Top Advertisement
မန္တလေးမှာ နေရာပြောင်း ကျင်းပခဲ့တဲ့ အိုင်စီရှိုး
The Rays of Light Journal No. 695, Page 11

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၁ မှ

မန္တလေးတောင်ခြေ Mandalay Hill Resort Hotel မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက အိုင်စီ တေးဂီတ ဖျော်ဖြေပွဲ ကျင်းပပါတယ်။ ရော့ခ် ဂီတရဲ့ မန္တလေး ညလို့ အမည်ပေးထားပြီး High Class စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲကို မြင်းပြိုင်ကွင်းမှာ ကျင်းပမယ်လို့ ကြော်ငြာဘုတ်တွေ၊ လမ်းဖြတ်ပိုစတာတွေနဲ့ ကြော်ငြာထားပေမဲ့ ကျင်းပခွင့် မရဘဲ Mandalay Hill Resort Hotel ကို ပြောင်းရွှေ့ ကျင်းပတာ ဖြစ်ပါတယ်။ အိုင်စီ ပရိသတ်တွေ အချို့က အရင်ကတည်းက ကျင်းပဖို့ စီစဉ်ထားတဲ့ မြင်းပြိုင်ကွင်းကို သွားခဲ့ကြတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန္တလေးက အိုင်စီ ပရိသတ်များကတော့ ရောခ့်ဂီတရဲ့ မန္တလေး ညမှာ High Class နဲ့အတူ ပျော်ရွှင်စွာနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ အိုင်စီရဲ့ ပင်တိုင် တေးသံရှင်များဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းနဲ့ အဆိုတော်များက အားပါတရ သိဆို ဖျော်ဖြေကြပါတယ်။
ဂီတ - အိုင်စီ မန္တလေး - Mar 3 2012 11:58 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005