Top Advertisement
စင်္ကာပူမှာ ကျင်းပမယ့် မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်
The Rays of Light Journal No. 696, Page 17

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၆ စာမျက်နှာ ၁၇ မှ

MAS Entertainment က စီစဉ်တဲ့ မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်ကို ၂၀၁၂ ဧပြီ ၂၉ စင်္ကာပူမှာ ကျင်းပမယ့် အကြောင့်း စာနယ်ဇင်းပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေ ၆ နာရီက ရန်ကုန်မြို့ ဆရာစံလမ်းရှိ Golden ယိုးဒယား စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော်မှာ ဇာဂနာ၊ ငှက်ပျောကြော်၊ အရိုင်း၊ မေတ္တာ၊ ကင်းကောင်နဲ့ မင်းသမီး ချောအိငြိမ်းတို့ ပါဝင် ကပြ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ သင်္ကြန်ရဲ့ ၀ိညာဉ် စစ်စစ်ဟာ သံချပ်ပါ လို့ အငြိမ့်ပွဲတော်ကို ကြေညာထားပြီး ဒီအငြိမ့်ပွဲမှာ နှစ်ပေါင်း ၃၀ ခန့် တိမ်မြုပ်သွားခဲ့တဲ့ သံချပ်များကို ပြန်လည် ခံစားကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

MAS Entertainment ဆန်းလင်းထွဋ်က ”ပြီးခဲ့တဲ့လက ကိုဇာဂနာတို့ စင်္ကာပူကို လာတော့ အဲဒီက မြန်မာတွေက ကြိုဆိုကြတယ်။ ကိုဇာဂနာ အရင်က လုပ်ခဲ့တဲ့ အနုပညာတွေကိုလည်း လုပ်ဖို့ တောင်းဆိုကြတယ်။ အဲဒါကြောင့် ကိုဇာဂနာကို စင်္ကာပူမှာ ရှိတဲ့ မြန်မာတွေအတွက် ပွဲလေးတပွဲလောက် စီစဉ်ခွင့်ပြုပါလို့ ပြောတော့ ကိုဇာဂနာကလည်း တခြားပွဲတွေထက် သင်္ကြန်လို အငြိမ့်မျိုး ကချင်တယ်လို့ ပြောတယ်။ က,ရင်လည်း မြန်မာ့ဆိုင်းဝိုင်း အစစ်တွေနဲ့ Live ကချင်တယ်လို့ ပြောတယ်။ အဲဒီတော့ သူ့ရဲ့ခွင့်ပြုချက်ရပြီး ဒီပွဲကို စီစဉ်ဖြစ်တာပါ” လို့ မြန်မာ့သင်္ကြန်အငြိမ့်ပွဲတော် စီစဉ်တဲ့အကြောင်း ပြောပြပါတယ်။ ဒီပွဲ မတိုင်ခင် ရက်များ စင်္ကာပူမှာ အခြားသူများ စီစဉ်တဲ့ ပွဲများလည်း ရှိတာကြောင့် ဧပြီ ၂၉မှာမှ စီစဉ်ဖြစ်တာပါ။ ဒီပွဲကို စင်္ကာပူရှိ Kallang Theatre မှာ ပြုလုပ်မှာပါ။ မြန်မာ့သင်္ကြန်အငြိမ့် ပွဲတော်မှာ မြန်မာပြည် ဟိန်းရာဇာရဲ့ ဆိုင်းအဖွဲ့က တီးခတ်ပေးမှာ ဖြစ်ပါတယ်။ ဇာဂနာ စုစည်းပြီး ကပြဖြစ်ပေမဲ့ ဇာဂနာက အမေရိကားခရီးစဉ်က ပြန်မရောက်သေးတာကြောင့် စာနယ်ဇင်းပွဲမှာ ရှိမနေပါဘူး။

