ပြည်သူများကို ဒီဇိုင်းတွေ လှူမယ့် ”ပြည်သူ့အတွက် ဗိသုကာ လက်ရာပြပွဲ”

အလင်းတန်းဂျာနယ်၊ အမှတ် ၆၉၆၊ စာမျက်နှာ ၇ မှ
Association of Myanmar Architects ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ” ပြည်သူ့အတွက် ဗိသုကာ” ဗိသုကာလက်ရာပြပွဲကို မတ်လ ၁၅ ရက်နေ့မှာ ပြသတော့မှာ ဖြစ်ပါတယ်။ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်မယ့် ဗိသုကာလက်ရာပြပွဲနဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲကို မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်က Central Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၀၁ ခုနှစ် ဇွန်လက စတင်ပြီး မှတ်ပုံတင် တည်ထောင်ခဲ့တဲ့ ဗိသုကာ ပညာရှင်များသာ ပါဝင်တဲ့ ပညာရှင်အသင်းကြီးဖြစ်တဲ့ မြန်မာနိုင်ငံ ဗိသုကာအသင်း Association of Myanmar Architects (AMA) ၁၀ နှစ်ပြည့် အထိမ်းအမှတ် “ပြည်သူ့အတွက် ဗိသုကာ” ဗိသုကာ လက်ရာပြပွဲကို မတ်လ ၁၅ ရက်နေ့က စပြီး ၁၈ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ဦးဝိစာရလမ်းပေါ်မှာရှိတဲ့ တပ်မတော်ပြခန်းမှာ ပြသမှာ ဖြစ်ပါတယ်။ ပြည်သူ့အတွက် ဗိသုကာပြပွဲဖြစ်တဲ့အတွက် ဗိသုကာအသင်းဆိုင်ရာ ပြကွက်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဆိုင်ရာ ပြကွက်၊ မြန်မာ့ဗိသုကာ သမိုင်းဆိုင်ရာ ပြကွက်၊ မြန်မာဗိသုကာကြီးများရဲ့ သမိုင်းဝင် လက်ရာများ ပြကွက်၊ အသင်းဝင် မှတ်ပုံတင် ဗိသုကာများရဲ့ လက်ရာ ဒီဇိုင်းများ ပြကွက်၊ ဆောက်လုပ်ရေးနဲ့ ဆက်စပ်ပစ္စည်းများ တင်သွင်းတဲ့ ကုမ္ပဏီကြီးများရဲ့ အရောင်းပြခန်း ၂၁ ခန်း ပါဝင်မှာ ဖြစ်ပါတယ်။ အထူး အစီအစဉ်အနေနဲ့ အသင်းဝင် ဗိသုကာများရဲ့ ကိုယ်ပိုင် ဒီဇိုင်း စိတ်ကူးနဲ့ ရေးဆွဲထားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံများဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်း၊ ဇရပ်၊ ဓမ္မာရုံ၊ ဆွမ်းလောင်းရုံ၊ ကျေးလက် ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အများပြည်သူသုံး အဆောက်အအုံများဖြစ်တဲ့ စာသင်ကျောင်း၊ ရပ်ကွက်ရုံး၊ ကျေးလက်စာကြည့်တိုက်၊ ကျေးလက်ဆေးပေးခန်း၊ အားကစားရုံနဲ့ လူနေအိမ် ဒီဇိုင်းများကို မိတ္တူကူးခမျှသာ ယူပြီး ပြပွဲ လာရောက် ကြည့်ရှုတဲံ ပရိသတ်များကို အခမဲ့ ပေးဝေ လှူဒါန်းမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဗိသုကာအသင်းရဲ့ ပထမဦးဆုံး ကျင်းပဖြစ်တဲ့ ပြပွဲမှာ RA Office Directory ကိုလည်း ပထမဆုံးအကြိမ် ထုတ်ဝေ ဖြန့်ချိမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အဆောက်အအုံ ဒီဇိုင်း ဗိသုကာလုပ်ငန်းး လုပ်ကိုင်နေကြတဲ့ မှတ်ပုံတင် ဗိသုကာများနဲ့ ဗိသုကာ ဒီဇိုင်းများရဲ့ လမ်းညွှန် RA Office Directory စာအုပ်ကို ဗိသုကာလုပ်ငန်း၊ ဆောင်လုပ်ရေး ပစ္စည်းအကြောင်းများ ပါဝင်တဲ့ လမ်းညွှန်စာအုပ် တအုပ်အဖြစ် ဆောက်လုပ်ရေးကဏ္ဍမှာ အသုံးဝင်တဲ့ လမ်းညွှန်ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ပြပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဦးဆန်းဦးက ”ကျွန်တော်တို့ဆီက လူတွေက ဗိသုကာဆိုတာ သိပ် မသိကြပါဘူး။ အိမ်ပုံစံ ဆွဲမယ်ဆိုရင် အင်ဂျင်နီယာဆီမှာ ဆွဲတယ်။ သင်တော်တဲ့သူဆီမှာ ဆွဲတယ်။ အာခီတက်ဆိုတာကို သိပ် နားမလည်ကြဘူး။ အခုမှ ဗိသုကာ ပညာရှင် ၃၀၀ လောက်က ၀န်ဆောင်မှု လုပ်လာကြပါပြီ။ အခု နောက်ပိုင်းမှာ အိမ်ပုံစံလှလှလေးတွေကို စိတ်ဝင်စားလာကြပြီး ဗိသုကာ ပညာရှင်ဆိုတာကို သိလာကြပါပြီ။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ဒီဇိုင်းထုတ်နိုင်တဲ့သူတွေလည်း အများကြီး ပေါ်လာပါပြီ။ ကျွန်တော်ကတော့ ရိုင်းတယ် ထင်ရပေမဲ့ ဒါကို အာခီတက်အတုတွေလို့ ဆိုပါရစေ။ ဒါကြောင့် ကျွန်တော်တို့က ဗိသုကာအသင်း တည်ထောင်တဲ့ ၁၀ နှစ်ပြည့်မှာ ဗိသုကာနဲ့ ဗိသုကာပညာဆိုတာကို ပြည်သူလူထုက သိလာအောင်ဆိုပြီးတော့ ဒီပွဲကြီး ကျင်းပရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗိသုကာပညာရှင်တွေက နိုင်ငံအတွက် ဘာ ဒီဇိုင်းတွေ ထုတ်တယ်၊ ဘယ်လို အခန်းကဏ္ဍက ပါတယ်ဆိုတာကို ပြချင်တာက အဓိကပါ ပဲ။ ဒီလိုနည်းနဲ့ လူထုက သိသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်ဆိုတာကို တင်ပြချင်တဲ့အတွက် ဒီပွဲ ပြုလုပ်တာပါ ” လို့ ရှင်းပြခဲ့ပါတယ်။
ဒီ ပြပွဲမှာ မြန်မာနိုင်ငံ ဗိသုကာအသင်းနဲ့အတူ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်ကြတဲ့ Inax, Cotto, Live and Life, Roma, ASM ကုမ္ပဏီကြီးများ အပါအ၀င် ကုမ္ပဏီ ၂၁ ခုက ပါဝင်ပြသမှာ ဖြစ်ပါတယ်။ ပြပွဲကို မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စတင် ဖွင့်လှစ်မှာဖြစ်ပြီး ဖွင့်ပွဲအပြီး နေ့လယ် ၁၂ နာရီကနေ ည ၅ နာရီ အထိ လည်းကောင်း၊ နောက်ရက်များမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လည်းကောင်း ဖွင့်လှစ်ပြသထားမှာ ဖြစ်ပါတယ်။
အထွေထွေ - ပြည်သူများကို ဒီဇိုင်းတွေ လှူမယ့် ”ပြည်သူ့အတွက် ဗိသုကာ လက်ရာပြပွဲ” - Mar 8 2012 02:27 PM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012