Top Advertisement
ဟဲဟိုး၊ အောင်ပန်း၊ ကလောကနေ အတွေ့အကြုံသစ်တွေ ရခဲ့တဲ့ ရဲတိုက်
The Rays of Light Journal No. 697, Frontpage

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ မျက်နှာဖုံးသတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ မတ်လ ၁ ရက်က ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များကို နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်ခဲ့မှုကို ရဲတိုက်က ပြည်သူတယောက်အနေနဲ့ ကြိုဆိုခဲ့ပါတယ်။ ”ကျွန်တော်က အဲဒီနယ်မှာ မွေးတဲ့သူတယောက်အနေနဲ့ ကြိုသွားနှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တာပါ။ ကျွန်တော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၀င်ဖို့ လျှောက်လွှာ တင်ထားတယ်။ အဖွဲ့ဝင်အဖြစ် လက်မခံသေးပါဘူး။ ဒီ ခရီးစဉ်မှာ ကျွန်တော့်အပေါ် တုံ့ပြန်မှုဆိုတာကို သတိမထားမိပါဘူး။ ဒါပေမယ့် ရှမ်းပြည်နယ်ကသူတွေ အားလုံး ပျော်ရွှင်နေကြတယ်။ ကျွန်တော့် ဘ၀တလျှောက် ဖြတ်သန်းလာမှုတလျှောက်မှာ ဒီလိုမျိုးတွေ မကြုံဖူးတော့ ကျွန်တော့်အတွက် အတွေ့အကြုံ အသစ်တွေချည်းပါပဲ” လို့ ရဲတိုက်က ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ရဲတိုက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲထည့်တဲ့အခါ ပယ်မဲ မဖြစ်ဖို့ မဲတပြားက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပညာပေးသဘောပါတဲ့ ဇာတ်လမ်းတိုမှာ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရိုက်ကူးရေးမှာ ဒါရိုက်တာ ၀ိုင်း၊ လူမင်း၊ ဝေဠုကျော်၊ ထွန်းအိန္ဒြာဗိုတို့ ပါဝင်တာပါ။ ”ကျွန်တော့်အနေနဲ့ ကူညီသင့်တယ် ထင်တာထက် ဒီလို ကိစ္စမျိုးတွေမှာ အနုပညာရှင် တယောက်အနေနဲ့ ပါဝင်ရမယ်ဆိုတဲ့ စိတ်နဲ့ ပါဝင် ဖြစ်တာပါ ” လို့ ရဲတိုက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲထည့်ပုံ၊ ထည့်နည်း ပညာပေး ဇာတ်လမ်းမှာ ပါဝင်ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
The Rays of Light Journal No. 697, Frontpage

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ မျက်နှာဖုံးသတင်း

မင်းသား - ရဲတိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် - Mar 20 2012 09:52 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005