လူမှုရေးသူရဲကောင်းများနဲ့ အော်ရီဂွန် မြန်မာမိသားစုများ တွေ့ဆုံ




ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း၊ ရန်ကုန်) နဲ့ တေးရေး၊ တေးဆို ဆောင်းဦးလှိုင်တိုနဲ့ အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်ရောက် မြန်မာမိသားစုများနဲ့ တွေ့ဆုံပွဲကို ၂၀၁၂၊ နိုဝင်ဘာ ၂၄ ရက် (စနေနေ့) က 10301 NE Glisan street, Portland, OR 97220 ရှိ IRCO ခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဒီ တွေ့ ဆုံပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း အော်ရီဂွန်ဌာနခွဲ တာဝန်ခံ ကိုထွန်းထွန်းက ကြီးမှူးစီစဉ်ပြီး အဖွဲ့ ဝင်တွေဖြစ်တဲ့ ကိုမျိုးဝင်းမြိုင်၊ ကိုကျော်ကျော်၊ ကိုဦးတို့ ပံ့ပိုး ကူညီခဲ့ကြပါတယ်။ သူတို့ သုံးဦးဟာ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ လော့စ် အိန်ဂျလိစ်၊ လာ့စ် ဗေးဂတ်စ် အပါအ၀င် အမေရိကန်ပြည်ထောင်စုရှိ မြို့ရှစ်မြို့က မြန်မာမိသားစုများနဲ့ တွေ့ဆုံခဲ့ပြီး ပေါ့တ်လန်းမြို့ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဖြေဖျော်မှုအစီအစဉ်များအပြီးမှာ ဆရာမဒေါ်သန်းမြင့်အောင်၊ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုဆောင်းဦးလှိုင်တို့ ရဲ့ ကိုယ်ရေးရာဇဝင်များကို ကိုကျော်ကျော်က မိတ်ဆက် ဖတ်ကြားပေးပါတယ်။

ပြည်တွင်း လူမှုရေးဆောင်ရွက်ချက်များအကြောင်းနဲ့ ပတ်သက်ပြီး ဦးရဲလွင်က သူရဲ့အတွေ့ အကြုံများကို ဦးစွာ ရှင်းလင်း ပြောကြားရာမှာ “ကချင်ပြည်နယ်စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များကို ကူညီရန် ရန်ကုန်ရှိ ကော်ဖီဆိုင်များကို သွားရောက် တီးမှုတ် သီဆိုကာ အလှူငွေ ကောက်ခံခဲ့ကြောင်း၊ ပထမဆုံး ကောက်ခံရရှိငွေကို မန္တလေး စိမ်းရောင်စိုအဖွဲ့ သို့ ဆက်သွယ် ပေးအပ် လှူနိုင်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ အလားတူပွဲများ စီစဉ်လာခဲ့တာ ယခုအချိန်အထိဖြစ်ကြောင်း၊ မိမိတို့က မေတ္တာဖြင့် လုပ်ဆောင်နေခြင်းဖြစ်၍ ပြည်သူများထံက မေတ္တာ ပြန်ရကြောင်း၊ တချို့နေရာများမှာ မိမိတို့ လှုပ်ရှားသူများကို တိုက်ရိုက် ဖိအားပေး မခံရသော်လဲ လက်ခံသူ လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကို ဖိအားပေး နှောက်ယှက်မှုများ ကြုံတွေ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိရကြောင်း“ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကိုဆောင်းဦးလှိုင်ကတော့ မြန်မာပြည်သူတွေမှာ စီးပွားရေး ကျပ်တည်းမှု၊ ကျန်းမာရေး ဝန်ဆောင်မှု အားနည်းခြင်းနဲ့ ပညာရေးဖွံ့ ဖြိုးမှုများ လိုအပ်မှုများ ရှိနေရာ ပရဟိတလုပ်ဆောင်မှုများ အထူး လိုအပ်နေကြောင်း၊ ထို့ ကြောင့် ပြည်ပနေထိုင်ကြသူများအနေနဲ့ အကူအညီများ ဆက်လက် ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဆရာမဒေါ်သန်းမြင့်အောင်ကလဲ မြန်မာပြည်သူများမှာ အစစအရာရာ လူမှုရေးလိုအပ်ချက်များရှိနေ၍ လူမှုရေး အပြင် စိတ်ဓာတ်ခွန်အားပါ လိုအပ်နေကြောင်း၊ မိမိတို့ စာပေပညာရှင်များမှ မျိုးဆက်သစ်များကို အသိပညာများ ဖွံ့ ဖြိုးလာရန် လုပ်ဆောင်ရန်လိုကြောင်း၊ အချို့ နေရာများတွင် မိမိတို့ စာပေဟောပြောပွဲများကို စည်းကမ်းနဲ့ အညီ ကြိုတင် အကြောင်းကြားထားသော်လည်း ခွင့်မပြုသည့်နေရာများ ကြုံတွေ့ ဖူးကြောင်း၊ မိမိတို့ သည် ပြည်သူများလိုနေတဲ့ လူမှုရေး ပညာရေးများကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်၍ ပြည်ပနေ မြန်မာနိုင်ငံသားများ၊ စေတနာရှင်များရဲ့အကူအညီ များစွာ လိုအပ်ပါကြောင်း၊ ယခု အမေရိကန်ပြည်ထောင်စုရောက် မြန်မာမိသားစုများ လှူဒါန်းလိုက်တဲ့ငွေများကို ရခိုင်ပြည်နယ် ဘေးဒုက္ခရောက် ပြည်သူများအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ပေးအပ် လှူဒါန်းမှာဖြစ်ပြီး ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများအတွက် (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ကို ပေးအပ် လှူဒါန်းမှာဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ကြပါတယ်။

ထို့ နောက် ပြည်သူ့ ဂုဏ်ရည်အသင်းက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား မမာလာသိန်း၊ ဦးရဲလွင် (မဇ္ဈိမလှိုင်း) အား ကိုကိုလေး၊ ကိုဆောင်းဦးလှိုင်အား ကိုမျိုးဝင်းမြိုင်တို့က အသီးသီး ပေးအပ် ဂုဏ်ပြုခဲ့ကြပါတယ်။ ပွဲကျင်းပနိုင်ခြင်းနဲ့ ပတ်သက်ပြီး ကိုသန်းဝင်းက ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ပုဂ္ဂလိက လှူဒါန်းငွေ (၂,၂၉၉) ဒေါ်လာ၊ လက်မှတ်ရောင်းရငွေ (၁,၂၅၅) ဒေါ်လာ၊ ဈေးရောင်းလှူဒါန်းငွေ (၁,၀၃၅) ဒေါ်လာ ရရှိခဲ့ပြီး စုစုပေါင်း အမေရိကန်ငွေ (၄,၅၈၉) ဒေါ်လာကို ပန်းခရမ်းပြာအိပ်မက်များအဖွဲ့ကို ပေးအပ် လှုဒါန်းနိုင်ခဲ့ကြောင်း သိရပါတယ်။ အလှုငွေများ ပေးအပ်ပြီးနောက် ပေါ့လန်း၊ ဆီယက်တဲလ်၊ ဗန်ကူးဗားဘီစီ (ကနေဒါ) က မြန်မာအရေးလှုပ်ရှားသူများက ပန်းခရမ်းပြာအဖွဲ့ ကို ကြိုးကြာသံသီချင်းဖြင့် စုပေါင်း သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။
ဓါတ်ပုံ သတင်း - Burmese Activists meet Oregon Burmese Community - Dec 4 2012 02:45 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005