Top Advertisement
သနပ်ခါး တကယ် လိမ်းဖြစ်သွားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး
The Rays of Light  Journal No. 694, Page 33

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၃၃ မှ

၂၀၀၉ ခုနှစ် အောက်တိုဘာမှာ ဇာတ်ညွှန်းရေးပြီးသွားတဲ့အတွက် ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမဲ့ ၂၀၁၂ မှာမှ ရိုက်ဖြစ်သွားတဲ့ ဇာတ်ကားက သနပ်ခါး ပါ။ သနပ်ခါး ဖာတ်ကားကို ဒီဗီဒီအဖြစ် ရိုက်ကူးနေသူက ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဇာတ်ကားရိုက်ကူးရေးတွေ နှစ်နှစ်လောက်နားပြီးမှ သနပ်ခါး ဇာတ်ကားကို ရိုက်ကူးနေတာပါ။ သနပ်ခါး ဇာတ်ကားကို Sony 350 နဲ့ ဒီဗီဒီအဖြစ် ရိုက်ကူးပေမဲ့ ရုပ်ရှင်အနေနဲ့ ပြောင်းလဲနိုင်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

" Work Flow အရ ဖလင်ကို Convert လုပ်လို့ ရတဲ့ဟာ ပါ။ ဒါပေမဲ့ ထွက်လာတဲ့ရလဒ်ကို ကြည့်ပြီး ထုတ်လုပ်ရေးက ရုပ်ရှင်အဖြစ် စဉ်းစားမယ် ထင်တယ်။ သရုပ်ဆောင်တွေဘက်က အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်” လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆိုပါတယ်။ သနပ်ခါး ဇာတ်ကားကို ပင်လယ် ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်တာ ဖြစ်ပြီး ရဲတိုက်၊ ၀တ်မှုံရွှေရည်၊ မေကဗျာ၊ နေအောင်၊ ရိုတ စတဲ့ သရုပ်ဆောင်များက ပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

သနပ်ခါးဇာတ်ကားကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက စီစဉ်ထားတာကြောင့် တကယ်တမ်း ရိုက်ကူးတဲ့အချိန်မှာ မင်းသမီး ပြောင်းလဲသွားပါတယ်။ “၀တ္ထုရဲ့ အဓိကဆိုလိုချက်က သရုပ်ဆောင် အကြီးအငယ်ဆိုတာထက် ငယ်ရွယ်တဲ့ လူငယ်နှစ်ယောက်နဲ့ အသက်ကြီးကြီး လူကြီးတယောက်တို့ တအိမ်ထည်းနေရင်းဖြစ်တဲ့ ဇာတ်လမ်း၊ အဲဒီတော့ အသက်အရွယ်ငယ်တာကြီးတာ သိပ် ပြဿနာ မရှိပါဘူး။ သရုပ်ဆောင်တွေ ပြောင်းသွားလည်း အဆင်ပြေပါတယ်“ လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက သရုပ်ဆောင် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

သနပ်ခါး ဇာတ်ကားက စာရေးဆရာ အောင်လင်းရဲ့ ရွှေဝတ်မှုံကို ရိုက်ကူးတာ ဖြစ်ပါတယ်။ သနပ်ခါး ဇာတ်ကားအတွက် Director of Photography တာဝန်ကို ဓာတ်ပုံ မျိုးမြင့်ဆွေက တာဝန်ယူထားပြီး ကင်မရာ မဲန်း တင့်ဆန်းက ရိုက်ကူးပေနေတာပါ။ ပင်လယ် ထုတ်လုပ်ရေးက စိတ်ကြိုက်ဖြစ်လို့ ရုပ်ရှင်အဖြစ် ပြောင်းလဲမယ်ဆိုရင် ပါဝင်သူ အားလုံးက ပျော်ရွှင်မှာ ဖြစ်ပြီး ပါဝင်သူများကလည်း ရုပ်ရှင် ဇာတ်ကားဖြစ်စေချင်ကြတယ်လို့ သိရပါတယ်။
The  Rays of Light  Journal No. 694, Page 33

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၃၃ မှ

ရုပ်ရှင် - မင်းထင် ကိုကိုကြီး သနပ်ခါး - Feb 29 2012 10:20 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005