Top Advertisement
စေတန်ရဲ့ ကချေသည် ဖြစ်သွားတဲ့ ၀ိုင်း
The Light of Rays Journal No. 691, Page 6

အလင်းတန်းဂျာနယ် အမှတ် ၆၉၁ စာမျက်နှာ ၆ မှ

လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ဇာတ်ညွှန်းရေးပြီးထားတဲ့ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ကားကို ဒါရိုက်တာ ၀ိုင်းက ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ နေတိုး၊ သက်မွန်မြင့်၊ စည်သူမောင်၊ ဇင်ဝိုင်းစတဲ့ သရုပ်ဆောင်များ ပါဝင် ရိုက်ကူးထားကြတာပါ။ စေတန်နတ်ဆိုးတကောင်လို ဆိုးတဲ့ နေတိုးက သက်မွန်မြင့်ကို စေ့စပ်တောင်းရမ်းတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကူးရာမှာ ဒါရိုက်တာဝိုင်းက နှစ်ရက် အချိန်ယူ ရိုက်ကူးတယ်လို့ သိရပါတယ်။ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ၀ိုင်း ကိုယ်တိုင် ရေးသားထားတာပါ။ ဇာတ်ညွှန်းပိုင်းကို သေချာ ပြင်ဆင် ရိုက်ကူးတဲ့ ဒါရိုက်တာ ၀ိုင်းက ”ဒီကားအတွက် ဇာတ်ညွှန်းရေးတာ အမှတ်တရ ရှိတယ်။ ဒီကားရဲ့ ဇာတ်ညွှန်းရေးချိန်မှာ လက်ပံအတွက် ပြဿနာ ဖြစ်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျွန်တော့်အတွက် စိတ်တွေ ညစ်ညူးနေတာ။ ဒီလောက်ထိ စီစဉ်ပြီးခါမှ ဘာ့ကြောင့် ဒီလို ဖြစ်ရလဲဆိုပြီး ရင်ထဲမှာ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်နေတဲ့အတွက် ပေါက်ကွဲမှုတခုအနေနဲ့ ဒီ ဇာတ်ညွှန်းကို ရေးတာ။ အဲဒါ ရေးတဲ့အချိန် ငါ ဒီထက် လုပ်နိုင်တယ်ကွာဆိုတဲ့ စိတ်လေးတခု ထည့်လိုက်တဲ့အချိန်မှာ မထင်မှတ်တဲ့ အရာတွေ တွေ့ရတယ်။ ကိုယ် လုပ်ချင်တဲ့ စိတ်၊ တွန်းအားတွေ ပေးနေတဲ့ စိတ်တွေက ဒီကားကို ကူညီ ပံ့ပိုးပေးလိုက်သလို ဖြစ်သွားတယ်” လို့ အမှတ်တရ ဖြစ်မှုအကြောင်း ဆိုပါတယ်။

”စေ့စပ်ပွဲကို နှစ်ရက် အချိန်ယူရိုက်တာကြောင့် ဇာတ်သိမ်းခန်းကို ငါးရက်လောက် အချိန်ယူ ရိုက်ရမယ်လို့ ထင်ပါတယ်။ ဇာတ်သိမ်းခန်းမှာ လူတရာကျော် နှစ်ရာလောက် သုံးပြီး ပန်းခြံတခုမှာ ရိုက်ကူးရမှာကြောင့် ဖြစ်တယ်” လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။ ဒါရိုက်တာ ၀ိုင်း က နောက်ထပ် ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားများက အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ရုပ်ရှင်ကားရဲ့ အောင်မြင်မှု အရှိန်အ၀ါကို ကျော်စေရမယ်လို့ မှတ်ချက်ချထားပါတယ်။ ဒါရိုက်တာ ၀ိုင်းက ရိုက်နေကျပုံစံတွေထဲက ခွဲထွက်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေတာပါ။ စေတန်ရဲ့ကချေသည် ရုပ်ရှင်ဇာတ်ကားကို သုဝဏ္ဏမြို့နယ်ထဲက ရပ်ကွက်တခုရဲ့ လူရှင်းတဲ့ လမ်းပေါ် နေပူကျဲကျဲမှာ ရိုက်ကူးနေတာ တွေ့ခဲ့ရပါတယ်။ စေ့စပ်ပွဲကနေ ထွက်ပြေးတဲ့ သက်မွန်မြင့်က စည်သူမောင်ရဲ့ စက်ဘီးကို နင်းပြေးပါတယ်။ စက်ဘီးယူသွားတဲ့ သက်မွန်မြင့်နောက်ကို စည်သူမောင်က လိုက်သလို စေ့စပ်ပွဲက ထွက်ပြေးတာကြောင့် နေတိုးကလည်း လိုက်ပါတယ်။ ဒီ ဇာတ်ဝင်ခန်းကို နေပူကျဲကျဲကြီးမှာ သရုပ်ဆောင်၊ ဒါရိုက်တာများက ကြိုးစား ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားကို ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာပါ။
ရုပ်ရှင် - စေတန်ရဲ့ ကချေသည် သက်မွန်မြင့် ၀ိုင်း နေတိုး - Feb 14 2012 12:35 AM EST
EntertainmentPage
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005