Top Advertisement
ရွှေရတုမွေးနေ့ကို သီချင်းတွေဆိုရင်း ဖြတ်သန်းခဲ့တဲ့ မေဆွိ
The Light of Rays Journal No. 694, Page 18

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁၈ မှ

ဂီတလောကကို အသက် ၁၄ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့ပြီး ဂီတလောကမှာ တေးသီချင်းများစွာ သီဆိုဖြစ်ခဲ့သလို တေးစီးရီးများစွာ ထွက်ရှိနိုင်ခဲ့တဲ့ အဆိုတော် မေဆွိက သူ့ရဲ့ အသက် ၅၀ ပြည့် မွေးနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ မွေးနေ့ အထိမ်းအမှတ် သီချင်းတွေ သီဆိုရင်း ပရိသတ်များနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ပါတယ်။

မေဆွိအတွက် ရွှေရတု မွေးနေ့ ဂီတပွဲကို စီစဉ်ပေးခဲ့တာကတော့ FM Bagan နဲ့ အဆိုတော် ဇော်ဝင်းထွဋ်တို့က တာဝန်ယူ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ သိန်းတန် (မြန်မာပြည်) ကို မြန်မာပြည် ပြန် ရောက်အောင် ခေါ်ဆောင်နိုင်ပြီး အောင်မြင်တဲ့ ဂီတပွဲတွေ တင်ဆက်ပေးနိုင်ခဲ့တဲ့အတွက် ယခုတဖန် မေဆွိကို မြန်မာပြည် ပြန်လည် ခေါ်ဆောင်ပြီး မေဆွိရဲ့ ရွှေရတု အထိမ်းအမှတ် မွေးနေ့ ကျရောက်တဲ့နေ့မှာ အမှတ်တရ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ မေဆွိကို ချစ်ကြတဲ့ ဂီတချစ်သူများ တခဲနက် လာရောက် အားပေးခဲ့ကြပြီး မေဆွိရဲ့ ရွှေရတုမွေးနေ့လည်း ဖြစ်လို့ လက်ဆောင် ပန်းစည်းတွေကလည်း လူတိုင်း ကိုယ်စီလက်ထဲမှာ တော်တော်များများ ပါလာကြပါတယ်။ ရွှေရတ ဂီတပွဲမှာ တေးဂီတများနဲ့ တီးခတ်ပေးခဲ့ကြတာကတော့ အင်ပါယာတေးဂီတအဖွဲ့ပဲ ဖြစ်ပါတယ်။ မေဆွိက ပထမဆုံး အဖွင့်သီချင်းအဖြစ် ကိုကို မကောင်းဘူး သီချင်းနဲ့ စတင် ဖျော်ဖြေပေးခဲ့ပါတယ်။ အဲဒီနောက်မှာ အပျိုစင်၊ လေညာအရပ်က အချစ်၊ ပန်းပေးပါတယ် စတဲ့ သီချင်းများကို ဆက်တိုက် သီဆိုပေးခဲ့ပြီး ဟဲလေးနဲ့အတူ အဖော်မွန် သီချင်းကို အတွဲညီညီ သီဆိုပေးခဲ့ပါတယ်။ ဆက်လက်ပြီး မေဆွိက ချစ်သူရဲ့သီချင်း ဖျော်ဖြေပေးပြီးတဲ့နောက် တေးသံရှင် ရေဗက္က၀င်းက မေဆွိရဲ့ အိပ်ဆေးမရှိ သီချင်းကို ဖျော်ဖြေပေးခဲ့ပါတယ်။

