ပုစွန်တွေ ဖတ်ဖို့ ကဗျာ ထွက်မယ့် သုခမိန်လှိုင်

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁၄ မှ
သီချင်းတွေ ဖန်တီးရေးသားသလို ကဗျာတွေလည်း ခံစားရေးဖွဲ့တဲ့ တေးရေး သုခမိန်လှိုင်က ပုစွန်တွေ ဖတ်ဖို့ ကဗျာ လက်ရွေးစင် ၁ စာအုပ် ထွက်ဖို့ ပြင်ဆင်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်အတွင်း ရေးထားတဲ့ ကဗျာတွေထဲက ကဗျာအပုဒ် ၂၀ ကို စုစည်းပြီး ထုတ်မှာပါ။ မန္တလေးက စာပေတိုက်တခုက ထွက်မှာဖြစ်တဲ့ ပုစွန်တွေ ဖတ်ဖို့ ကဗျာ စာအုပ်နဲ့ ပတ်သက်ပြီး သုခမိန်လှိုင်က “ပထမကတည်းက လက်ရွေးစင် ထုတ်ချင်တာ။ ထုတ်ဝေသူ မရှိလို့။ အရင်ထွက်ခဲ့တဲ့ ကဗျာစာအုပ်တွေက မဂ္ဂဇင်းမှာ စီးရီးလိုက် ရေးထားတာတွေကို ထုတ်ခဲ့တာ ” လို့ ဆိုပါတယ်။ ပုစွန်တွေ ဖတ်ဖို့ ကဗျာ က ၁၉၉၆ ခုနှစ် ပင်လယ် မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ ဖြစ်ပါတယ်။ ဒီကဗျာစာအုပ်ရဲ့ မျက်နှာဖုံးကို ဆရာ ဆန်နီညိမ်းက ပုံဖော်ပေးထားတယ်လို့ သိရပါတယ်။ စာအုပ်မှာပါဝင်တဲ့ ကဗျာများကို သုခမိန်လှိုင်က ထုတ်ဝေသူနဲ့ တိုင်ပင် ရွေးချယ် ထည့်ထားပြီး လက်ရွေးစင် ၂၊ ၃များ ဆက်လက် ထွက်ရှိဖို့ စီစဉ်ထားပါတယ်။ သုခမိန်လှိုင်ရဲ့ လက်ရွေးစင် ကဗျာများကို တနှစ်မှာ တအုပ် ထွက်ဖို့ စီစဉ်ထားတာပါ။
သုခမိန်လှိုင်က အင်ဒီဝါးဟိုး၊ အငြိမ့် အစရှိတဲ့ ကဗျာစာအုပ်များ ထွက်ရှိထားပြီး ဒီစာအုပ်များမှာ ပါတဲ့ ကဗျာများက မဂ္ဂဇင်းမှာ စီးရီးလိုက်ရေးတဲ့ ကဗျာများကို စုစည်းထုတ်ထားတာ ဖြစ်ပါတယ်။ သုခမိန်လှိုင်က လောလောဆယ်မှာ ရိုဘတ်စ်အရော ဆိုတဲ့ ကဗျာ စီးရီးကို Idea မဂ္ဂဇင်းမှာ ရေးသားနေပါတယ်။ ကဗျာတွေကို ရေးဖွဲ့ဖြစ်ပေမဲ့ သီချင်းတွေကိုတော့ ရေးသားတာ မရှိပါဘူး။ ဒါပေမဲ့ ထူးထူးထက်အတွက်တော့ သီချင်းတွေ ရေးဖြစ်တဲ့ သုခမိန်လှိုင်က ” သီချင်းတွေ မဖန်တီးဘူး၊ မရေးဘူးဆိုတာကလည်း ထူးထူးထက် နားလည်လို့ ပြောလို့ ရေးဖြစ်တာ။ အသက်မွေးဝမ်းကျောင်း ပိုက်ဆံအတွက်လို့ ဆိုပေမဲ့ ထူးထူးထက်က ကြုံလို့ သီချင်း နှစ်ပုဒ်၊ သုံးပုဒ် ရေးပေးပါမျိုး မဟုတ်ဘူး။ ကျွန်တော်ကလည်း ကြုံလို့ ရေးရတဲ့ အလုပ်ကို ဒီအသက်အရွယ်မှာ မလုပ်ချင်တော့ဘူး။ ပိုက်ဆံတော့ လိုချင်တယ်။ ဒါပေမဲ့ မလုပ်ချင်တော့ဘူး ” လို့ ဆိုပါတယ်။ သုခမိန်လှိုင်က ထူးထူးထက်ရဲ့ ငါ့ကိုယ်ငါ ဆိုတဲ့ သီချင်း တကိုယ်တော် စီးရီးမှာ ပါဝင်တဲ့ သီချင်းအားလုံးကို ရေးပေးထားတာ ဖြစ်ပါတယ်။
ကဗျာ - သုခမိန်လှိုင် ပုဇွန်တွေဖတ်ဖို့ ကဗျာ - Feb 29 2012 10:32 AM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012