Top Advertisement
ရန်ပုံငွေ အများဆုံး ရရှိခဲ့တဲ့ ဒဂုံရဲ့ ကလျာဏမိတ္တ ဖျော်ဖြေပွဲ
The Rays of Light Journal No. 697, Page 33

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၇၊ စာမျက်နှာ ၃၃ မှ

ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမီတက်နဲ့ စီစဉ်သူ ရန်နေတို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ Charity Music Tour ကို စတုတ္ထ ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ကျင်းပနိုင်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို ပဲခူးမြို့၊ ရွှေမောဓောဘုရား ကားရပ်နားကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ကလျာဏမိတ္တ လူမှု ကူညီရေးအသင်းအတွက် ကျင်းပခဲ့တာဖြစ်ပြီး ရန်ပုံငွေ ၁၇၈ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲကိုလည်း အရင်ပွဲတွေအတိုင်းပဲ မည်သူမဆို အခမဲ့ ကြည့်ရှု လှူဒါန်းနိုင်တဲ့ပွဲအဖြစ် စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ”ပဲခူး ပရိသတ်နဲ့ လုပ်ငန်းရှင်တွေက သဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းကြတာကြောင့် အလှူငွေ ၁၇၈ သိန်း ရရှိခဲ့တာကို အံ့လည်း အံ့သြရသလို ကလျာဏမိတ္တအသင်းအတွက်လည်း မုဒိတာ ပွားရတယ်” လို့ စီစဉ်သူ ရန်နေက ဆိုပါတယ်။ ဒီ ရန်ပုံငွေများနဲ့ အသင်းပိုင် မြေနေရာ ၀ယ်ယူရေးနဲ့ လူနာတင်ယာဉ်များ ၀ယ်ယူမယ်လို့ သိရပါတယ်။ ဒဂုံဖျော်ဖြေပွဲများထဲမှာ ရန်ပုံငွေ အများဆုံး ရရှိတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ မဇ္ဈိမလှိုင်းနဲ့အတူ ခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုသားထွေး၊ E ချို၊ ကိုထွဋ်၊ စိုးထက်၊ တိုးမခ၊ ကောင်းပြည့်ရဲရင့်၊ မြင့်မိုရ်၊ ရန်နေ၊ သျှီ၊ မေခလာ၊ ရတနာ၊ ခက်ခက်ရန်အောင်၊ ပိုပိုနဲ့ ဧည့်သည် အဆိုတော်များက ပါဝင် သီဆိုကြပြီး ” မဇ္ဈိမလှိုင်းနဲ့ ကလျာဏမိတ္တ” ဆိုတဲ့ နာမည်နဲ့ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပွဲမျိုးကို မိတ္ထီလာ၊ တောင်ကြီး၊ ရန်ကုန်မြို့ကြီးများမှာ ဆက်လက် ကျင်းပဖို့ ရှိတယ်လို့ စီစဉ်သူ ရန်နေနဲ့ Pat X Myanmar Group မှ ပြောပြခဲ့ပါတယ်။ ရန်ကုန်ပွဲစဉ်ကို ဧပြီ ၂ ရက်နေ့၊ မျှော်စင်ကျွန်းမှာ ကျင်းပနိုင်ဖို့ စီစဉ်နေပြီး မဇ္ဈိမလှိုင်း၊ Metallion Band များနဲ့အတူ နာမည်ကြီး အဆိုရှင်များ၊ Hip Hop အနုပညာရှင်များက ပါဝင် သီဆိုကြမယ်လို့ သိရပါတယ်။
အနုပညာ - ကလျာဏမိတ္တ ဖျော်ဖြေပွဲ - Mar 19 2012 09:06 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005