Top Advertisement
တေးပြုစာဆို ဦးဘသိန်း (မန္တလေး) ရာပြည့် အထိမ်းအမှတ် ဂီတပွဲတော် ကျင်းပဖို့ စည်းဝေး
The  Rays of Light  Journal No. 695, Page 23

အလင်းတန်းဂျာနယ် အမှတ် ၆၉၅ စာမျက်နှာ ၂၃ မှ

မြန်မာနိုင်ငံ ဂီတအစည်းအရုံး နာယက၊ မန္တလေး မြို့မ အပျော်တမ်း တူရိယာအသင်းကြီး၏ နာယကကြီး တေးပြုစာဆို ဦးဘသိန်း (မန္တလေး) ရာပြည့် အထိမ်းအမှတ် ဂီတပွဲတော် ကျင်းပနိုင်ဖို့အတွက် ဗဟိုကော်မတီ ဖွဲ့စည်းရေး အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ် ၂၁ x ၈၆ လမ်းထောင့်က မြို့မ အပျော်တမ်း တူရိယာအသင်းမှာ ကျင်းပပြုလုပ်ပါတယ်။ အစည်းအဝေးမှာ ဆွေးနွေး ညှိနှိုင်းမှုတွေအပြီး တေးပြုစာဆို ဦးဘသိန်း (မန္တလေး) ရာပြည့် အထိမ်းအမှတ် ဂီတပွဲတော်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၈ ရက် စနေနေ့ ည ၇ နာရီမှာ ကျင်းပပြုလုပ်ဖို့ ပဏာမ သတ်မှတ်လိုက်ပါတယ်။ ရာပြည့် အထိမ်းအမှတ် ဂီတပွဲတော် ဖြစ်မြောက်ဖို့အတွက် ဗဟိုကော်မတီများ ဖွဲ့စည်းရာမှာ နာယကများအဖြစ် မြို့မဦးပေါ၊ ဦးကိုလေး၊ ဦးကျော်သောင်း၊ ဦးစိန်ဝင်း၊ နတ်မောက်ဦးထွန်းရှိန်၊ ဦးအေးကို၊ ဒေါ်ဝေေ၀၊ ဦးရွှန်းမြိုင်၊ ဦးခင်မောင်သန်း (ကျားပုံနှိပ်တိုက်) တို့ကို တင်မြှောက်ထားပြီး ဥက္ကဋ္ဌ ဒေါက်တာလှခိုင်၊ ဒု ဥက္ကဌ ဦးခင်မောင်သန်း (တေးချစ်သူ)၊ အတွင်းရေးမှူး ဦးလွင်ဦး၊ တွဲဖက် အတွင်းရေးမှူး စာရေးဆရာ ဆူးငှက်တို့က တာဝန်ယူကြမှာ ဖြစ်ပါတယ်။ ဖျော်ဖြေရေး၊ မှတ်တမ်းတင်ရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ဧည့်ခံကြိုဆိုရေး၊ ပြန်ကြားရေး ကော်မတီဝင် အသီးသီးကိုလည်း ဖွဲ့စည်းပါတယ်။ ဂီတစာဆို ဦးဘသိန်းကို မန္တလေးမြို့၊ ဈေးချိုတော် မြောက်ဘက်၊ ရေကြည်ရပ်နေ အဖ ဦးပေါအိ (ကုန်သည်)၊ အမိ ဒေါ်ခင်တို့မှ ၁၉၁၁ ခုနှစ် ဇူလိုင်လ ၁၃ ရက်၊ ကြာသပတေးနေ့မှာ မွေးဖွားပါတယ်။ ငယ်စဉ်ကတည်းက ဂီတနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိကာ တယောထိုးခြင်း၊ ဟာဝေယံဂီတာ၊ မြန်မာဂီတာ တီးခြင်းတို့ကို လေ့လာ သင်ယူ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ သံစဉ်များကို ရှာဖွေတတ်ရာက တေးသီချင်းများကို စတင် ရေးဖွဲ့ခဲ့ပြီး ဗုတ်တလုတ် ကန်တော် သီချင်းက ပထမဆုံးလက်ရာ ဖြစ်ပါတယ်။ (တင် - နန်းတော်ရှေ့ဆရာတင်၊ ငြိမ်း - မြို့မငြိမ်း၊ သိန်း - ဦးဘသိန်း) (တင်၊ ငြိမ်း၊ သိန်း) ဆိုပြီး ဂီတစာဆို ၃ ဦး လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပြီး မြို့မအဖွဲ့ကို ၁၉၄၅ မှ ၁၉၅၁ ထိ တာဝန်ယူခဲ့ပါတယ်။ ဂီတစာဆို ဦးဘသိန်း (မန္တလေး) က ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်မှာ မန္တလေးမြို့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီက ကြာနီကန် သုဿန်မှာ ဂူသွင်း သဂြိုံဟ်ပါတယ်။
ဂီတ - ဦးဘသိန်း (မန္တလေး) - Mar 1 2012 02:39 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005