Top Advertisement
ရှေးဟောင်း ရှားပါးလက်ရာတွေနဲ့ Beauty of Myanmar
The Light of Rays Journal No. 691, Page 14

အလင်းတန်းဂျာနယ် အမှတ် ၆၉၁ စာမျက်နှာ ၁၄ မှ

မြန်မာပန်းချီလောကမှာ သက်ရှိထင်ရှား မရှိတော့တဲ့ ပန်းချီဆရာကြီး ၁၄ ယောက်နဲ့ လက်ရှိ ရပ်တည်နေဆဲ ပန်းချီဆရာ နှစ်ဦးတို့ရဲ့ လက်ရာတွေ ပါဝင်ပြသထားတဲ့ Beauty of Myanmar Art Exhibition ကို ဇန်န၀ါရီ ၂၁ ရက်နေ့က စပြီး ၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း အမှတ် ၆၅ မှာရှိတဲ့ Gallery 65 မှာ ပြသခဲ့ပါတယ်။ ပန်းချီဆရာ ကြီး ဦးငွေကိုင်၊ ဦးဘသက်၊ ဦးကိုလေး၊ ဦးကံညွန့်၊ ဦးဉာဏ်ရှိန်၊ ပန်းချီမောင်ငွေထွန်း၊ ဗဂျီအောင်စိုး၊ ဦးကြည်၊ ဦးနှစ်၊ ဦးထွန်းညွန့်၊ ဦးဝသုန်၊ ဦးမောင်မောင်သိုက်၊ ဘိုကလေးကျော်လှိုင်၊ ဦးသန်းအောင် စတဲ့ မြန်မာပန်းချီဆရာကြီး ၁၄ ယောက်နဲ့ လက်ရှိ သက်ရှိထင်ရှားဖြစ်တဲ့ ပန်းချီ ခင်မောင်သန်းနဲ့ ဦးမာလာတို့ရဲ့ ပန်းချီကားများနဲ့ ခင်းကျင်းပြသထားခဲ့ပါတယ်။

”ရှေးခေတ်က မြန်မာပန်းချီဆရာကြီးတွေရဲ့လက်ရာကို ပြန်ပြီး လေ့လာကြည့်ရှုနိုင်အောင်လို့ ရည်ရွယ်ပြီး ပြသဖြစ်တာပါ။ ကျွန်တော်တို့ ကိုယ့်ဟာနဲ့ကိုယ် စုထားလို့လည်း ဘယ်သူမှ မကြည့်ရဘဲ အလကား ဖြစ်သွားမှာလေ။ ဒါ့ကြောင့်လည်း ဒီပြပွဲကို ပြဖြစ်လိုက်တာ။ လက်ရှိ လေ့လာတဲ့သူတွေ၊ ၀ါသနာပါတဲ့သူတွေ၊ ပန်းချီဆရာတွေလည်း သူတို့အရင်က ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီးတွေရဲ့ လက်ရာမူရင်းကို ကြည့်ခွင့်ရအောင်လည်း ဖန်တီးလိုက်တဲ့ ပွဲလေး ပါ။ ဒီမူရင်းလက်ရာတွေကလည်း တော်တော့်ကို ရှားပါးသွားပါပြီ” လို့ ဦးစိုးသိန်း (Manager - D.Max Digital Photo Station) က ပြောပြခဲ့ပါတယ်။ ဒီ ပြပွဲကို D.Max Digital Photo Station က စီစဉ်ပြသခဲ့တာဖြစ်ပြီး D.Max Digital Photo Station ရဲ့ Collection ပန်းချီကားများပဲ ဖြစ်ပါတယ်။
ပန်းချီ - ရှေးဟောင်း ရှားပါးလက်ရာတွေနဲ့ Beauty of Myanmar Gallery 65 ဦးငွေကိုင်၊ ဦးဘသက်၊ ဦးကိုလေး၊ ဦးကံညွန့်၊ ဦးဉာဏ်ရှိန်၊ ပန်းချီမောင်ငွေထွန်း၊ ဗဂျီအောင်စိုး၊ ဦးကြည်၊ ဦးနှစ်၊ ဦးထွန်းညွန့်၊ ဦးဝသုန်၊ ဦးမောင်မောင်သိုက်၊ ဘိုကလေးကျော်လှိုင်၊ ဦးသန်းအောင် ပန်းချီ ခင်မောင်သန်း၊ ဦးမာလာ - Feb 14 2012 12:34 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005