပြီး ကရ၀ိတ် ဥယျာဉ်ဝင်းအတွင်းကို ၀င်ခွင့် ၅၀၀ ကျပ် ပေးသွင်းရုံနဲ့ IC အဖွဲ့ရဲ့ ဖျော်ဖြေမှုများအပြင် အခြား ပျော်ပွဲရွှင်ပွဲများကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ IC အဖွဲ့ရဲ့ တေးဂီတ ဖျော်ဖြေမှု အစီအစဉ်ကိုတော့ မနက် ၁၁ နာရီမှ ၂ နာရီ အထိ တကြိမ်၊ မွန်းလွဲ ၃ နာရီမှာ ညနေ ၆ နာရီအထိ တကြိမ် သီဆိုဖျော်ဖြေပေးသွားဖို့ စီစဉ်ထားပါတယ်။ ဖျော်ဖြေမှုမှာလည်း သင်္ကြန်အစီအစဉ်ဖြစ်လို့ IC မဏ္ဍပ်ကို ရေပန်းများနဲ့ အလှဆင်ပေးထားတဲ့အတွက် IC ချစ်သူများ သီချင်တွေလည်း နားထောင်ရင်း ရေပက်ခံလည်း ထွက်သလို ခံစားကြမှာဖြစ်ပါတယ်။ သင်္ကြန်အတွင်းမှာ Grand Royal အစီအစဉ်နဲ့ အားလုံး ပျော်ခွင့်ရအောင် ကရ၀ိတ်ဥယျာဉ်ဝင်းအတွင်းကို ၀င်ကြေး ၅၀၀ ပေးသွင်းရုံနဲ့ IC ဖျော်ဖြေမှုတွေကို ကြည်ရမယ့်အပြင် နာမည်ကြီး DJ များရဲ့ တင်ဆက်မှုများ၊ နိုင်ငံတကာမှ အကပညာရှင်များနဲ့ အက ဖျော်ဖြေမှုများ၊ မြန်မာနိုင်ငံမှ နာမည်ကြီးအကအဖွဲ့များရဲ့ အကများကိုပါ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးအစီအစဉ်ကို မနက် ၉ နာရီမှ ညနေ ၆နာရီအထိ တင်ဆက်ပေးသွားပြီး ကရ၀ိတ် ဥယျာဉ်အ၀င်ဝမှာလည်း Grand Royal မဏ္ဍပ်ကြီးနဲ့ ရေပက်သွားဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ဂီတ - သင်္ကြန် အိုင်စီ - Apr 5 2012 01:12 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005