ဇာဂနာ၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ မေတ္တာတို့က စင်ပေါ်မှာ မဆုံတာ ကြာပြီဖြစ်တာကြောင့် တယောက်နဲ့တယောက် စိတ်ကူးတွေ တူညီဖို့ အချိန်တခု လိုပေမဲ့ ဧပြီမှာမှ ကပြရမှာဖြစ်တဲ့အတွက် အချိန်ရသေးကြောင်း ငှက်ပျောကြော်က ဆိုပါတယ်။ ငှက်ပျော်ကြော်က အငြိမ့်စင်ပေါ် မရောက်ခင်ကတည်းက ကြားခဲ့ရ၊ ကြိုက်ခဲ့ရတဲ့ သံချပ်များကို စင်ကာပူမှာ ပြုလုပ်တဲ့ အငြိမ့်ပွဲမှာတင်ဆက်ပေးရမှာကြောင့် အတိုင်းအဆမရှိ ၀မ်းသာကြောင်း သိရပါတယ်။ အငြိမ့်ပွဲမှာ ပါဝင်မဲ့ ပြက်လုံးတွေကို အသစ်အဆန်းဖြစ်အောင် စီစဉ်ထားကြပါတယ်။ ကျွန်တော်တို့၊ ကိုမေတ္တာတို့၊ ကိုဇာဂနာတို့က သင်္ကြန်နဲ့ပတ်သက်တဲ့ရောဂါတွေ ရှိတာကြောင့် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟိုတစ၊ ဒီတစ စုစည်း ပေါင်းစပ်ပြီး စင်ကာပူ ပရိသတ် မခံစားဖူးသေးတဲ့ အရသာတွေ ပေးဆပ်ဖို့ စဉ်းစားထားပါတယ်” လို့ အရိုင်းက မြန်မာ့သင်္ကြန်အငြိမ့်ပွဲတော်မှာ တင်ဆက်မယ့် ပြက်လုံးများအကြောင်း ပြောပြပါတယ်။ မြကျွန်းသာ တက္ကသိုလ်များ အငြိမ့်၊ မိုးနတ်သူဇာအငြိမ့်တွေမှာ ပါဝင်ဖြစ်တဲ့ မေတ္တာက ” မြန်မာ့ ရိုးရာ ယဉ်ကျေးမှုဆိုတဲ့ သံချပ်တွေဟာ မြန်မာပြည်မှာ ရန်ကုန်မြို့မှာ ရှိခဲ့ဖူးတယ်ဆိုတာကို ဖော်ကျူးကြမယ်။ မြန်မာပြည်မှာ ဖော်ကျူးမှာ ဖြစ်သလို နိုင်ငံခြားမှာရှိတဲ့ မြန်မာများအတွက် ဖော်ကျူးမယ်။ သံစဉ်ဆန်းလေးတွေနဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအငြိမ့်ကို လှလှပပလေး တင်ဆင်မှာ ဖြစ်ပါတယ်” လို့ ဆိုပါသေးတယ်။

မင်းသမီး ချောအိငြိမ်းက ပြည်ပပွဲ အတွေ့အကြုံများစွာ ရှိဖူးပါတယ်။ ယဉ်ကျေးမှုဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သလို အကနဲ့ ပတ်သက်ပြီး ပြန်လည် သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။ ပြည်ပမှာ သွားရောက် ဖျော်ဖြေတဲ့ အငြိမ့်ပွဲတွေမှာ ရုပ်ရှင်လောကက အကနဲ့ တင်ဆင်ပေးနိုင်တဲ့ မင်းသမီးများ ပါဝင် တင်ဆက်ကြတာ များပါတယ်။ ရုပ်ရှင်နယ်ပယ်တွေထဲက အငြိမ့်ကတတ်တဲ့ မင်းသမီးတွေ မပါဝင်ဖြစ်တာနဲ့ ပတ်သက်ပြီး အရိုင်းက ” ချောအိငြိမ်းက လက်ရှိမှာ အငြိမ့်နဲ့ ပတ်သက်တဲ့ အကတွေလည်း သင်ကြားပေးနေသူ၊ အချိန်အခါ မရွေး ကနိုင်၊ ဆိုနိုင်တဲ့သူလည်း ဖြစ်တယ်။ ဘာဖြစ်လို့ သူ့ကို ရွေးချယ်ရလဲဆိုတော့ အငြိမ့်ဆိုတာ ဒီလိုလေး ကရပါတယ်။ အငြိမ့်သမားစဉ် ဒီလိုလေး ရှိတယ်ဆိုတာကို သိစေချင်တယ်။ ကဗျာလွတ် အခြေခံကို မပိုင်နိုင်ဘဲ မြန်မာအကကို ဘယ်လိုမှ ကလို့ မရပါဘူး။ ဒိုးကွက်၊ ဒိုးချက်တွေကို စည်းဝါးကျကျ ကတတ်ရုံနဲ့ အငြိမ့် ကလို့ မရပါဘူး။ ရုပ်ရှင်မင်းသမီးကြီးတွေထဲမှာ အငြိမ့်ကတဲ့သူ ရှိသလို ရုပ်ရှင် မင်းသမီးသေးသေးလေးတွေမှာလည်း အငြိမ့် ကတဲ့ သူတွေ ရှိတယ်။ တခါတလေမှ ကကြပြီး တပွဲထိုး သင်ပြီး ကကြတာ။ ကပါများလို့ အရှိန်လေး ရလာတဲ့ အခါကျတော့ ငါ အငြိမ့်လေး ကတတ်သွားပြီလို့ တင်ကြတယ်။ တကယ်တမ်းက အငြိမ့်ဆိုတာ တပွဲတိုး ကလို့ မရပါဘူး” လို့ ပြောပြပါသေးတယ်။
The Rays of Light Journal No. 696, Page 17

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၆ စာမျက်နှာ ၁၇ မှ

အနုပညာ - စင်္ကာပူ မြန်မာ့သင်္ကြန် အငြိမ့်ပွဲတော် - Mar 15 2012 09:05 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005