မေဆွိရဲ့ ရွှေရတုမွေးနေ့ ကျရောက်တဲ့ပွဲဖြစ်လို့ စင်မြင့် ပရိုဂျက်တာမှာ မေဆွိ အောင်မြင်ခဲ့တဲ့ ဂီတမှတ်တမ်းများကို အမှတ်တရ ပြသပေးခဲ့ပြီး အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ပေးကြတဲ့ ဆန်းထွဋ်နဲ့ နန်းဆုကေဆွမ်တို့က မေဆွိနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ တင်ပြပေးခဲ့ကြသလို ဒီနေ့ညမှာလည်း မေဆွိက သီချင်း ဖွင့်ပြီး ဟန်လုပ် သီဆိုမှာ မဟုတ်ဘဲ တကယ့် မူရင်း အသံနဲ့ ကိုယ်တိုင် သီဆိုပေးသွားပါမယ်လို့လည်း ကြေညာပေးခဲ့ပါတယ်။ မေဆွိက ဂီတသက်တမ်း ၃၆ နှစ်အတွင်း တေးစီးရီးပေါင်းများစွာ၊ တေးသီချင်းပေါင်းများစွာ၊ ပြန်ဆိုတေးပေါင်းများစွာ သီဆိုဖူးခဲ့သူဖြစ်လို့ သူ့အစီအစဉ်မှာ သူ့သီချင်းများထဲက မြူးမြူးကြွကြွ သီချင်းတွေရော၊ အလွမ်းအဆွေးသီချင်းတွေရော၊ မြန်မာသံသီချင်းများပါ စုံလင်အောင် သီဆိုပေးခဲ့ပါတယ်။ ဒါ့အပြင် ဟိန်းဝေယံနဲ့ မင်းကလွဲပြီး၊ စိုးပြည့်သဇင်နဲ့ မနဲ့ မောင်၊ မိခင် ဒေါ်မြင့်မြင့်ခင်နဲ့ ဧရာဝတီ၊ ရဲအောင်နဲ့ ရှေးရေစက် သီချင်းများ၊ စုံတွဲ သီဆိုပေးခဲ့ပါသေးတယ်။ ရဲအောင်နဲ့ မေဆွိက သရုပ်ဆောင် လုပ်စဉ်ကတည်းက အတွဲညီခဲ့ကြသူတွေဖြစ်လို့ ရှေးရေစက်ကို စုံတွဲ သီဆိုရာမှာ လိုက်ဖက်သလို အပေးအယူလည်း မျှခဲ့ကြပါတယ်။ စကားဝါမြေ သီချင်းကို သီဆိုပေးတဲ့ အစီအစဉ်မှာ မေဆွိက မြန်မာ အမျိုးသမီးဝတ်စုံနဲ့ လှလှပပ ၀တ်ဆင် သီဆိုခဲ့ပြီး နောက်ခံဆိုင်းကိုတော့ အကယ်ဒမီ ပူပူနွေးနွေး ရရှိထားတဲ့ မြန်မာပြည်ကျောက်စိမ်းက တီးခတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် စည်သူလွင်နဲ့ ရင်ခုန်ရင် အချစ်၊ L ဆိုင်းဇီနဲ့ လေစိမ်းတွေ တိုက်နေတယ်၊ တေးသံရှင် ထားနဲ့ လှေကလေး၊ ဇော်ဝင်းထွဋ်နဲ့ အဝေးမသွားနဲ့ အချစ်၊ ရွှေရောင် အိမ်မက်များ၊ သီရိဆွေက ဂစ်တာတီးပေါ့ ကိုကိုရယ်၊ သီချင်းများ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

နောက်ဆုံးပိတ်မှာတော့ မေဆွိရဲ့မိခင် ဒေါ်မြင့်မြင့်ခင်ရဲ့ နားပန်းဆံ သီချင်းကို အားလုံး စုံစုံညီညီ သီဆိုပေးခဲ့ကြပြီး ရွှေရတု မွေးနေ့ ဂီတပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ရွှေရတုမွေးနေ့ ကျရောက်တဲ့နေ့ဖြစ်လို့ စင်မြင့်ပေါ်မှာ မေဆွိ မိခင်ကြီး ဒေါ်မြင့်မြင့်ခင်နဲ့ မိသားစုများ ခြံရံပြီး ကိတ်မုန့် လှီးခဲ့ကြသလို တက်ရောက် သီဆိုပေးကြတဲ့ တေးသံရှင်များ၊ မိတ်ဆွေများကလည်း Happy Birthday သီချင်း သံပြိုင် သီဆိုပြီး မေဆွိမွေးနေ့ကို ဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။ FM Bagan မှ အမျိုးသမီးလေးများက မေဆွိရဲ့ ပရိသတ်အားလုံး သုံးဆောင်လို့ရအောင် ကိတ်မုန့်များကို လိုက်လံ ဝေငှပေးခဲ့ကြတာ တွေ့ခဲ့ရပါတယ်။
The Light of Rays Journal No. 694, Page 18

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁၈ မှ

The Light of Rays Journal No. 694, Page 20

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၂၀ မှ

အဆိုတော် - မေဆွိ ရွှေရတုမွေးနေ့ - Feb 24 2012 01:02 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005