Top Advertisement
အဆိုတော်အသစ်တွေ အများကြီး ပါဝင်တဲ့ ကြယ်စင်များရဲ့ ဆုံမှတ်
The Light of Rays Journal No. 691, Page 13

အလင်းတန်းဂျာနယ် အမှတ် ၆၉၁ စာမျက်နှာ ၁၃ မှ

အဆိုတော်အသစ်တွေ အများကြီး ပါဝင်သီဆိုထားတဲ့ ကြယ်စင်များရဲ့ဆုံမှတ် တေးစီးရီး အမှတ်တရ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၂ ဇန်န၀ါရီ ၂၂ ရက်နေ့က ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ရှိတဲ့ Happy World အမှတ် ၁ မှာ ကျင်းပခဲ့ပါတယ်။ မန်းသီရိတေးသံသွင်းကနေ ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ဖြန့်ချိလိုက်ပြီဖြစ်တဲ့ ကြယ်စင်များရဲ့ ဆုံမှတ် စီးရီးမှာ စိုးလင်း၊ ဒီယံ၊ မိုးခါး၊ Aသင်၊ ဖိုးသူ၊ လီယွန် (The Sky)၊ မိုင်းဖုန်းနောင်၊ အိမ်မင်း၊ စုစုနဲ့ ဟိန်းမင်းထက်တို့က ရေးပေးထားပြီး သီချင်းစုစုပေါင်း ၁၅ ပုဒ် ပါဝင်ပါတယ်။ အဲဒီ စီးရီးမှာ ဟဲလေး၊ ဉာဏ်လင်းအောင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီတို့ကလည်း ပါဝင် သီဆိုပေးထားပါတယ်။ အဲဒီလို နာမည်ကြီးအဆိုတော်တွေ ပါဝင်သီဆိုထားတဲ့ ဒီအခွေလေးအပေါ် မျှော်လင့်ချက်ကို မေးကြည့်တဲ့အခါ ”အဲဒီလို နာမည်ကြီး အဆိုတော်တွေရံပြီး ပါဝင်ထားတော့ ပရိသတ်တွေက ဒီအခွေပေါ်မှာ အနည်းအများ စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။ လူသစ်တွေချည်းပဲ စုပြီး လုပ်တာထက်စာရင် ပေါ့နော်” လို့ ကြယ်စင်များရဲ့ ဆုံမှတ် တေးစီးရီးကို စီစဉ်သူ ဇာနည်က ပြောပြပါတယ်။ အခုလိုမျိုး ကြယ်စဉ်များရဲ့ဆုံမှတ် တေးစီးရီးကို စီစဉ်ဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုလည်း စီစဉ်သူ ဇာနည်က ”ကျွန်တော်တို့သူငယ်ချင်းတွေ Medallions တီးဝိုင်းကို စ ဖွင့်ပြီး လုပ်ဖြစ်တာပါ။ ဒီ အခွေထဲမှာ အဆိုတော်အသစ်တွေ ပါဝင်တဲ့အတွက်လည်း အဆင်မပြေမှုတွေကတော့ ရှိတာပေါ့နော်။ ဒါပေမယ့်လည်း အဆင်ပြေအောင် အားလုံးက ကြိုးစားထားပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။ အခက်အခဲတွေ အများကြီး ကြားထဲက အကောင်အထည်ဖော်ထားတဲ့ ဒီအခွေလေးကို ပရိသတ်တွေကလည်း အားပေးစေချင်ပါတယ်လို့ ဆိုပါတယ်။
ဂီတ - ကြယ်စင်များရဲ့ ဆုံမှတ် ဇာနည် - Feb 14 2012 12:30 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005