Top Advertisement
တော်ဘုရားကလေး စာပေဆုပေးပွဲ ဆဋ္ဌမအကြိမ် ကျင်းပ
The Rays of Light Journal No. 696, Page 10

အလင်းတန်းဂျာနယ် အမှတ် ၆၉၆ စာမျက်နှာ ၁၀ မှ

စာရေးဆရာကြီး တော်ဘုရားလေး အောင်ဇေ ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ဂုဏ်ပြုတဲ့အနေနဲ့ စာပေဆုများ ချီးမြှင့်ပေးခဲ့ရာ ဆဋ္ဌမအကြိမ်အဖြစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ (သီရိခန်းမ) မှာ ကျင်းပခဲ့ပါတယ်။ တော်ဘုရားကလေး စာပေဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ စာရေးဆရာ မောင်လွင်မွန် (ကသာ) က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တော်ဘုရားကလေးရဲ့ဇနီး ဒေါ်ခင်မေက အဖွင့်နှုတ်ခွန်းဆက် စကားနဲ့ စာပေဆု ချီးမြှင့်ရခြင်း အကြောင်းကို ပြောကြားပေးခဲ့ပါတယ်။ ကဗျာဆရာ ဇော်နောင်က တော်ဘုရားကလေးရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ကြားပေးလို့အပြီးမှာ ဆုရွေးချယ်ရေးအဖွဲ့ ကိုယ်စား စာရေးဆရာ ထက်မြက်က တော်ဘုရားကလေး စာပေဆု ဖြစ်ပေါ်လာပုံနဲ့ ယခုနှစ်အထိ ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်း တင်ပြပေးခဲ့ပါတယ်။ ဆရာ ထက်မြက်က တော်ဘုရားကလေး စာပေဆု ရွေးချယ် ချီးမြှင့်ရာမှာ နိုင်ငံရေး စံ၊ အနုပညာ စံ၊ အတတ်ပညာ စံနဲ့ သမိုင်း စံ ဆိုပြီး ယေဘုချ စံ ၄ ချက်ကို အခြေခံ ရွေးချယ်တာ ဖြစ်ကြောင်း၊ အဲဒီထဲကမှ ဒီနှစ်မှာ နိုင်ငံရေး စာပေဆုကို ထပ်တိုး ချီးမြှင့်နိုင်လို့ အားရ ကျေနပ်မိကြောင်း၊ နောင်နှစ်တွေမှာ ဒီဆု ၃ ဆုအပြင် နောက်ထပ် ဆုတွေလည်း ချီးမြှင့်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဆု သုံးသပ်ချက်များကို ဖတ်ကြားပေးကာ ဆုများကို တော်ဘုရားကလေးရဲ့ဇနီး ဒေါ်ခင်မေက ချီးမြှင့်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်ပေးတဲ့ စာပေဆုပေးပွဲမှာ ကဗျာပေါင်းချုပ်ဆုအဖြစ် မောင်အောင်ပွင့်ရဲ့ ငြိမ်းချမ်းရေး ညစာ၊ ၀တ္ထုတို ပေါင်းချုပ်ဆုအဖြစ် ညီပုလေးရဲ့ တတိယမြို့သားရဲ့ အလွမ်း၊ နိုင်ငံရေး စာပေဆုအဖြစ် လေထီး အုန်းမောင်ရဲ့ နှစ်ပေါင်း ၅၀ ကြာသောအခါ စာအုပ်က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဆုရသူ တဦးကို ငွေကျပ် ၂ သိန်းနဲ့အတူ ဂုဏ်ပြုလွှာ ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တော်ဘုရားကလေးအား ဂုဏ်ပြုတဲ့ ကဗျာ နှစ်ပုဒ်ကို မြေးဖြစ်သူ တက္ကသိုလ် မင်းခန့်က ရွတ်ဆို ဂုဏ်ပြုခဲ့ပြီး၊ တော်ဘုရားကလေးရဲ့သမီး စာရေးဆရာမ ဒေ၀ီသန့်ဇင်က ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပါတယ်။ လာမယ့် နှစ်မှာ တော်ဘုရားကလေး မိသားစုနဲ့ ဆုရွေးချယ်ရေးအဖွဲ့တို့က သတင်း စုစည်းမှု ပျိုးထောင်ပေးလိုတဲ့ အစီအစဉ်တရပ်ကို စီစဉ်ထားပါတယ်။ စာဖတ်သူများအနေနဲ့ ဂျာနယ်များမှ အများ စိတ်ဝင်စားပြီး အကျိုးရှိမယ့် သတင်းများကို ဖြတ်တောက် စုစည်းပြီး တော်ဘုရားကလေးဆု ချီးမြှင့်ချိန် နီးကပ်တဲ့အခါ မိမိတို့ တနှစ်အတွင်း စုဆောင်းထားတဲ့ သတင်းများမှ အကောင်းဆုံး သတင်းများကို A 4 အရွယ် ကတ်ပြားပေါ်မှာ ဆံ့သလောက် ကပ်ပြီး သတ်မှတ် ကြေညာထားတဲ့ ရက်အမီ ပေးပို့ရမှာဖြစ်ကြောင်း သိရပါတယ်။ ပေးပို့ထားတဲ့ ကတ်ပြားများကို ဆုပေးပွဲ ကျင်းပမယ့်နေ့မှာ ကြော်ငြာသင်ပုန်း တခုအပေါ် ကပ်ပေးထားမှာဖြစ်ပြီး ဆုပေးပွဲ လာရောက်သူများက အကောင်းဆုံး သတင်းစုစည်းသူဆုကို စတစ်ကာ ကပ်ပြီး အမှတ် အများဆုံး ရရှိသူကို ဂုဏ်ပြုဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
The Rays of Light Journal No. 696, Page 10

အလင်းတန်းဂျာနယ် အမှတ် ၆၉၆ စာမျက်နှာ ၁၀ မှ

စာပေ - တော်ဘုရားလေး အောင်ဇေ စာပေဆု - Mar 15 2012 12:29 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005