မန္တလေးတွင် ဆေးကုသနေကြရတဲ့ သံဃာတော်များ




မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စနစ်တကျ မီးလောင်တိုက်သွင်း၊ အကြမ်းဖက်မှုဒဏ်ကို ခံလိုက်ကြတဲ့ သံဃာတော်များနဲ့ လူပုဂ္ဂိုလ်များအား ကနဦးက မုံရွာဆေးရုံတွင် ဆေးကုသခဲ့ပြီး နောက်ပိုင်းတွင် မန္တလေးဆေးရုံကြီးကို ပို့ဆောင် ဆေးကုသခဲ့ကြပါတယ်။ မီးလောင်ဒဏ်ရာများကြောင့် (၂၀၁၂၊ ဒီဇင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ နာရီ စာရင်းများအရ) စုစုပေါင်း သံဃာ တရာကျော်နဲ့ လူ ၁၀ ဦးခန့် ဆေးရုံတက်ခဲ့ရာ ဒီဇင်ဘာ ၄ ရက်နေ့က သံဃာ ၃၂ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦး ဆေးရုံမှ ဆင်းခဲ့ကြပါတယ်။ ကျန် သံဃာ အပါး ၇၀ နဲ့ အမျိုးသမီးကြီးတဦး ဆေးကုသမှု ခံနေကြရပါတယ်။ ဆေးကုသမှု ခံနေကြရတဲ့ သံဃာများအနက် ဒုတ်နဲ့ အရိုက်ခံရတဲ့အတွက် အတွင်းကြေဒဏ်ရာ ရရှိသွားတဲ့ ကိုရင်သဇ္ဖနက အောက်စီဂျင်နဲ့ အသက်ရှူနေရပါတယ်။ ဆည်တည်းကျေးရွာက အမျိုးသမီးကြီးတဦးကတော့ ခြေထောက်တွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိခဲ့ပါတယ်။
ဓါတ်ပုံ သတင်း - Buddhist Monks was burned and hospitalized by Burmese Police's Terrible Crackdown - Dec 4 2012 03:41 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005