၁၀ နှစ်တာ ကာလအတွင်း သိန်း ၄၀၀ လှူဒါန်းနိုင်ခဲ့တဲ့ မမများအဖွဲ့

အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၆ စာမျက်နှာ ၃၄ မှ
၂၀၀၂ ခုနှစ်ကစပြီး ဖွဲ့ခဲ့တဲ့ မမများအဖွဲ့က ၂၀၁၂ သင်္ကြန်ကာလမှာလည်း ပရိသတ်များကို သင်္ကြန် သီချင်းသစ် ၃ ပုဒ်နဲ့ ဖျော်ဖြေ ပေးဦးမှာ ဖြစ်ပါတယ်။ ၂၀၁၂ သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ် ဖွင့်ပွဲမှာ ကပြမှာ ဖြစ်ပြီး သင်္ကြန်အကျနေ့မှာ ပဲခူး ဗဟိုမဏ္ဍပ်မှာ ကပြမှာ ဖြစ်ပါတယ်။ အဲဒီက ဆက်ပြီး နေပြည်တော်၊ မန္တလေး၊ မုံရွာ၊ လာရှိုး၊ မြစ်ကြီးနား စတဲ့ နေရာများအထိ သင်္ကြန်ကာလ ငါးရက်အတွင်းမှာ သွားဖို့ စီစဉ်ထားကြပါတယ်။ ၂၀၁၂ ရဲ့ မမများအဖွဲ့မှာ ဂွမ်းပုံကြီး၊ မတူး၊ အကယ်ဒမီ ခင်မို့မို့အေး၊ အကယ်ဒမီ ၀ါဝါအောင်၊ ခင်သန်းနွယ်၊ အေးအေးခိုင်၊ ဖြိုးရတနာသွယ်၊ အိမ့်ကြာဖြူ၊ ခင်သန်းဝင်း၊ မလုံးတင်တို့က ကပြ ဖျော်ဖြေကြမှာပါ။ ၂၀၁၁ ခုနှစ်မှာ မမများအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ခင်စိုးပိုင် အက်စီးဒင့်ဖြစ်တာကြောင့် မမများအဖွဲ့ မကဖြစ်ခဲ့ပါဘူး။ ၂၀၁၂ မှာ ပြန်လည် ကပြမယ့် မမများအဖွဲ့က ကဖြစ်ခဲ့တဲ့ ၁၀ နှစ်တာ ကာလအတွင်းမှာ လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ”၁၀နှစ်တာ ကာလမှာ ငွေကျပ်သိန်း ၄၀၀ လှူဒါန်းခဲ့ပြီးပါပြီ။ ရဟန်းခံ ရှင်ပြုအနေနဲ့ ၁၇ ပါးကို လှူဒါန်းခဲ့ပြီး ၉ ရက်တိုင်တိုင် အလှူပွဲ လုပ်ခဲ့တာပါ။ အခု လှည်းကူးမှာလည်း သိမ်တခု ဆောက်နေတယ်။ ပြီးခါနီးပြီ။ ဦးလှထွန်း ကင်ဆာ ဖောင်ဒေးရှင်းမှာ အလှူတွေ ဒေါ်မေရှင် မဆုံးခင်က မန္တလေး သွားပြီး နှစ်တိုင်း ကန်တော့ ဖြစ်ခဲ့တယ်။ တိုင်းရင်းသား ဆေးရုံမှာလည်း အ၀ီစီတွင်း တူးဖို့ လှူထားတယ်။ အလှူတွေ အားလုံး စုလိုက်တော့ ကျပ် သိန်း ၄၀၀ ဖြစ်နေပြီ။ အဲဒီတော့ နောက်ဆုံး ဘဏ်မှာ ငွေစာရင်း ကျပ် ၁,၈၀၀ ပဲ ကျန်တော့တယ်” လို့ မတူးနဲ့ ဂွမ်းပုံကြီးတို့က လှူဒါန်းမှုများနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ မမများအဖွဲ့မှာ လက်ကျန်ငွေများ မရှိတော့တာကြောင့် ဒီနှစ်အတွက် ကမယ့် ၀တ်စုံအတွက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကနေ ငွေကျပ် ၅ သိန်း ချေးထားရတယ်လို့ သိရပါတယ်။ ၂၀၁၂ အတွက် မမများအဖွဲ့ရဲ့ ၀တ်စုံများကို အေးမြတ်သူ ၂ စုံနဲ့ ယွန်းရွှေရည် ပိုးထည်တိုက်က ၂ စုံ ကူညီပေးထားတယ်လို့ သိရပါတယ်။
မင်းသမီး - မမများ အဖွဲ့ - Mar 11 2012 06:45 AM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012