Top Advertisement
လူမှုရေးအလုပ်တွေ လုပ်ဖြစ်နေတဲ့ Me N Ma Girls
The Light of Rays Journal No. 693, Page 14

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ ၁၄ မှ

ဖေဖော်ဝါရီလ ၂ ရက် ကျင်းပတဲ့ HIV/ AIDS ကာကွယ် ကုသ၊ ပြုစု စောင့်ရှောက်ရေး ရန်ပုံငွေ၊ ဂီတ ဖျော်ဖြေပွဲမှာ ချစ်လိုက်တော့ သီချင်းကို သီဆိုပြီး၊ အနုပညာ ဒါနပြုခဲ့ကြသူတွေကတော့ Me N Ma Girls အဖွဲ့ဝင်တွေဖြစ်တဲ့ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီဆိုတဲ့ ကောင်မလေးတွေ ပါ။ Me N Ma Girls အဖွဲ့အနေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ သွားပြီး HIV ဝေဒနာရှင်တွေကို သီချင်းတွေ ဆိုပြတာမျိုး၊ အားပေးစကား ပြောတာမျိုးတွေ လုပ်ဖြစ်နေခဲ့တာ အချိန်အတော်လေးကြာပြီလို့ ဆိုရမှာပါ။ Tiger Girls အဖွဲ့အနေနဲ့ ဂီတလှုပ်ရှားမှုတွေ လုပ်နေတဲ့အချိန်မှာကတည်းက ပရဟိတအလုပ်တွေ ဆက်တိုက် လုပ်ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်း ပရဟိတအလုပ်တွေ လုပ်ကြရာမှာတော့ မိဘမဲ့ကလေးတွေအတွက် ရည်ရွယ် လှူဒါန်းတာမျိုးတွေ ပိုပြီး လုပ်ဖြစ်လာတယ်ဆိုတဲ့ ချာချာ (ဆုပြည့်မှူးအိမ်) က ”ချာချာတို့ တယောက်ချင်းစီမှာတော့ စိတ်အားထက်သန်မှုတွေ အမျိုးမျိုး ရှိတာပေါ့ နော်။ ဒါပေမဲ့ အားလုံးအတူတူ စိတ်ဝင်စားတာက မိဘမဲ့ကလေးတွေအတွက် လုပ်ပေးရတဲ့ ပရဟိတအလုပ်လေးတွေ ဖြစ်နေတယ်။ မွေးနေ့တွေမှာလည်း ချာချာတို့အားလုံး မိဘမဲ့ကလေးတွေအတွက် အမြဲတမ်း သွားလှူဖြစ်တယ်” လို့ ဆိုပါတယ်။ ချာချာက မေတ္တာသင်္ဂဟအဖွဲ့ရဲ့ လှူဒါန်းမှုတွေမှာ အတူလိုက်ပါ လှူဒါန်းလေ့ ရှိသူ ပါ။ နောက်ပိုင်း လှူဒါန်းမှုတွေမှာ တယောက်တည်းအနေနဲ့ မဟုတ်ဘဲ Me N Ma Girls အဖွဲ့အနေနဲ့ စုစုစည်းစည်း ပူးပေါင်း ပါဝင် လှူဒါန်းကြဖို့ ဆုံးဖြတ်ထားတယ်လို့ ချာချာက ပြောပါတယ်။ သီချင်း မြူးမြူးကြွကြွလေးတွေ သီဆိုပြီး ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ၀တ်စားဆင်ယင်လေ့ ရှိကြပေမယ့် Me N Ma Girls အဖွဲ့ဝင် အားလုံးရဲ့ ရင်ထဲမှာ ပရဟိတစိတ်ဓာတ်တွေ ကိန်းအောင်းနေပါတယ်လို့လည်း ပြောသွားပါသေးတယ်။
အဆိုတော် - Me N Ma Girls - Feb 19 2012 11:09 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005