Top Advertisement
စေတနာ၊ မေတ္တာ၊ ကရုဏာတွေနဲ့ ရန်ပုံငွေ ဖျော်ဖြေပွဲ
The Light of Rays Journal No. 693, Page 10

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ ၁၀ မှ

HIV ဝေဒနာရှင်များအတွက် အေးမြမေတ္တာအဖွဲ့ရဲ့ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂ရက်နေ့က ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကရုဏာလရိပ်အဖွဲ့နဲ့အတူ HIV/ AIDS ဝေဒနာရှင်များ ပြုစု စောင့်ရှောက်ရေးအဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပြီး ပြုလုပ်တဲ့ပွဲ ဖြစ်ပါတယ်။

ဝင်ကြေး အခမဲ့ ၀င်ရောက်ကြည့်ရှုတဲ့ ပရိသတ်တိုင်း တတ်စွမ်းသမျှ ပါဝင် လှူဒါန်းနိုင်တဲ့ ပွဲမှာ အလှူငွေ စုစုပေါင်း သိန်း ၂၁,၀၂၆,၀၀၀ ကျပ်၊ FEC ၂၀၀၊ Euro ၂၀၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ အေးမြမေတ္တာ ရန်ပုံငွေ ဖျော်ဖြေပွဲမှာ Super Lamp က သိန်း ၅၀၊ Sky Net က သိန်း ၃၀၊ The Street Entertainment က ၁၀ သိန်း၊ Nizuro Lady Footwear က ၅ သိန်း မတည် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပါဝင်သီဆိုတဲ့ အဆိုရှင်တွေကထဲက ပွင့်နဒီမောင်ကလည်း ၂ သိန်း ပါဝင် လှူဒါန်းခဲ့သလို ဟန်ဇာမိုးဝင်း၊ သင်ဇာမိုးဝင်း မောင်နှမနဲ့ မိသားစုကလည်း ငွေ ကျပ် ၅ သိန်းကို ဆက်သွယ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စု တိုင်းရင်းသား ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတသမားတွေရဲ့ လက်မှတ်ပါတဲ့ တီရှပ်အင်္ကျီကို လေလံအောင်ခဲ့တဲ့ မာလာဝင်းကလည်း ဒီပွဲမှာ ငွေကျပ် သိန်း ၃၀၊ ကိုရင်လေးက ၂၅ သိန်း၊ မြောင်းမြဒေါ်ချိုက ၅သိန်း၊ ကိုထိန်ဝင်းနဲ့ မမှုမှုမြင့် ငွေကျပ် ၂၅၀, ၀၀၀၊ မင်းကိုနိုင်က Euro ၂၀၀ နဲ့ မြန်မာ ငွေကျပ်၂၁၀,၀၀၀၊ မြအေးက ၁၀၀,၀၀၀၊ မဖြူဖြူသင်း (HIV/AIDS Prevention & Cate Centre ) ငွေ ကျပ် ၁၀၀,၀၀၀ ကို ပေးအပ် လှူဒါန်းခဲ့ကြပြီး အေးမြမေတ္တာအဖွဲ့မှ လက်ခံရယူခဲ့ပါတယ်။ သွေးမေတ္တာအဖွဲ့ကလည်း ပွဲတော်မှာ အမှတ်တရ တီရှပ်များ ရောင်းချခဲ့ပြီး ရရှိခဲ့တဲ့ အလှူငွေ ၅၁၅,၀၀၀ ကျပ်ကို ပြန်လည် ပေးလှူခဲ့တယ်လို့ သိရပါတယ်။ အေးမြမေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ” မြန်မာလူမျိုးတွေရဲ့ စေတနာ၊ ကရုဏာ၊ မေတ္တာ ကြီးမားပုံကို ဒီပွဲမှာ သေသေချာချာ တွေ့လိုက်ရတယ်။ လာကြည့်တဲ့ ပရိသတ်ကြီးကလည်း အရမ်းကို စည်းကမ်းတကျနဲ့ အားပေးခဲ့ကြတယ်။ အခုလို အားပေးတာဟာလည်း ဒီပွဲအတွက် အလှူတခုပါ ပဲ။ အရမ်း ကျေးဇူးတင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
The Light of Rays Journal No. 693, Page 10

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ ၁၀ မှ

အနုပညာ - ဆောင်းဦးလှိုင် ရန်ပုံငွေ ဖျော်ဖြေပွဲ - Feb 19 2012 11:13 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005