Top Advertisement
ကျက်သရေ ရှိချင်လို့ပါ
The Light of Rays Journal No. 693, Page 14

အလင်းတန်းဂျာနယ် အမှတ် ၆၉၃ စာမျက်နှာ ၁၄ မှ

အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်းခမ်းလှိုင်နဲ့ သူငယ်ချင်းဖြစ်သူ ခင်စန္ဒာမြင့်တို့ ပူးပေါင်း ထုတ်လုပ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ရုပ်ရှင်ဇာတ်ကားက ၂၀၁၀ ပြည့်နှစ်အတွက် ဇာတ်ကားဆုအဖြစ် ချီးမြှင့်ခံရတာပါ။ ဇာတ်ကားဆုကို တက်ယူတဲ့အခါ စိုင်းစိုင်းခမ်းလှိုင်ရော စင်ပေါ်တက်ပြီး ဘာကြောင့် မယူတာလဲလို့ မေးတဲ့အခါ ”Heart & Soul ထုတ်လုပ်ရေးမှာ ခင်စန္ဒာမြင့်က ခေါင်းဆောင် ပါ။ အဲဒီတော့ ခေါင်းဆောင်က စင်ပေါ် တက်ယူရမှာပေါ့” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။ တော်တော် စွန့်စားပြီး ရိုက်ခဲ့ရသလို စွန့်စား ကြိုးစားတဲ့အပေါ် ပရိသတ်များက အသိအမှတ်ပြု အားပေးခံရပြီး အကယ်ဒမီဆု ဆိုတာကို ရတဲ့အတွက် စိုင်းစိုင်းက ပီတိ ဖြစ်ရပါတယ်။ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ၀ိုင်းက ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကိုတော့ ဒါရိုက်တာ ၀ိုင်းက တက်ရောက်လာခြင်း မရှိပါဘူး။ ”ကျွန်တော်တို့ အာဒမ်၊ ဧ၀၊ ဒသရဲ့ ဦးဆောင်သူက ကိုဝိုင်း ပါ။ ကျွန်တော်ကတော့ ကိုဝိုင်းကို အကယ်ဒမီ ရစေချင်ပါတယ်။ သူသာ ရမယ်ဆိုရင် ၀မ်းသာမှာပါ ” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။ ဒါရိုက်တာ ၀ိုင်းသာ ဒီပွဲကို တက်လာရင် ပိုပြီး ပျော်စရာကောင်းမှာလားဆိုတဲ့ မေးခွန်းကိုတော့ စိုင်းစိုင်းခမ်းလှိုင်က ကျွန်တော် မဖြေတတ်ပါဘူးလို့ ပြောပြခဲ့ပါတယ်။ Heart N Soul ရှပ်ရှင်ထုတ်လုပ်ရေးက စွန့်စားလို့ရတဲ့ အကျိုးအမြတ်တခုကနေ ထပ်ပြီး စွန့်စားရတဲ့ ရုပ်ရှင်ကား ထပ် ရိုက်ဦးမှာ ပါ။ စိုင်းစိုင်းခမ်းလှိုင်က ဒီနှစ်မှာ မောင့်ကျက်ရေ ခေါင်းပေါင်း၊ တိုက်ပုံ၊ ပုဆိုးတို့နဲ့ ပွဲတက်တာ ဖြစ်ပါတယ်။ ”ဆံပင်လည်း ရှည်နေတယ်။ ကျွန်တော် ဇာတ်ကားရိုက်မလို့ အရှည်ထား ထားတာ။ ဖြီးလို့ အဆင်မပြေတာနဲ့ ခေါင်းပေါင်း ပေါင်းထားတာ။ ကျက်သရေလည်း ရှိချင်လို့ပါ” လို့ ၀တ်စုံနဲ့ ပတ်သက်ပြီး စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့ပါသေးတယ်။
မင်းသား - စိုင်းစိုင်းခမ်းလှိုင် အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် - Feb 19 2012 11:04 PM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005