Top Advertisement
မို့မို့ရဲ့ အိမ်မက်လေးထဲမှာ
The Rays of Light Journal No. 695, Page 12

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၂ မှ

၁၉၉၈ - ၁၉၉၉ ခုနှစ်က ချစ်သူသို့ တေးစီးရီး၊ ၂၀၁၂ ခုနှစ်မှာ မျက်စိမှိတ် ချစ်နေမယ် တစ်ကိုယ်တော် တေးစီးရီးများ သီဆိုဖြစ်ခဲ့တဲ့ တေးသံရှင် မို့မို့က သူ့ရဲ့ တတိယ တကိုယ်တော်တေး စီးရီးဖြစ်တဲ့ အိမ်မက်လေးထဲမှာ ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဖြန့်ချိပေးလိုက်ပါပြီ။ တေးစီးရီး စာနယ်ဇင်း မိတ်ဆက်တဲ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ဆာကူရာ တာဝါ အထပ် ၂၀ မှာ ကျင်းပခဲ့ပါတယ်။

မို့မို့ရဲ့ အိမ်မက်လေးထဲမှာ တေးစီးရီးကို The Sun Music Production မှ Audio CD အဖြစ် ဖြန့်ချိပေးသွားမှာဖြစ်ပြီး တေးသီချင်းများကိုတော့ တေးရေး စောခူဆဲ၊ ဆောင်းဦးလှိုင်၊ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ ညီညီသွင်၊ ကိုအောင်နဲ့ အောင်ကိုမြင့်တို့က ရေးသားပေးထားကြတာ ဖြစ်ပါတယ်။ တီးခတ်ပေးထားကြတဲ့ တေးဂီတအဖွဲ့များကတော့ Oasis, Metal Zone တို့နဲ့ Section Player များက တီးခတ် ပေးထားကြတာဖြစ်ပြီး ပေါ့ပ် သီချင်းချိုချိုလေးများကို မို့မို့ရဲ့ ထုံးစံအတိုင်း သီဆိုပေးထားတာဖြစ်ပါတယ်။

မို့မို့ရဲ့ တေးစီးရီးထဲမှာ ပါဝင် ရေးသားပေးထားတဲ့ တေးရေးဆရာ စောခူဆဲက မို့မို့ရဲ့ အသံကို သူ့အနေနဲ့ ကြိုက်နှစ်သက်သလို မို့မို့ရဲ့ မိခင်ဖြစ်သူ ဒေါ်ဖြူသီကတည်းက ကြိုက်နှစ်သက်ခဲ့တာဖြစ်လို့ မို့မို့အတွက် သီချင်းတွေ ရေးပေးဖြစ်ခဲ့ကြောင်း၊ ဖြူသီနဲ့ မို့မို့က အသံဆင်သလိုရှိပေမဲ့ တကယ်တမ်းကျတော့ တယောက်နဲ့ တယောက် မတူကြောင်း၊ မို့မို့ရဲ့အသံက သူ့ရဲ့ကာလာတခု ရှိသလို Expression လည်း ကောင်းတဲ့အတွက် ရေးပေးလိုက်တဲ့ သီချင်းတွေ ဆိုပြီးရင် အကြိုက်တွေ့ခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့ကြောင်း၊ မို့မို့ရဲ့ သီချင်း အနားသတ် ပုံစံလေးတွေကလည်း သူများနဲ့ မတူ တမူ ထူးခြားအောင် သီဆိုနိုင်စွမ်းရှိသူဖြစ်ကြောင်း၊ မိုမို့အတွက် သီချင်းတွေ ရေးပေးဖို့ လာပြီး တောင်းဆိုတဲ့အခါ မို့မို့ရဲ့ အသံ၊ မို့မို့ရဲ့ ဆိုပုံဆိုပေါက်တွေကို သိထားပြီးသားဖြစ်လို့ သူနဲ့အလိုက်ဖက်ဆုံး သီချင်းတွေ ရေးပေးဖြစ်ကြောင်း၊ မို့မို့ကလည်း ပြေပြေလေးနဲ့ နုနုလေးဆိုရတာ သဘောကျတဲ့အတွက် ကြယ်တွေ ကြွေတဲ့အချိန် နဲ့ သူရှိရင် သီချင်း နှစ်ပုဒ် ရေးသားပေးထားကြောင်း၊ မို့မို့ရဲ့ သီချင်းများကို အရင်ကအတိုင်း ပရိသတ်များ ကြိုက်နှစ်သက်ဦးမှာဖြစ်ကြောင်း စောခူဆဲက ပြောပြခဲ့ပါတယ်။
ဂီတ - မို့မို့ - Mar 4 2012 12:07 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005