နာဂိုယာမြို့၌ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော်ကို ဂုဏ်ပြု




ဂျပန်နိုင်ငံ၊ နာဂိုယာမြို့ကို ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဇ၀နအား ဂုဏ်ပြုပွဲကို ၂၀၁၂၊ ဒီဇင်ဘာ ၂ ရက်နေ့က Myoo Hon Ji ဂျပန် ဘုရားကျောင်းတွင် ကျင်းပခဲ့ပါတယ်။ ထိုဂုဏ်ပြုပွဲကို Myoo Hon Ji ကျောင်းက ဂျပန်လူမျိုး ဘိက္ခုနီ Majima san မှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပါတယ်။

ထို ဂုဏ်ပြုပွဲတွင် ဆရာတော်ဦးဇဝနအား နေ့ဆွမ်း ဆက်ကပ်ကြပြီးနောက် နေ့လည် တနာရီအချိန်တွင် Myoo Hon Ji ကျောင်း ကျောင်းခန်းမ၌ အခမ်းအနားကို စတင် ကျင်းပရာ ဆရာတော်က မေတ္တာသုတ် ရွတ်ဖတ်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားပါတယ်။ ထို့နောက် ငလျှင်ဘေးကြောင့် သေဆုံးခဲ့ရတဲ့ ဂျပန် အမျိုးသား အမျိုးသမီးများနဲ့ မြန်မာ့ဒီမိုကရေစီအရေးတွင် အသက်ပေး စွန့်လွှတ်ခဲ့ကြတဲ့ မြန်မာလူမျိုးအပေါင်းတို့အား ရည်စူးပြီး အမျှပေးဝေ ရေစက်ချပါတယ်။

ထိုနောက် အခမ်းအနား ဦးဆောင်ကျင်းပသူ Majima san က ဆရာတော်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးပြီး ဧရာဝတီ အင်တာနက်စာမျက်နှာနဲ့ အခြား အင်တာနက်စာမျက်နှာများတွင် ဆရာတော် ရေးသားခဲ့တဲ့ ဆောင်းပါးများထဲက အသံဖြင့် တရင်းတနှီး ဆောင်းပါးနှင့် အတွေးဇာတ်ဆောင်၏ အိမ်ပ်မက်ခရီးရှည် ဆောင်းပါး နှစ်ပုဒ်ကို ဂျပန် ဘာသာပြန်ပြီး ရွတ်ဆို ဂုဏ်ပြုပါတယ်။ ထို ရွတ်ဆိုမှုကို MIYAJIMA TO MO KO က အသံဖြင့် ရွတ်ဖတ်ပေးပြီး KATO MASAHIRO က တီးလုံးဖြင့် ကူညီ ပုံဖော်ပေးကာ ရွတ်ဖတ်မှုအပြီးတွင် ပရိသတ်များက သြဘာလက်ခုပ်တို့ဖြင့် အားပေးကြပါတယ်။

ဆရာတော် ဦးဇဝနဟာ ၁၉၉၃ ခုနှစ်အတွင်း ဂျပန်လူမျိုး ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ ပါမောက္ခ ယိုဇိုယိုကိုတာ မြန်မာပြည် လာရောက်စဉ်က သံဃာတော်များအပေါ် စစ်အစိုးရ၏ လူ့အခွင့်ရေး ချိုးဖောက်မှု မှတ်တမ်းများ ပေးခဲ့မှု၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အားပေးကူညီခဲ့မှုတို့ကြောင့် ထောင်ကျခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်ဟာ အင်စိန်ထောင်၊ သာယာဝတီထောင်၊ တောင်ငူထောင်တို့၌ ၁၆ နှစ်ကြာ ထောင်ကျခဲ့ပါတယ်။ ထောင်မှ လွတ်ပြီးနောက် ဆရာတော် တည်ထောင်ခဲ့တဲ့ ရွှေပြည်သာမြို့၊ ရွှေပြည်သာ ပရိယတ္တိ စာသင်တိုက်တွင် ပြန်လည် သီတင်းသုံးခွင့် မရတော့သလို စစ်ထောက်လှမ်းရေးရဲ့ အမျိုးမျိုး အနှောက်အယှက်ပေးမှုကြောင့် ထောင်မှလွတ်ပြီး နှစ်လအကြာတွင် ပြည်ပကို ထွက်ခွာလာခဲ့ရကြောင်း သိရပါတယ်။
ဓါတ်ပုံ သတင်း - Pay Respect to Former Political Prisoner Burmese Buddhist Monk in Nagoya - Dec 5 2012 01:34 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005