Top Advertisement
Channel 7 ရုပ်သံလိုင်း အသစ်မိတ်ဆက်
The Rays of Light Journal No. 695, Page 18

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၈ မှ

၂၀၁၂ ခုနှစ်မှာ MRTV 4 နဲ့ Forever Blossom တို့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ အသစ် ထုတ်လွှင့်နိုင်တော့မယ် Channel 7 ရုပ်သံလိုင်းအသစ်နဲ့ 4 Digital ရုပ်သံလိုင်းများ မိတ်ဆက်တဲ့ပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီ အချိန်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဆောင်ရွက်မယ့် Channel 7, MRTV 4, Forever Group, Forever Blossom, Media Kabar, Forever BECTERO တို့ရဲ့ အသိပေး မိတ်ဆက်တဲ့ အခမ်းအနားမှာ Forever Group ကုမ္ပဏီလီမိတက်မှ CEO ဦးဝင်းမော်က ကျေးဇူးတင်စကား စတင် ပြောကြားပြီး Forever Bolssom ကုမ္ပဏီလီမိတက်မှ MD ဦးဝင်းသူရလှိုင်က စီစဉ်တင်ဆက်ထားမှုများကို ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။ အဲဒီနောက် Signature Myanmar မှ လက်ဝတ်ရတနာများနဲ့ မော်ဒယ်လ်လေးများက ဖက်ရှင်ရှိုး ပြသပေးခဲ့ပါတယ်။

အဲဒီနောက် Forever Group ရဲ့ စီစဉ် တင်ဆင်သွားမယ့် အစီအစဉ်များဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှ EBS ရုပ်မြင်သံကြား၊ ထိုင်းနိုင်ငံမှ BECTERO ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CCTV ရုပ်မြင်သံကြား၊ ဂျာမနီနိုင်ငံမှ DW ရုပ်မြင်သံကြား၊ တောင်ကိုရီးယားနိုင်ငံမှ Arriang ရုပ်မြင်သံကြား၊ ABU (Asia Broadcast Union), AIBD (Asia Pacific Institute of Broadcasting Development ) အစရှိတဲ့ အဖွဲ့အစည်းများရဲ့ နည်းပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီများ ရယူပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အရည်အသွေး ကောင်းမွန်တဲ့ ရုပ်မြင်သံကြား အစီအစဉ်ကောင်းများ၊ မြန်မာနိုင်ငံအတွင်း ထုတ်လွှင့်နိုင်ရန်အပြင် မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်ကောင်းများကိုလည်း ပြည်ပ ရုပ်သံဈေးကွက်ကို ထိုးဖောက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဆက်လက်ပြီး ထိုင်းနိုင်ငံရဲ့ အောင်မြင် ကျော်ကြားတဲ့ Channel တခုဖြစ်တဲ့ Channel – 3 အစီအစဉ်များကို ထုတ်လွှင့်ပေးနေတဲ့ BECTERO မှ မြန်မာနိုင်ငံသား မစ္စတာ ဘရိုင်ယန်နဲ့အတူ တွဲဖက် လုပ်ဆောင်ကြမယ့် ရုပ်သံ အစီအစဉ်သစ်များ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ဒီ အစီအစဉ်များကို မကြာမီ Channel 7 ရုပ်သံလိုင်း အသစ်ရဲ့ 4 Digital ရုပ်သံလိုင်းများမှာ ပြသပေးသွားတော့မယ့်အပြင် နိုင်ငံတကာ ရုပ်မြင်သံကြားလိုင်းများတွေမှာ ပြသနိုင်ရန် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
အနုပညာ - ချန်နယ်လ် ဆဲဗဲန်း - Mar 4 2012 04:55 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005