Top Advertisement
ဆန်တအိတ်စီလှူတဲ့ မွေးနေ့ရှင် မေသန်းနု
The Light of Rays Journal No. 691, Page 14

အလင်းတန်းဂျာနယ် အမှတ် ၆၉၁ စာမျက်နှာ ၁၄ မှ

အကယ်ဒမီငါးဆုရ သရုပ်ဆောင် မေသန်းနုက သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၂၇ ရက်နေ့ မနက် ၉ နာရီက ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းများ အများဆုံး တည်ရှိရာ၊ ရုပ်ရှင် အဖွဲ့သားများ အလုပ်ရှာဖွေရာနေရာဖြစ်တဲ့ ရန်ကုန်မြို့ ၃၆ လမ်း (အထက်) မှာ ရှိတဲ့ မဏိရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေး ရုံးခန်းရှေ့မှာ ရုပ်ရှင်အဖွဲ့သားများ၊ စက်အဖွဲ့သားများကို ဆန်အိတ် တအိတ်စီ၊ ငွေကျပ် သုံးထောင်နဲ့ ဒန်ပေါက်တထုပ်စီ လှူဒါန်းပေးခဲ့ပါတယ်။

အကယ်ဒမီ မေသန်းနုက သူ့ရဲ့ မွေးနေ့မှာ ရုပ်ရှင်အဖွဲ့သားများထဲက အကူအညီလိုအပ်နေတဲ့ ဇာတ်ပို့ဇာတ်ရံ၊ စက်အဖွဲ့သားများ၊ လူကြမ်း စသဖြင့် အောက်ကားတွေသာ ရိုက်ကူးခွင့်ရတဲ့ ရုပ်ရှင်အဖွဲ့သားများကို ပြန်လည် ကြည့်ရှု ထောက်ပံ့ပေးချင်တဲ့ စေတနာနဲ့ သူ့ရဲ့ မွေးနေ့မှာ ရုပ်ရှင်အဖွဲ့သား ၁၆၀ ကျော်နဲ့ လိုအပ်နေသူများအတွက် ဆန်အိတ် ၁၈၃ အိတ်ကျော် ၀ယ်ယူပြီး တဦးလျှင် ဆန်တအိတ်၊ ဆန်သယ်ယူနိုင်ဖို့ ကားခ သုံးထောင်ကျပ်နဲ့ မနက်စာ သုံးဆောင်နိုင်ဖို့ ဒန်ပေါက်တထုပ်စီ မွေးနေ့အလှူအဖြစ် လှူဒါန်းပေးခဲ့ပါတယ်။

ိဒီအလှူ လှူဒါန်းနိုင်ဖို့အတွက် ရွှေအကယ်ဒမီပညာလုပ်ငန်းစုနဲ့ အထွေထွေအကျိုးဆောင်လုပ်ငန်းမှ ရုပ်ရှင်သရုပ်ဆောင် မတူးနဲ့ ခင်ပွန်းသည် ကိုတင်ဟန်တို့က စီစဉ်ပေးခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဠေုကျော်ရဲ့ဖခင် တည်ထောင်ထားတဲ့ မဏိရွှေစင်ရုပ်ရှင်ထုတ်လုပ်ရေးရှေ့မှာ ကြော်ငြာကပ်ပြီး လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များထဲမှ လာရောက် စာရင်းပေးကြဖို့ မေတ္တာရပ်ခံထားပြီး စာရင်းပေးသွင်းခဲ့တဲ့ ရုပ်ရှင်အဖွဲ့သားများကို လှူဒါန်းပေးတာ ဖြစ်ကြောင်း သိရပါတယ်။ မေသန်းနုရဲ့ မွေးနေ့အလှူမှာ မေသန်းနုကို ချစ်ခင်ကြတဲ့သူများကလည်း ထည့်ဝင်လှူဒါန်းပေးခဲ့ကြပြီး Father Land ကုမ္ပဏီကလည်း ဆန်အိတ် တရာ၊ KZ က ငွေနှစ်သိန်း၊ ဆန်နှစ်အိတ်၊ ကိုဆန်းဝင်းနဲ့ ထူးရေခဲမုန့်တို့ကလည်း အလှူငွေများ လှူဒါန်းပေးခဲ့ကြကြောင်း သိရပါတယ်။ မေသန်းနုရဲ့ မွေးနေ့မှာပဲ မေသန်းနုကိုယ်တိုင် ထုတ်လုပ်သူအဖြစ် ထုတ်ဝေထားတဲ့ အဆိုတော် စိုင်အောင်ထီးခမ်းရဲ့ စန်းတက်ချိန် တေးစီးရီးဗီစီဒီကိုလည်း မင်္ဂလာစိန်တေးသံသွင်းက ဖြန့်ချိပေးလိုက်ကြောင်း သိရပါတယ်။ မေသန်းနုရဲ့အလှူကို လာရောက် အလှူခံကြတဲ့ ရုပ်ရှင်အဖွဲ့သားများက အကယ်ဒမီငါးဆု ရရှိထားတဲ့ မေသန်းနု ဒီထက် အကယ်ဒမီတွေ ထပ်ရပြီး အနုပညာလောကမှာ ပိုမို အောင်မြင်မှုများနဲ့ ဒီထက် ဒီထက် လှူနိုင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါတယ်။
မင်းသမီး - မေသန်းနု မွေးနေ့အလှူ ရုပ်ရှင်အဖွဲ့သားများ - Feb 14 2012 12:36 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005