Top Advertisement
သူများနဲ့ မတူအောင် ၀တ်မယ်ဆိုတဲ့ စိတ်ကူမျိုး မရှိတဲ့ သူ
The Rays of Light Journal No. 695, Page 22

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၂၂ မှ

မိန်းကလေး Rapper အဆိုရှင် မိစန္ဒီက ကိုယ်တိုင်ရေး ကိုယ်တိုင် သီဆိုနိုင်တဲ့ အဆိုရှင် တဦး ဖြစ်ပါတယ်။ မိစန္ဒီက မကြာခင်ကမှ ထွက်ထားတဲ့ ပထမဆုံး တကိုယ်တော် တေးစီးရီး မိုနိုပိုလီ ထဲမှာလည်း သီချင်း ၅ ပုဒ်ကို ကိုယ်တိုင် ရေး၊ ဆိုထားပါတယ်။ မိစန္ဒီက သီချင်းရေးသားမှုပိုင်းနဲ့ ပတ်သက်ပြီး ”အခုချိန်ထိ ညီမ ရေးထားတာ အပုဒ် ၂၀ လောက် ရှိပါပြီ။ အကုန်လုံးတော ပရိသတ်ကို ချ မပြရဲသေးဘူး။ ပရိသတ်ရှေ့မှောက် ရောက်တာဆိုရင် ပျော်စရာကြီး အခွေထဲမှာပါတဲ့ ၉၉.၉ ရာခိုင်နှုန်း ဆိုတဲ့ သီချင်း၊ အဲဒီ သီချင်းကို မိန်းကလေး ၃ ယောက်၊ ယောက်ျားလေး ၃ ယောက် ဆိုရတာ။ Jenny ရယ်၊ ညီမရယ်၊ Bobby Soxer ရယ်၊ ယောင်္ကျားလေးကတော့ ပြည့်စုံရယ်၊ ညီသူရယ် 3M ရယ် အသစ်တွေ ပေါ့။ အဲဒီ သီချင်းလေးကိုလည်း ပရိသတ်ကြိုက်တယ်။ အဲဒီသီချင်းထဲက Rap စာသားက ညီမကိုယ်တိုင် ရေးထားတာ။ ပထမဆုံး ပရိသတ် ရှေ့ရောက်တဲ့ သီချင်းပေါ့။ Underground အခွေတခွေတုန်းကလည်း တပုဒ် ပါဖူးတယ်။ Solo Show တေးစီးရီမှာလည်း တပုဒ် ပါတယ်။ နောက်ထပ်လည်း အတွဲ စီးရီးတွေမှာ ညီမ ရေးထားတာတွေ ထပ် ပါလာဦးမှာပါ” လို့ ဆိုပါတယ်။ မိစန္ဒီက ဖက်ရှင်ကိုလည်း သူတို့ ခေတ်နဲ့ လိုက်အောင် ဖန်တီးဝတ်ဆင်တတ်သူ ပါ။ ဖက်ရှင်ကို တီထွင်ရာမှာလည်း သူများနဲ့ မတူအောင် ၀တ်မယ်ဆိုတဲ့ စိတ်ကူးမျိုး မရှိဘဲ မိမိနဲ့ လိုက်ဖက်တဲ့ ၀တ်စုံကိုသာ ၀တ်ဆင်လေ့ ရှိပါတယ်။

”ညီမ ကြိုက်တဲ့ ပုံစံလည်း ဖြစ်မယ်။ ညီမ သီဆိုတဲ့ သီချင်းလည်း ကိုက်ညီရမယ်။ ခေတ်နဲ့လည်း လိုက်ဖက်ရမယ် ပေါ့။ ဥပမာ ဟစ်ဟော့ပ် အော်ဂတ်စတာပဲ ထားပါတော့။ အဲဒီပွဲမှာ ညီမတို့က ဟစ်ဟော့ပ် ဖက်ရှင် အပ္ပကြီးတွေ ၀တ်ပြီးတော့ တီးဝိုင်းနဲ့ တက်ဆိုလို့ အဆင်မပြေဘူး လေ။ အဲဒီပွဲမျိုးဆို စဉ်းစားရပြီ ပေါ့။ သူများတွေက ဒီလိုဝတ်လာလိမ့်မယ်လို့ မထင်တဲ့ ပုံစံမျိုးကို ညီမက ဒီဇိုင်နာတွေနဲ့ တိုင်ပင်ပြီးတော့ ၀တ်လေ့ ရှိတယ်။ ပြီးတော့ ဖက်ရှင်ပုံတွေကို Download ဆွဲတယ်။ Facebook တို့၊ Internet တို့မှ ဓာတ်ပုံတွေ၊ သီချင်းတွေ ဖက်ရှင်ပုံတွေကို အမြဲတမ်း Download ဆွဲတယ်။ ပြီးတော့ ဒီဇိုင်နာနဲ့ တိုင်ပင်ပြီးတော့ ချုပ်တယ်။ ပွဲနဲ့ လိုက်ဖက်တဲ့ ပုံစံတွေ လုပ်လေ့ ရှိတယ်” လို့ မိစန္ဒီက သူမရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါသေးတယ်။

မိစန္ဒီကို လူငယ် ပရိသတ်တွေ နှစ်သက်ထားပေးတဲ့ Hip Hop Show ပွဲတိုင်းမှာ တွေ့မြင်ရပါတယ်။ ဒါ ဘာကြောင့်လဲလို့ မေးကြည့်လိုက်တာ ”ဒါကတော့ မိန်းကလေး အဆိုရှင် ရှားလို့ ပါ။ ကိုဘိုစန်းတို့ကလည်း Hip Hop Show ပွဲတိုင်းမှာ လက်တွဲနေကျဆိုတော့ အဆင်ပြေတယ်။ ပြီးတော့ Hip Hop ပရိသတ်ကလည်း ကိုယ်နဲ့ တသားတည်းကျတဲ့ ပရိသတ် ဖြစ်နေတယ်။ Underground အခွေတွေ ထွက်တဲ့အချိန်ကတည်းက ကိုယ်နဲ့အတူရှိနေတဲ့ ပရိသတ် ဖြစ်နေတယ်။ ပရိသတ်က ကိုယ့်ကို ချစ်လည်း ချစ်တယ်။ အားလည်း အားပေးကြတယ်။ ဒီပရိသတ်ကြီးနဲ့ တွေ့ရတာ အရမ်း ၀မ်းသာတယ်။ ပရိသတ်နဲ့ကလည်း အဆင်ပြေတယ်။ ပွဲစီစဉ်သူအနေနဲ့ကလည်း အဆင်ပြေတယ်။ ညီမတို့ ဆိုရတာလည်း အဆင်ပြေတယ်။ ပြီးတော့ မိန်းကလေး အဆိုရှင်တွေ ရှားလို့လည်း ဖြစ်မယ်ဆိုတဲ့ အကြောင်းတွေကြောင့်လို့ ညီမတော့ ထင်တာပဲ ” လို့ ဖြေခဲ့ပါတယ်။
အဆိုတော် - မိစန္ဒီ - Mar 4 2012 12:27 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005