အနုပညာမျိုးစုံနဲ့ စတင်ခဲ့တဲ့ အသောက စာကြည့်တိုက်

အလင်းတန်းဂျာနယ် အမှတ် ၆၉၄ စာမျက်နှာ ၁၄ မှ
သုတ၊ ရသ၊ ကလေးစာပေ၊ မှီငြမ်းစာအုပ်များ၊ အထ္ထုပ္ပတ္တိစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ကဏ္ဍစုံလင်စွာနဲ့ အသောက စာကြည့်တိုက်သစ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က အသောကဗိမာန်၊ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်တဲ့နေ့မှာ စာကြည့်တိုက် ရန်ပုံငွေအဖြစ် ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့သလို ကဗျာရွတ်ပွဲ၊ စာပေဟောပြောပွဲများကိုလည်း အဲဒီနေ့မှာပဲ ကျင်းပပေးခဲ့ပါတယ်။
ဓာတ်ပုံ မင်းထက်မောင်၊ ထွန်းဝင်းငြိမ်း၊ မြတ်သန္တာဦး၊ A မွန်၊ စိုင်းဇော်၊ ရွှန်းလဲ့၊ ဧခိုင်၊ နန်းသီရိလွင်၊ မြတ်မင်းခန့်တို့ ပါဝင် ပြသတဲ့ ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆နာရီအထိ ခင်းကျင်း ပြသခဲ့ပါတယ်။ ကဗျာရွတ်ပွဲကိုတော့ ညနေ ၃ နာရီကနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ကဗျာဆရာ သစ္စာနီ၊ မင်းထက်မောင်၊ မိုဃ်းဇော်၊ နိုင်သစ်နီ၊ ဟိန်းမြတ်ဇော်၊ ဇော်လူစိမ်း၊ မနော်ဟရီ၊ မိုးဒေ၀ါ၊ လင်းသဏ်ညီ၊ A မွန်၊ အောင်ပိုင်စိုး၊ ငုအိမ်ထက်မြတ်နဲ့ မွေးနေ့ပွဲကို အသောကဗိမာန်မှာ လာရောက် ကျင်းပခဲ့ဖူးတဲ့ ပေါ်ဦး (ခ) မင်းကိုနိုင်တို့က ပါဝင် ရွတ်ဆိုပေးခဲ့ကြပါတယ်။ ည ၇ နာရီကနေ စတင် ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာတော့ စာရေးဆရာ ကြည်မင်း (ခ) ကျော်စောမင်း၊ ကာတွန်းဆရာ အော်ပီကျယ်၊ ကဗျာဆရာ K ဇော် (ခ) မန္တလေး သိန်းဇော်တို့က ဟောပြောခဲ့ကြပါတယ်။
အသောက စာကြည့်တိုက်ကို တနှစ်ခန့် အချိန်ယူ ပြင်ဆင်ခဲ့တာဖြစ်ပြီး မြန်မာ၊ အင်္ဂလိပ်စာအုပ်ရေ ၂,၀၀၀ ခန့်နဲ့ စုစည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဘာမင်ဂမ်ဆရာတော် ဘဒ္ဒန္တ ဥတ္တရဉာဏက ဦးစီး ဖွင့်လှစ်ပြီး ၀င်းကျော်နဲ့ လူငယ်အဖွဲ့ဝင် ရှစ်ဦးက ပူးပေါင်း ဆောင်ရွက်တယ်လို့ သိရပါတယ်။ အသောက စာကြည့်တိုက်ကို မဖွင့်လှစ်ခင်မှာ လူမှုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ”အသောက ဖောင်ဒေးရှင်း ” ကို ၂၀၀၉ ခုနှစ် မေလ ၁၈ ရက်နေ့က စတင် တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ အသောက ဖောင်ဒေးရှင်းကနေပြီး ကွန်ပြူတာသင်တန်း နွေရာသီ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာ၊ သင်္ချာ မိတ်ဆက် သင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး လူငယ်ဆိုင်ရာ စွမ်းဆောင်ရည်မြင့် သင်တန်းများကိုလည်း ဖွင့်လှစ်ဖို့ ရှိတယ်လို့ သိရပါတယ်။ အသောက ဖောင်ဒေးရှင်းနဲ့ စာကြည့်တိုက်မှ ၀င်းကျော်က ”အဓိကကတော့ အခုလို စာကြည့်တိုက် လုပ်တယ်ဆိုတာက ကျွန်တော်တို့ တိုင်းပြည် တည်ဆောက်ရေးကာလမှာ လိုအပ်ချက်တခုအနေနဲ့ လုပ်ဖြစ်တာပါ။ ဖြစ်စေချင်တာက စာကို နည်းနည်း ပို ဖတ်စေချင်ပါတယ်။ စာ များများဖတ်မှ ကိုယ့်ဟာကိုယ် သင်ယူတဲ့ အလေ့အထ ရှိမှာပါ။ စာအုပ်ဆိုတာ ကျွန်တော်တို့ လူတယောက်နဲ့ တယောက်ကြားမှာ ကြားခံ ပေးလိုက်တာပါ။ ဘ၀အတွက် လိုအပ်တဲ့ အရည်အချင်းတချို့ကို စာအုပ်ထဲကမှ ရနိုင်တာပါ။ ဒါကြောင့် ဒီအလုပ်တွေကို လုပ်ဖြစ်တာပါ။ နောင်လည်း ဆက်လုပ်သွားဦးမှာပါ ” လို့ ပြောပြခဲ့ပါတယ်။
အသောက စာကြည့်တိုက် အပတ်စဉ် ဗုဒ္ဓဟူးနေ့မှအပ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။
စာပေ - အာသောက စာကြည့်တိုက် - Feb 22 2012 07:02 PM EST

သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012