Top Advertisement
မျက်စိ ခွဲစိတ် ကုသမှု ခံယူတဲ့ ၀ါဝါ၀င်းရွှေ
The Rays of Light Journal No 697, Page 4

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ စာမျက်နှာ ၄ မှ

အခုအချိန်ထိ ရုပ်ရှင် ဗီဒီယိုကားများကို သံယောဇဉ်ကြီးစွာနဲ့ ရိုက်ကူး ထုတ်လုပ် သရုပ်ဆောင်ဖြစ်နေတဲ့ အကယ်ဒမီများရှင် ၀ါဝါ၀င်းရွှေ တယောက် မတ်လ ၅ ရက်နေ့က စမ်းချောင်းမြို့နယ် ဗားကရာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Neo Vision မျက်စိ ဆေးခန်းမှာ မျက်စိနှစ်ဖက်စလုံး ခွဲစိတ် ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်ဝါ၀ါဝင်းရွှေက မျက်စိမှာ တိမ်ရှိနေတာ ကြာပြီဖြစ်တဲ့ တိမ်က နုသေးတဲ့အတွက် မခွဲစိတ်သေးဘဲ နေလာခဲ့ရာက ရန်အောင်နဲ့ နတ်သမီးများ ဂီတပွဲ အပြီးလောက်ကစလို့ မျက်စိေ၀၀ါးလာသလို၊ မျက်ရိုးလည်း ကိုက်လာတာဖြစ်လို့ ဆရာဝန်နဲ့ ပြသပြီး ခွဲစိတ်ဖို့ အချိန်ရောက်ပြီဖြစ်တာကြောင့် ခွဲစိတ်လိုက်ရတာ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ Neo Vision မျက်စိဆေးခန်းမှာ မျက်စိအထူးကု သမားတော် ဦးသန်းဝင်း ဦးဆောင်မှုနဲ့ မတ်လ ၅ ရက်နေ့က ညာဘက် မျက်လုံးကို ခွဲစိတ် ကုသမှု ခံယူပြီး ၁ ရက်ခြားကာ ဘယ်ဘက်မျက်လုံးကို ထပ်မံ ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ ဒေါ်ဝါ၀ါဝင်းရွှေက မျက်စိနှစ်ဖက်လုံး ရှင်းရှင်းလင်းလင်း မြင်ရပြီဖြစ်လို့ အိမ်မှာပဲ အနားယူဖြစ်နေတယ်လို့ သိရပါတယ်။ မျက်စိ ခွဲစိတ်ကုသမှု အောင်မြင်ပေမယ့် ဒေါ်ဝါ၀ါဝင်းရွှေက တလတာမျှ အနားယူရမှာဖြစ်ပြီး အနားယူလို့ ပြီးရင်တော့ ရိုက်ကူးပြီးစီးထားတဲ့ အမေ့သားလေး ပူတူးတူး ဇာတ်ကားကို ရုပ်ရှင်ကားကြီးအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစား လုပ်ဆောင်သွားမယ်လို့ ဒေါ်ဝါ၀ါဝင်းရွေက ပြောပြခဲ့ပါတယ်။
မင်းသမီး - ၀ါဝါ၀င်းရွှေ - Mar 24 2012 08:14 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005