ဓမ္မဝိဟာရ သာသနာ့ရိပ်သာ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ




ဓမ္မဝိဟာရ သာသနာ့ရိပ်သာတွင် တည်ထားကိုးကွယ်မယ့် ဗုဒ္ဓရုပ်ပွားတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာပွဲကို အမေရိကန်ပြည်ထောင်စု 15525, SE, Powell Blvd, Portland, OR 97236 ရှိ အဆိုပါကျောင်း၌ ၂၀၁၂၊ နိုဝင်ဘာ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။ ထို ဗုဒ္ဓရုပ်ပွားတော်နဲ့ ပုလ္လင်တော်ကို မြန်မာပြည်က ပင့်ဆောင်ခဲ့ပြီး နိုဝင်ဘာ (၂၅) ရက်နေ့ အရုဏ်မှာ အနေကဇာတင်ကာ သံဃာတော် (၇) ပါးအား အရုဏ်ဆွမ်း ကပ်လှူကြပါတယ်။

ထို ဗုဒ္ဓါဘိသေက အနေကဇာပွဲကို အော်ရီဂွန် ဓမ္မဝိဟာရ သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင် သီလာစာရ၊ အရှင် သစ္စ၊ ဒုလ္လဘရဟန်းတော် ဦးအိန္ဒပါလ၊ ဝါရှင်တန်ပြည်နယ် မဟာစည်သာသနာ့ရိပ်သာက အရှင် တိက္ခဉာဏ၊ ဝါရှင်တန်ပြည်နယ် တိပိဋကကျောင်းက အရှင် နန္ဒသာရ၊ နီဗားဒါးပြည်နယ် လာ့စ် ဗေးဂက်စ်၊ ဇေယျဓမ္မရိပ်သာမှ အရှင် ဥတ္တရ၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဝိဟာရကျောင်းမှ အရှင်ဝိသုတ စသည်ဖြင့် စုစုပေါင်း သံဃာ (၇) ပါး ကြွရောက် ချီးမြင့်တော်မူပါတယ်။

ဆရာတော်များမှ တရားနာပိရိသတ်များအား စုပေါင်းတရားဟောရာမှာ သာသနာပြုနိုင်ရေးအတွက် ကျောင်းများ တည်ထောင်၊ တည်တံ့၊ တိုးတက်ရေးလုပ်ရမည့်အကြောင်း။ မမြဲသော (ငါ) စိတ်ကို ဖျောက်၍ နာမည်ရရေး၊ အာဏာရရေး ဖယ်ခွာကာ ကုသိုလ်ရရေးကို ရှေးရှု လုပ်ဆောင်သင့်ကြောင်း။ ဆရာ - ဒကာ ညီညွတ်မှ သာသနာ တည်မြဲရန် လုပ်ဆောင်နိုင်ကြောင်း သြဝါဒဆုံးမတရားများ ဟောကြားခဲ့ပါတယ်။ ထို့အပြင် စေတီ (၄)မျိုး ဖြစ်သော ဓာတုစေတီ၊ ဓမ္မစေတီ၊ပရိဗောဂစေတီ၊ ဥဒ္ဒိဿစေတီများ ဖြစ်ပေါ်လာပုံအကြောင်းကိုလည်း ထည့်သွင်းဟောကြားပြီး ရေစက်ချ အမျှပေးဝေကာ တရားပွဲကို ရုတ်သိမ်းခဲ့ပါတယ်။

တရားနာအပြီးတွင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ရှိုင်းကိုကိုဦးမှ ဗုဒ္ဓရုပ်ပွားတော်နဲ့ ပလ္လင်အလှုရှင်စာရင်းများကို ဖတ်ကြားကြေညာပြီး စုစုပေါင်း ကုန်ကျငွေ (၃,၅၀၀) ဒေါ်လာရှိကြောင်း၊ လက်ရှိ ကောက်ခံရရှိငွေမှာ (၂,၁၀၀) ဒေါ်လာသာ ရှိသေး၍ ဆက်လက် လှူဒါန်းမည့်သူများကို ဖိတ်ခေါ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ထိုနောက် ကျောင်တွင်းတည်ထားကိုးကွယ်မည့် မဟာဗောဓိညောင်ပင်အား နံ့ သာ၊ တယော်ရည်များ ပက်ဖျန်း ပြီး ပူဇော်ပွဲ ဆက်လက်ကျင်းပခဲ့သေးတယ်။

ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနဲ့ မဟာဗောဓိညောင်ပင် တည်ထားကိုးကွယ်ခြင်း မင်္ဂလာပွဲကို အော်ရီဂွန် ဓမ္မဝိဟာရသာသနာ့ရိပ်သာ ဂေါပက ကိုအိုက်စံ၊ ရှိုင်းကိုကိုဦးနဲ့ အဖွဲ့ ဝင်များအပြင် အော်ရီဂွန်မှ ဓမ္မမိတ်ဆွေ များ၊ ဆီယက်တဲလ်နှင့် ကနေဒါနိုင်ငံ ဗန်ကူးဗားက ဓမ္မမိတ်ဆွေများ စုပေါင်း ကုသိုလ်ပြုခဲ့ကြပါတယ်။ ဘုရား ဆွမ်းကပ်ခြင်း၊ သံဃာများအား အာရုဏ်ဆွမ်း၊ နေ့ ဆွမ်းကပ်ခြင်း၊ ဧည့်ပိရိသတ်များအား ကျွေးမွေး ဧည့်ခံခြင်းများကို ဂေါပကအဖွဲ့ နဲ့ အော်ရီဂွန် စေတနာရှင်များက ဒါနပြုခဲ့ကြတာ ဖြစ်ပါတယ်။
ဓါတ်ပုံ သတင်း - Burmese Religious event @ Dhamma Vihara Monastery - Dec 4 2012 02:56 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005