Top Advertisement
ပန်းချီ မြသောင်းရဲ့ ဗိုလ်ချုပ်ပုံ မန္တလေးခရီးစဉ်မှာ ဒေါ်စုကို လှူမည်
The  Rays of Light  Journal No. 695, Page 14

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၁၄ မှ

ထူးခြား လျှို့ဝှက်မှုတွေပါတဲ့ ပန်းချီမြသောင်း ရေးဆွဲခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပန်းချီကား တချပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးခရီးစဉ်အတွင်းမှာ ပေးအပ် လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ ပန်းချီဆရာ မြသောင်းရဲ့ ညီမဖြစ်သူက ပြောပါတယ်။ အစ်ကိုကြီးက ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကို ၁၉၈၄ ခုနှစ်မှာ တကား ရေးဆွဲခဲ့ဖူးပါတယ်။ ၁၉၈၅ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားပဲ နောက်ထပ် ဆွဲပါတယ်။ ၁၉၈၅ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားဟာ အစ်ကိုကြီး စိတ်ကြိုက် ပန်းချီကား ဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့ လွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ခိုက်ရာမှာ ခက်ထန်သလောက် မြန်မာပြည်သူတွေအပေါ်မှာ ထားတဲ့ စိတ်ဓာတ်ကျတော့ ပျော့ပျောင်း နူးညံ့လွန်းတဲ့အတွက် ပန်းချီကားရဲ့ ဘယ်ဘက် လက်ဖ၀ါးပြင်ကို သေသေချာချာ ကြည့်ရင် ပန်းနုရောင်သန်းနေတာကို တွေ့ရလိမ်မယ်လို့ အစ်ကိုကြီး မဆုံးခင်က ပြောပြခဲ့တယ်လို့ ညီမဖြစ်သူက ဆိုပါတယ်။ ပန်းချီကားကို ဒေါ်အောင်ဆန်းစုကြည်ထံ လက်ရောက် ပေးအပ် လှူဒါန်းသွားမှာဖြစ်သလို ပန်းချီကားအကြောင်းကိုလည်း သေသေချာချာ ရှင်းပြမှာ ဖြစ်ပါတယ်။ မျိုးမြင့်ဆွေ (ခ) ပန်းချီမြသောင်းဟာ အမျိုးသားစာပေဆုရှင် စာပေ၊ ဂီတ၊ ပန်းချီပညာရှင်၊ ကဗျာဆရာ ဖြစ်ပါတယ်။ ပန်းချီမြသောင်းကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ မန်ကျည်းတောရွာမှာ ၁၉၃၃ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့က ဦးအေးမောင်၊ ဒေါ်လေးငွေတို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်း (၈) ဦးအနက် ဒုတိယမြောက် ဖြစ်တယ်။ ပန်းချီပညာနဲ့ အသက်မွေးခဲ့တဲ့ ဆရာ ဦးမြသောင်းဟာ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မန္တလေး ပြည်သူ့ဆေးရုံကြီးမှာ သည်းကြွပ်ရောဂါ (Cirrhosis Liver) နဲ့ ကွယ်လွန်ခဲ့ပါတယ်။
ပန်းချီ - ဗိုလ်ချုပ်အောင်ဆန်း ပန်းချီမြသောင်း - Mar 1 2012 03:17 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005