သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲနဲ့ ညစာစားပွဲ

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၉ မှ
သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့နေ ဦးမြင့်စိုးနဲ့ ဒေါ်အင်ကြင်းဇေယျတို့ရဲ့ သား မောင်သက်နိုင်အောင်ဇေယျ (Graduate in Bentley Hospitality Institution (TATF), Diploma of Hospitality & Management (Food & Beverages), Tuart College, Perth နဲ့ ရန်ကုန်မြို့နေ ဦးကျော်ထိုက်နဲ့ ဒေါ်ခင်အေးနိုင်တို့ရဲ့ သမီး မသဇင် (အဆိုတော်၊ သရုပ်ဆောင်) Second Year (Eco) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ၂၀၁၂ ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၉ နာရီက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့က ၂၀၁၂ ဇန်န၀ါရီလ ၁ ရက်နေ့မှာ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲမှာ သဉ္စာနွယ်ဝင်း၊ ဧရီရယ်သုတတို့ ညီအစ်မ၊ အိန္ဒြာကျော်ဇင်ရဲ့ တူမများ၊ သက်နိုင်အောင်ဇေယျရဲ့ ညီများက သတို့သားအရံ၊ သတို့သမီးအရံ၊ ဗန်းကိုင်၊ ပန်းကြဲများအဖြစ် တာဝန်ယူပေးခဲ့ကြတာပါ။ မင်္ဂလာမောင်နှံတို့ မင်္ဂလာခန်းမထဲဝင်ချိန်မှာ ဟေမာနေ၀င်းက မင်္ဂလာအခါတော်ပေး သီဆိုပေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံတို့အတွက် မင်္ဂလာအောင် စပယ်ပန်းကုံးနဲ့ မင်္ဂလာလက်စွပ်တို့ကို ဦးဉာဏ်ထွန်းအောင် (စက်မှုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး) နဲ့ ဇနီးတို့က ဆင်မြန်းပေးခဲ့တာပါ။ မနက်ပိုင်း မင်္ဂလာဧည့်ခံပွဲအပြီး ညနေပိုင်းမှာတော့ သဇင်တို့ မင်္ဂလာမောင်နှံက ညစာစားပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်မှာ ပြုလုပ်ခဲ့ပါတယ်။ ညပိုင်းမှာတော့ မိသားစု၊ မောင်နှမ၊ သူငယ်ချင်းများနဲ့ မင်္ဂလာ ညစာစားပွဲကို ပျော်ပျော်ပါးပါး ပေါ့ပါးစွာ ကျင်းပခဲ့တာပါ။ မင်္ဂလာမောင်နှံတို့က ညစာစားပွဲ ကျင်းပရာ မြက်ခင်းပြင်ကို ကားလေးမောင်းပြီး ၀င်လာပါတယ်။ အဲဒီနောက်မှာတော့ မင်္ဂလာမောင်နှံက ကျေးဇူးတင်စကား ပြောကြားပြီး မင်္ဂလာကိတ် လှီးခဲ့ပါတယ်။ မင်္ဂလာမောင်နှံတို့က ၀တ်စုံ နောက်တစ်စုံလဲပြီး မင်္ဂလာရှန်ပိန် ပုလင်းဖောက်ကာ မင်္ဂလာပွဲ အောင်မြင်ခြင်း၊ အထိမ်းအမှတ် ရှန်ပိန်များ သောက်ခဲ့ကြတာပါ။ မင်္ဂလာ မောင်နှံနဲ့ မိတ်ဆွေ သူငယ်ချင်းများ၊ ဧည့်သည်များ ပျော်ရွှင်နိုင်ဖို့ မောင်မောင်အေး (Dream Boat) ဂိမ်းကစား ပေးခဲ့ပါသေးတယ်။ မင်္ဂလာညစာ စားပွဲမှာ ကားမောင်းပြီး ထွက်လာရတာက ထူးထူးခြားခြားလေး ဖြစ်ချင်တာရယ်၊ အထူးအဆန်း ဖြစ်ချင်တာရယ်၊ ပျော်ချင်တာရယ်ကြောင့် စီစဉ်ဖြစ်တာပါ။ သြစတြေးလျမှာ မင်္ဂလာ ဧည့်ခံပွဲ သွားလုပ်ဦးမှာဖြစ်ပြီး သြစတြေးလျမှာ တလနီးပါးလောက်နေဖို့ သဇင်က စီစဉ်ထားပါတယ်။ သက်နိုင်အောင်ဇေယျက သြစတြေးလျမှာ နေတာကြောင့် မြန်မာပြည်နဲ့ သွားလိုက် ပြန်လိုက် လုပ်နေမှာဖြစ်ပြီး သဇင်က အနုပညာအလုပ်တွေကို ဆက်လုပ်သွားမှာဖြစ်တယ်လို့ သဇင်က ဆိုပါတယ်။ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ရဲ့ မင်္ဂလာ ညစာစားပွဲမှာ Plus 3 တီးဝိုင်းရဲ့ တီးခတ်မှုနဲ့အတူ ဖိုးကာ၊ ရင်ဂို၊ ရှင်ဖုန်း၊ ကော်နီ၊ ကဗျာဘွဲ့မှူး၊ မေဆွိတို့က သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ပါတယ်။ သဇင်ရဲ့ သူငယ်ချင်း အားတီကလည်း သီချင်းနဲ့ ဖျော်ဖြေပေးခဲ့သလို Little Uranium အဖွဲ့ကလည်း အကများနဲ့ တင်ဆက်ခဲ့ပြီး မင်္ဂလာညစာစားပွဲကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့က ဟန်းနီးမွန်းခရီးအဖြစ် ဒူဘိုင်းကို သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၉ မှ
အဆိုတော် - သက်နိုင်အောင်ဇေယျနဲ့ သဇင်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲနဲ့ ညစာစားပွဲ - Mar 4 2012 05:07 AM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012