ဆဲဗဲန်းဂျူလိုင် (7 July) လူသတ်ပွဲ အထူး ဆက်သွယ် မေးမြန်းခြင်း

မြန်မာစစ်အစိုးရ (တော်လှန်ရေးကောင်စီ) ဟာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က မြန်မာ့သမိုင်းရဲ့ ဆိုးဆိုးရွားရွား အမည်းစက်ကြီးတခု ကို ကျူးလွန်ခဲ့ပါတယ်။ သမိုင်းဝင် ဆဲဗဲန်းဂျူလိုင် လူသတ်ပွဲလို့ အမည်တွင်ခဲ့တဲ့ ထို ဖြစ်ရပ်ကြောင့် အပ်တိုတချောင်းမှ မရှိတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား အသက်ဆုံးရှုံးခဲ့ပြီး သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီး ဗုံးခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ထို ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကိုယ်တွေ့ကြုံခဲ့သူ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ၁၉၆၂ ကျောင်းသားသမဂ္ဂမျိုးဆက် ဒေါ်ခင်မာအေး (တကသခေါင်းဆောင် ဦးလှရွှေရဲ့ ဇနီး) အား ယနေ့မြန်မာဝိုင်းတော်သား မင်းကြီးညိုက ၂၀၀၂ တွင် အောက်ပါအတိုင်း ဆက်သွယ် မေးမြန်းထားပါတယ်။

၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသူတဦးဖြစ်သူ ဒေါ်ခင်မာအေးအား ဆက်သွယ်မေးမြန်းချက်