Top Advertisement
အနုပညာကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ရလာတဲ့အတွက် ရိုက်ရတာ အားရတယ်ဆိုတဲ့ ဒါရိုက်တာ ဇော်ကိုကို
The Rays of Light Journal No. 696, Page 33

အလင်းတန်းဂျာနယ် အမှတ် ၆၉၆ စာမျက်နှာ ၃၃ မှ

ရုပ်သံကြော်ငြာတွေ၊ ဗီဒီယိုတွေ၊ ဗီဒီယိုတွေအပြင် Documentary တွေလည်း အလျဉ်းသင့်သလို ရိုက်ကူးဖြစ်နေတဲ့ လူငယ် ဒါရိုက်တာ ဇော်ကိုကိုက ”အနုပညာရှင်ရဲ့ တနေ့တာ” အစီအစဉ်ကိုလည်း အောင်မြင်စွာ ရိုက်ကူးတင်ဆက်နေသူ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အပြင် အနုပညာရှင်တွေရော၊ အနုပညာ ချစ်သူတွေရော ပါဝင်နိုင်မယ့် အစီအစဉ်တခု တင်ဆက်နိုင်ဖို့လည်း ဒါရိုက်တာ ဇော်ကိုကိုက ကြိုးစားနေတာပါ။

၂၀၁၂ နှစ်ဆန်းပိုင်းကနေစပြီး ကြော်ငြာအသစ်တွေ ဗီဒီယိုအသစ်တွေ ဆက်တိုက် ရိုက်ကူးဖြစ်နေတဲ့ ဒါရိုက်တာ ဇော်ကိုကိုက ဗီဒီယိုဇာတ်ကား အသစ်တကား ရိုက်ကူးဖို့လည်း ပြင်ဆင်နေပါတယ်။ နေတခြမ်း လတခြမ်း၊ လိပ်ပြာဝှက်တမ်း၊ ကော်ဖီချစ်သူ နဲ့ ဆိုးပေ ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဇော်ကိုကိုအတွက် ပဉ္စမမြောက် ဗီဒီယို ဇာတ်ကားဖြစ်လာမယ့် အဲဒီ ဇာတ်ကားကို အက်ရှင်ဆန်ဆန် ဇာတ်လမ်းပုံစုံမျိုး ဖန်တီးဖို့ စဉ်းစားထားတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ရိုက်ဖြစ်နေတဲ့ ကြော်ငြာကိုလည်း စိတ်ကူးအသစ်တွေနဲ့ ပုံဖော်ဖြစ်နေတယ်ဆိုတဲ့ ဒါရိုက်တာ ဇော်ကိုကိုက ဗီစီဒီတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူး ဖြစ်နေတာပါ။ အဲဒီလို ရိုက်ကူးရာမှာ အဲလက်စ်၊ သားစိုးတို့ရဲ့ သီချင်းတွေ ရိုက်ကူးဖြစ်သလို စိုင်းစိုင်းခမ်းလှိုင်၊ အီကိုး၊ ကိကိ၊ သီရိဆွေတို့ရဲ့ သီချင်းတွေလည်း ရိုက်ကူးဖြစ်နေတဲ့ ဒါရိုက်တာ ဇော်ကိုကိုက ”အခု နောက်ပိုင်း ဗီစီဒီတွေ ရိုက်ရတာ တော်တော်လေး စိတ်ကျေနပ်မှု ရတယ်ဗျ။ စိတ်ကူးထဲမှာ ရှိတဲ့အတိုင်း ကိုယ့်ရဲ့ အနုပညာကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရလာတဲ့အတွက် ရိုက်ရတာ တော်တော်လေး အားရတယ်။ အနုပညာရှင်တွေကလည်း အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်တွေနဲ့ အကုန်ကျခံပြီး ရိုက်ကြတာဆိုတော့ ကျွန်တော်တို့ ရိုက်ပေးရတာ တော်တော်လေး စိတ်ချမ်းသာမှု ရှိတယ်” လို့ ဆိုပါတယ်။ ဗီစီဒီတွေမှာ ခေတ်ရဲ့ပုံရိပ်တွေ ထင်ဟပ်စေဖို့အတွက် ခေတ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် စိတ်ကူးတွေ၊ ရိုက်ချက်တွေနဲ့ ပုံဖော် ဖန်တီးလေ့ရှိတဲ့ ဒါရိုက်တာ ဇော်ကိုကိုက လူငယ် အဆိုတော်တွေရဲ့ သီချင်းတွေကို ဘယ်လို ပြင်ဆင် အားထုတ်မှုတွေ လုပ်ပြီးမှ ရိုက်ဖြစ်မယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ” အီတိုးတို့၊ ကိကိတို့လို လူငယ်တွေရဲ့ သီချင်းတွေကို ရိုက်ဖို့အတွက် သူတို့နဲ့ စကားတွေ အကြာကြီး ပြောရတယ်။ သူတို့ရဲ့ဂီတက ကျွန်တော် ကြီးပြင်းလာတဲ့ ဂီတ အမျိုးအစား မဟုတ်တဲ့အတွက် သေချာ လေ့လာမှုတွေ လုပ်ရတယ်ဗျ။ ကျွန်တော်က တခြားသူတွေ ရိုက်တဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်တော့ အသစ်ဖြစ်လာတဲ့ ခံစားချက် တခုကို အခြေခံပြီး မတူတာလေးတွေ စဉ်းစား ရိုက်ဖြစ်တယ်” လို့ ဆိုပါတယ်။ ရုပ်သံ ကြော်ငြာတွေ၊ ဗီစီဒီတွေ၊ ဗီဒီယိုတွေနဲ့ ရုပ်သံ အစီအစဉ်တွေ ဆက်တိုက်ဖို့ ရှိနေသလို Documentary အသစ်တွေအတွက် စိတ်ကူးထားတဲ့ အကြောင်းအရာအသစ်တွေလည်း ရှိနေပြီလို့ ဒါရိုက်တာ ဇော်ကိုကိုက ဆိုပါတယ်။
ဒါရိုက်တာ - ဒါရိုက်တာ ဇော်ကိုကို - Mar 15 2012 12:25 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005