Top Advertisement
အနုပညာရှင်များ ဈေးရောင်းပွဲက ရရှိငွေများ လှူဒါန်း
The  Rays of Light  Journal No. 694, Page 8

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၈ မှ

ပဉ္စမအကြီမ် ကျင်းပတဲ့ အနုပညာရှင်များ ဈေးရောင်းပွဲက ရရှိတဲ့ ငွေများကို ချန်ချန်က လှူဒါန်းခဲ့ပါတယ်။ လှူဒါန်းမှုကို ၂၀၁၂ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ မလိခလမ်းရှိ မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဈေးရောင်းပွဲက ရရှိတဲ့ အလှူငွေ ကျပ် သိန်း ၄၀ ကို နတ်မောက် အမျိုးသမီး အတတ်ပညာသင်ကျောင်း၊ ၀ိသာခါ သီလရှင်သင် ပညာရေးကျောင်းနဲ့ မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းတို့ကို ခွဲဝေ လှူဒါန်းခဲ့တာပါ။ လုပ်သမျှ ပွဲတွေထဲမှာ ဒီနှစ် လုပ်တဲ့ပွဲက အအောင်မြင်ဆုံးပွဲ ဖြစ်တယ်လို့ ဆိုတဲ့ ချန်ချန်က ”ဆိုင်ခန်းအရေအတွက်လည်း များတယ်။ အနုပညာရှင်အနေနဲ့လည်း များတယ်။ အနုပညာရှင်အနေနဲ့လည်း စုံတယ်လို့ ပြောနိုင်တယ်။ ခါတိုင်းနှစ်တွေမှာ အဆိုတော်တွေပဲ ပါပေမဲ့ ဒီနှစ်မှာတော့ သရုပ်ဆောင်တွေ တော်တော်များများလည်း ပါတယ်” လို့ ပြောပြပါတယ်။ မလိခ အမျိုးသမီး ကလေးများ သင်တန်းကျောင်းမှာ အလှူလုပ်ပြီး မလှူဖြစ်တာ လေးနှစ်လောက်ရှိပြီဖြစ်ပေမဲ့ ကြားထဲမှာ စာသင်ပေးတာမျိုးတွေကိုတော့ ချန်ချန်က လုပ်ဖြစ်ခဲ့ပါတယ်။ မိဘမဲ့ကလေးများအတွက် ပညာဒါနပြုလုပ်ပေးဖို့လည်း ချန်ချန်က စီစဉ်ထားတာပါ။ ”မိဘမဲ့ ကလေးများအတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ဈေးရောင်းပွဲမှာ ဇော်ဝင်းထွဋ်ရဲ့ သမီး ပါ၊ ဈေး လာရောင်းပေးပါ လို့ အနုပညာရှင်များကို ဆက်သွယ်ခဲ့တာကြောင့် ဖခင် ဇော်ဝင်းထွဋ်ရဲ့ ပံ့ပိုးမှုများစွာ ရှိခဲ့ပါတယ်” လို့ ချန်ချန်က ဆိုပါတယ်။

ချန်ချန် စီစဉ်တဲ့ ဈေးရောင်းပွဲမှာ ကိုရီးယား ထမင်းလိပ်နဲ့ ကိုရီးယား အစားအစာတို့ကို ရောင်းချပေးခဲ့တဲ့ ရှင်းရှင်းကလည်း ဒီအလှူပွဲကို တက်ရောက်ခဲ့ပါတယ်။ မိဘမဲ့ ကလေးများနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံ ပြောဆိုနေတဲ့ ရှင်းရှင်းက အလှူပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာသလို မလိခအမျိုးသမီးကလေးများ သင်တန်းကျောင်းမှာ ပထမဆုံး လှူရတာဖြစ်တဲ့အတွက် ၀မ်းသာကြောင်း၊ ကိုယ်တိုင်စိတ်ကျ ပါဝင်ပြီး တတ်နိုင်တဲ့ အင်အားနဲ့ ပါဝင် လှူဒါန်းရတာဖြစ်တဲ့အတွက် ၀မ်းသာကြောင်း ပြောပြပါတယ်။ ချန်းချန်း စီစဉ်တဲ့ အနုပညာရှင်များ ဈေးရောင်းပွဲက ရရှိတဲ့ အလှူငွေပေးပွဲမှာ စည်သူလွင်၊ သျှီ၊ နီတာ၊ အီတိုး၊ ဇော်ဝင်းထွဋ်တို့က လိယိုနာ့ဒ် မောင်မောင်လွင်၊ ဇော်မျိုးထွဋ်တို့ရဲ့ တီးခတ်မှုနဲ့ သီချင်းများ ဖျော်ဖြေပေးခဲ့ပါတယ်။ ဇော်ဝင်းထွဋ်ကို ကလေးများက သမီးလေး သီချင်းကို ဆိုဖို့ တောင်းဆိုကြသလို ရှင်းရှင်း၊ နီတာတို့ကိုလည်း သူတို့ ဆိုစေချင်တဲ့ သီချင်းများ တောင်းဆိုကြတာပါ။ မလိခ အမျိုးသမီးကလေးများ သင်တန်းကျောင်းမှာ မိဘမဲ့ အမျိုးသမီးကလေး ၁၆၉ ယောက်ရှိပြီး ပညာရေးကို အဓိကထား သင်ကြားပေးနေတာ ဖြစ်ပါတယ်။ သူငယ်တန်းကနေ ဒုတိယနှစ်တက်နေတဲ့ သူများအထိရှိပြီး သူတို့ရဲ့ ပညာရေး၊ စားဝတ်နေရေးတို့ကို တာဝန်ယူ စောင့်ရှောက်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အနုပညာ - ချန်ချန် ရန်ပုံငွေ ဈေးရောင်းပွဲ - Feb 29 2012 11:32 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005