Top Advertisement
၄၅ ရက်နဲ့ အပြီး ဖန်တီးခဲ့တဲ့ ဘရိတ်ကီး+သင်္ကြန်
The Rays of Light Journal No. 696, Page 31

အလင်းတန်းဂျာနယ်၊ အမှတ် ၆၉၆၊ စာမျက်နှာ ၃၁ မှ

သီချင်းအမြူးတွေ အမြဲ သီဆိုလေ့ရှိတဲ့ ရက်ဂေး အဆိုရှင် ဘရိတ်ကီက ဒီနှစ်သင်္ကြန်အတွက် သူ့ရဲ့ပုံစံအတိုင်း မြူးမြူးကြွကြွ သင်္ကြန်တေး စီးရီး တခွေကို စီစဉ် ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ ဘရိတ်ကီနဲ့အတူ ဆုပန်ထွာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ် ဂန္ထ၀င်စတဲ့ သရုပ်ဆောင် အနုပညာရှင်များနဲ့အတူ အမျိုးသမီး အဆိုရှင်များစွာက ပါဝင်သီဆိုထားပါတယ်။ ဘရီတ်ကီ + သင်္ကြန် ဒီဗီဒီ ကာရာအိုကေ မိတ်ဆက်ပွဲကို မတ်လ ၂ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အလယ် ဘလောက်မှာရှိတဲ့ City Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဘရိတ်ကီက သင်္ကြန်အတွဲ တေးစီးရီတွေမှာ ပါဝင် သီဆိုခဲ့ဖူးပေမဲ့ အခုလို တကိုယ်တော် သင်္ကြန်တေး စီးရီးကိုတော့ ပထမဆုံးအကြိမ် စီစဉ် သီဆိုခဲ့တာပါ။ ဒီတေး စီးရီး စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ဘရိတ်ကီက ”ကျွန်တော်က နှစ်တိုင်း သင်္ကြန်သီချင်းတွေ တော်တော်များများမှာ Feraturing သီဆိုဖြစ်တာ များတယ်။ တခါတလေကျတော့လည်း Solo ဆိုတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပိုပြီး ထူးခြားသွားအောင်လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီး ဘရိတ်ကီ + သင်္ကြန် ဆိုပြီးတော့ နာမည်တပ်ပြီး ဘော်ဒါတွေ အားလုံး စုပေါင်းပြီး လုပ်ကြမယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ Elector Music, Remix အိန္ဒိယသံစဉ်၊ ပြီးတော့ ကိုယ်ပိုင်သံစဉ်တွေလည်း ပါတယ်။ ဒါပေမမဲ့ ဒီ ကိုယ်ပိုင်သံစဉ် သီချင်းတွေကို Dancer နဲ့ ကလို့ရအောင် လုပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ် သင်္ကြန်မှာ ထူးထူးခြားခြားနဲ့ မြူးမြူးကြွကြွလေး ဖြစ်အောင် အားလုံး ပျော်ရွှင်အောင်လို့ ဖန်တီးထားပါတယ်” လို့ ဆိုပါတယ်။

နဂို မြူးပြီးသား ဘရိတ်ကီရဲ့ ဘရိတ်ကီ+ သင်္ကြန် တေးစီးရီးက ဘယ်လောက်ထိ မြူးပြီး ဘယ်လောက်ထိ လန်းမလဲဆိုတော့ ” မြူးတာကတော့ ကမ်းကုန်အောင် မြူးလို့ ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ အားလုံးလိုလို ရက်ပ်တွေချည်းပဲ ဆိုထားတာတော့ မဟုတ်ပါဘူး။ မယ်လိုဒီပုံစံနဲ့ သီချင်းတချို့ ဆိုထားတာလည်း ပါတယ်။ သရုပ်ဆောင် ဂန္ထ၀င်နဲ့ တွဲဆိုတဲ့ သီချင်းဆိုရင် သူက ရက်ပ် ဆိုချင်တယ် တဲ့။ ဒီတော့ ကျွန်တော်က ကောင်းတယ်။ ကိုယ်က မယ်လိုဒီပိုင်း ဆိုမယ်ဆိုပြီး ဆိုပေးခဲ့တယ်။ ကျွန်တော်က တော်ရုံတန်ရုံ မယ်လိုဒီ သိပ် ဆိုလေ့ မရှိဘူး လေ။ ဒီထဲမှာတော့ ဆိုထားတယ်။ ကောင်းတဲ့ သီချင်းတွေချည်းပဲ ဆိုထားတာပါ။ သင်္ကြန်မှာ ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့ မတူဘဲ အားလုံး ပိုပြီး ပျော်ရွှင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒီနှစ်က ပိုပြီး ထူးခြားမယ်လို့လည်း ယုံကြည်ပါတယ်။ ရန်ကုန်မှာ ဒီနှစ် ပိုပြီး စည်ကားမယ်လို့လည်း ထင်တယ်” လို့ ဘရိတ်ကီက ဖြေပါတယ်။

ဘရိတ်ကီရဲ့ သင်္ကြန်တေး စီးရီးကို ပါရမီဖြည့်ဖက် ဇနီး မဖြူက ကိုယ်တိုင် စီစဉ်ပြီး မူပိုင်အနေနဲ့ ထုတ်ဝေ ဖြန်ချီခဲ့တာ ဖြစ်ပါတယ်။ ”ကိုဘရိတ်ကီရဲ့ သီဆိုတတ်ပုံတွေ ဖန်တီးတတ်ပုံတွေကို သိမြင်နေရတော့ ကိုယ်တိုင်ပဲ ထုတ်ဝေ ဖြစ်တာပါ။ အပါးလေး တေးစီးရီးကတည်းက စလုပ်ဖြစ်တာ ဒါနဲ့ဆို နှစ်ခွေရှိပြီ။ အပါးလေး ဗီဒီယိုကိုလည်း ထပ် လုပ်ပေးဦးမှာပါ” လို့ မဖြူက ဆိုပါတယ်။ မဖြူက ဒီ တေးစီရီးကို ၄၅ ရက်နဲ့အပြီး စီစဉ်ခဲ့တာလို့လည်း သိရပါတယ်။

ဘရိတ်ကီရဲ့ ဘရိတ်ကီ+သင်္ကြန် တေးစီးရီးကို မတ်လ ၁၀ ရက်ကျော်မှာ ထင်းရှူးရိပ် တေးသံသွင်းကနေ စတင် ဖြန်ချီတော့မှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းပွဲအနေနဲ့ကတော့ မတ်လ ၂၄ ရက်နေ့၊ ညနေ ၆ နာရီအချိန် လှိုင်သာယာ ဗစ်တိုးရီးယားမှာ လက်မှတ် ရေးထိုး ရောင်းချမှာဖြစ်ပြီး ဧပြီလ ၇ ရက်နေ့မှာတော့ နေ့လယ် ၁ နာရီ အချိန် ရွှေတိဂုံဘုရား တောင်ဘက်မုခ်က Happy World အမှတ် ၁ နဲ့ ညနေ ၄ နာရီအချိန် မြေနီကုန်းမှာ ရှိတဲ့ Happy Zone (Happy World 3) တို့မှာ လက်မှတ်ရေးထိုး ရောင်းချမယ်လို့ သိရပါတယ်။
အဆိုတော် - ၄၅ ရက်နဲ့ အပြီး ဖန်တီးခဲ့တဲ့ ဘရိတ်ကီး+သင်္ကြန် - Mar 8 2012 02:23 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005