ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန ထိခိုက် ဒဏ်ရာရသူများ ကူညီရေးအဖွဲ့သို့ ထူးမိသားစုရဲ့ အလှူ

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၂ မှ
သရုပ်ဆောင် ရန်အောင်နဲ့ မေသန်းနုတို့ ဦးဆောင်ပြီး တည်ထောင်ထားတဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာန ထိခိုက် ဒဏ်ရာရသူများ ကူညီရေးအဖွဲ့ကို ထူးရေခဲမုန့်မှ မောင်ဖြိုးသူရနဲ့ ခင်စုစုဝင်းတို့ ဇနီးမောင်နှံက ငွေကျပ် သိန်း ၅၀ လှူဒါန်းပေးခဲ့ကြပါတယ်။
လှူဒါန်းတဲ့ အစီအစဉ်ကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီအချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး ထူးရေးခဲမုန့် မိသားစုဝင်တို့က ငွေကျပ် သိန်း ၅၀ လှူဒါန်းပေးခဲ့ကြပါတယ်။
မောင်ဖြိုးသူရနဲ့ ခင်စုစုဝင်းတို့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပဖြစ်ခဲ့တဲ့ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲက ရရှိလာတဲ့ လက်ဖွဲ့ငွေများကို ခွဲဝေ လှူဒါန်းပေးတာဖြစ်ပြီး ရန်အောင်၊ မေသန်းနုတို့ ဦးဆောင်တဲ့ အဖွဲ့အတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းပေးခဲ့သလို အခြား လိုအပ်တဲ့ နေရာများမှာလည်း လှူဒါန်းဖြစ်ခဲ့ကြောင်း သိရပါတယ်။ သရုပ်ဆောင် ရန်အောင်က အခုလို လှူဒါန်းပေးခဲ့တဲ့ မင်္ဂလာ ဇနီးမောင်နှံရဲ့အလှူကို အထူးပဲ ကျေးဇူးတင်ကြောင်း အရေးပေါ်ဌာနကို ထိခိုက်ဒဏ်ရာရပြီး ရောက်ရှိလာတဲ့ လူနာများက တချို့ ငွေကြေးတတ်နိုင်တာရှိပေမဲ့ တချို့ကျတော့လည်း တကယ်ပဲ ငွေကြေး ချို့တဲ့ကြကြောင်း၊ အဲဒီလို အခါမျိုးမှာ အချိန်မီ ချုပ်၊ အစုတ် သက်သာဆိုသလို စောစောစီးစီး ကုသနိုင်စေဖို့ အချိန်မီ ချက်ချင်း ဆေးဝါးကုသမှု ခံယူနိုင်စေဖို့ စီစဉ်ပေးထားတာဖြစ်ကြောင်း၊ ဘုရားယတြာမှာလည်း သံဃာတော်များကို လှူမယ်ဆိုရင် ဆန်၊ ဆီ၊ ဆားစတဲ့ အင်္ဂါနံကို လှူရင် ယတြာကျေတယ်လို့ ယူဆထားကြောင်း၊ ဒါကြောင့် ဆေးအလှူက အလှူတွေထဲမှာ မြင့်မြတ်သလိုဖြစ်ပြီး ယတြာချေသလိုလည်း ဖြစ်သွားတဲ့အတွက် ဆေးအလှူမှာ ပါဝင် လှူဒါန်းကြစေလိုကြောင်း ရန်အောင်က ပြောပြခဲ့ပါတယ်။
အနုပညာ - ထူးမိသားစု - Mar 4 2012 12:39 AM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012