Top Advertisement
ရန်ကုန် သင်္ကြန်မှာပဲ ရှိမယ့် Emperor
The Rays of Light Journal No. 697, Page 7

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ စာမျက်နှာ ၇ မှ

၂၀၁၂ သင်္ကြန်ကာလကို Emperor တီးဝိုင်းအဖွဲ့သားများက ရန်ကုန်မှာပဲ ဖြတ်သန်းမှာ ဖြစ်ပါတယ်။ အင်းလျားကန်ပေါင် ဒါမှမဟုတ် ရန်ကုန်မြို့ရဲ့ တနေရာရာမှာ Emperor အဖွဲ့ရဲ့မဏ္ဍပ် ရှိနေမှာပါ။ ရန်ကုန်မှာ သင်္ကြန်ကို ဖြတ်သန်းရပေမယ့် နယ်သင်္ကြန်ကို သွားချင်သေးတယ်လို့ ဆိုတဲ့ Emperor မှ လီယိုနာ့ဒ် မောင်မောင်လွင်က ”နယ်ရဲ့ သင်္ကြန်ယဉ်ကျေးမှုက တမျိုး၊ ရန်ကုန်သင်္ကြန်ရဲ့ ယဉ်ကျေးမှုက တမျိုး၊ ဘာပဲပြောပြော နယ်သင်္ကြန် ပျော်ရတာလည်း ပျော်စရာ ကောင်းပါတယ်။ ရန်ကုန် သင်္ကြန်ကလည်း စည်တော့ ပျော်စရာ ကောင်းတယ်။ အနုပညာရှင်တွေကတော့ ပရိသတ် ရှေ့ရောက်သွားရင် မပျော်ဘူးဆိုတာ မရှိပါဘူး။ အားလုံးက တခုခု စိတ်ညစ်စရာရှိရင်တောင် ပျော်သွားတာပဲ။ နေမကောင်းရင်တောင် ပျောက်သွားတာပါပဲ။ ပရိသတ် ရှေ့ရောက်ရင် အားလုံး မေ့သွားတယ်” လို့ ဆိုပါတယ်။

သင်္ကြန်ကာလ အညာဘက်တွေကို သွားချင်ပြီး ရိုးရာသင်္ကြန် ပိုဆန်တာကြောင့် သဘောကျတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်ကာလက မန္တလေးသင်္ကြန်မှာ ဖျော်ဖြေပြီးကတည်းက Emperor အနေနဲ့ ရန်ကုန်သင်္ကြန်ပဲ ဖြတ်သန်းဖြစ်တယ်လို့ သိရပါတယ်။
ဂီတ - Emperor - Mar 19 2012 09:27 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005