Top Advertisement
ပရိသတ်ကို တောင်းပန်စကားဆိုတဲ့ ကိကိ
The Rays of Light Journal No. 696, Page 35

အလင်းတန်း ဂျာနယ် အမှတ် ၆၉၆ စာမျက်နှာ ၃၅ မှ

ခေတ်လူပျို ဆိုတဲ့ တကိုယ်တော် စီးရီးထွက်ထားတဲ့ ကိကိက ဒီ စီးရီးအတွက် ဗီစီဒီကို Selection အနေနဲ့ ရွေးထုတ် ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ ဇာတ်သိန်းခန်း၊ မေ့လိုက်၊ နောက်ကွယ်က စာမျက်နှာများ သီချင်းတွေကို ဗီစီဒီအဖြစ် ရိုက်ကူးပြီးသွားတာဖြစ်ပြီး မင်းတယောက်တည်းကိုပဲ သီချင်းကိုတော့ ရိုက်ဖို့ စီစဉ်နေပါပြီ။ ရိုက်ကူးဖို့ ဇာတ်လမ်း ရွေးထားတဲ့ ကိကိက ခေတ်လူပျို ဗီစီဒီကို သီချင်း အားလုံး မရိုက်ဖြစ်တာနဲ့ ပတ်သက်ပြီး ”ကျွန်တော့်အတွက် အချိန်မရလို့ ဆိုတာထက် ကိုယ့်စီးရီးအတွက်တော့ သီချင်း အားလုံးကို ဗီစီဒီ ရိုက်ချင်တယ်။ ကျွန်တော် အသက်ကြီးနေပြီဆိုတော့ ကျောင်းမတက်ချင်လို့ မရတော့ဘူး။ ဘွဲ့ယူမှ ရမယ်။ အဲဒီကိစ္စက မလုပ်ချင်ပေမဲ့ လုပ်သင့်တဲ့ အနေအထား ဖြစ်နေတာကြောင့် ပါ” လို့ ကိကိက ဆိုပါတယ်။ ကိကိက သြစတြေးလျမှာ ကျောင်းတက်မှာ ဖြစ်ပါတယ်။

”ကျွန်တော်ရဲ့ ဗီစီဒီအတွက် ပရိသတ်ကို ဒီကနေပဲ တောင်းပန်ပါတယ်။ အရမ်းလည်း အားနာပါတယ်။ ဖြစ်နိုင်ရင် အကုန်လုံးကို ဗီစီဒီ ရိုက်ချင်တာပါ” လို့ ကိကိက ပရိသတ်ကို တောင်းပန်စကား ဆိုပါသေးတယ်။

ခေတ်လူပျို ဗီစီဒီမှာ ပါဝင်မယ့် သီချင်းတွေက ရိုက်ပြီးသား သီချင်တွေအပြင် ပရိသတ် နှစ်သက်မယ့် သီချင်းတွေ ဖြစ်ပါတယ်။ ဒါရိုက်တာ ရဲမြင့်သူ၊ ဇော်ကိုကိုတို့နဲ့ ရိုက်ကူးဖို့ စီစဉ်ထားတာပါ။ ဇာတ်လမ်း ရေးနေတဲ့ မင်းတယောက်တည်းပဲ သီချင်းကို သရုပ်ဆောင် ခေးခေးနဲ့ ရိုက်ဖို့ စီစဉ်ထားပြီး ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးမှာ ဖြစ်ပါတယ်။ ကိကိက သြစတြေးလျမှာ ကျောင်းတက်တာကြောင့် စီးရီးခွေ ထွက်ဖို့ လေးနှစ်ခွဲလောက် အဆက်ပြတ် သွားနိုင်ပေမဲ့ ဖျော်ဖြေပွဲတွေ ရှိရင်တော့ မြန်မာပြည် ပြန်လာပြီး ဖျော်ဖြေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် - ကိကိ - Mar 11 2012 06:37 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005